မြန်မာပြည် သယံဇာတ ကိစ္စ ရွှေဂတ်စ် လူပ်ရှားမူ အဖွဲ့ ဘန်ကောက်တွင် သတင်းစာ ရှင်းလင်းပွဲလုပ်

မောင်ရမ္မာ
------------
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့များကို မြန်မာပြည်ကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန် ပြည်နယ်ထိ ပိုက်လိုင်းသွယ်တန်းကာ တရုတ်နိုင်ငံသို့ ထုတ်ရောင်းနေခြင်းနှင့် ပတ်သက်ပြီး ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။


shwe-gas-Sold-Out
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရွေဂတ်စ်လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ နိုင်ငံခြားသား သတင်းထောက်များ အသင်း ခန်းမတွင် စက်တင်္ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ၁၂နာရီထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရွေဂတ်စ်လှုပ်ရှားမှုအဖွဲ့တာဝန်ခံ ကိုဝင်း အောင်က နိရဉ္စရာသို့ ပြောသည်။

" ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ တိုင်းပြည်တွင်းမှာရှိတဲ့ သယံ ဇာတ ပစ္စည်းတွေကို စစ်အစိုးရက ထုတ်ရောင်းနေတဲ့အတွက်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိ၊ တိုင်းပြည်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာတွေ၊ တိုင်းပြည် ခုလို မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ ဒီလုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ရတာ ဖြစ်ပါတယ်။"

သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာပြည်သူများ သိရှိစေရန် ရည်ရွယ်ပြီင်္း Sold Out (အကုန်ရောင်းတဲ့မူဝါဒ) အစီရင်ခံစာတစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ အဆိုပါ အစီရင်ခံစာတွင် ယခုကဲ့သို့ ပြင်းထန်နေသည့် တိုက်ပွဲ ပဋိပက္ခအကြားမှာပင် တရုတ် နိုင်ငံသည် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို အရှိန်အဟုန်မြင့် တိုးချဲ့ လုပ်ကိုင်နေခြင်းသည် ပြည်သူများအတွက် အလွန်စိုးရိမ်မှုကြီးတရပ် ဖြစ်ပါကြောင်း ဖေါ်ပြထားသည်။

၎င်းအပြင် ရခိုင်ဒေသခံများကို စစ်တပ်နှင့် ရဲတို့၏ အဓမ္မခိုင်းစေခံနေခြင်း၊ တရုတ် ဝန်ထမ်းများက အမျိုးသမီး များကို စော်ကားခြင်း၊ စီမံကိန်းပါ ကုမ္ပဏီများက ဒေသခံအာဏာပိုင်များနှင့် ပေါင်း၍ လယ်မြေများကို လျော်ကြေး အနည်းငယ်ပေးကာ သိမ်းယူခြင်းများ ပြုလုပ်နေသည်ဟု အစီရင်ခံစာတွင် ဓာတ်ပုံ၊ စာရွက်စာတမ်း မိတ္တူများနှင့် တကွ ဖော်ပြထားသည်။

အစိုးရအနေဖြင့် ဂတ်စ်ပိုက်လိုင်းဖြတ်သန်းသွားမည့် တိုင်းရင်းသားဒေသများတွင် တည်ငြိမ်အေးချမ်းမှု ရှိမှ လုပ်ဆောင်သင့်သည်ဟု ကိုဝင်းအောင်က ပြောသည်။

" တိုင်းရင်းသား ဒေသတွေမှ မငြိမ်မသက်မှုတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြည်သူတွေ အနေနဲ့ လည်း လုံခြုံရေး အတွက် အခက်အခဲ ဖြစ်နေကြတယ်။ နိုင်ငံရေး အကျပ်အတည်းတွေလည်း ဖြစ်လာ နေတယ်။ အခုလို ဖြစ်နေတာဟာ ရေရှည်မှာ အထူးစိုးရိမ်စရာ ဖြစ်တဲ့ အတွက် အခုအချိန်မှာ တရုတ် အစိုးရ အနေနဲ့ ဆက်မလုပ်သင့်ပါဘူး။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ၊ ဒေသခံတွေ ပူးပေါင်း ပါဝင်မှုနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်လာမှုတွေ၊ တာဝန်ယူမှု တာဝန်ခံမူတွေ ရှိဖို့ လိုအပ် ပါတယ်။ အဲဒီ အချိန်ကာလ မရောက်သရွေ့ ခုလို သယံဇာတတွေကို ရောင်းထုတ်နေတာ ရပ် တန့် ထားသင့်ပါတယ်။"

ယခု တည်ဆောက်မည့် ဂတ်စ်ပိုက်လိုင်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် တရုတ်မှ တည် ဆောက်နေသော Crude Oil Tanker Port ရေနံတင် ဆိပ်ကမ်းမှ စပြီး ပြည်တွင်း၌ ကီလိုမီတာ ၈ဝဝ ခန့် ဖြတ် သွားမည် ဖြစ်ပြီး ထိုမှတဆင့် ရေနံသန့်စင် စက်ရုံ တည်ရှိမည့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် မြို့တော် ကူမင်ထိ ဆက်သွယ်ဖေါက်လုပ်မည့် ပိုက်လိုင်းဖြစ်သည်။ 


http://www.narinjara.com/detailsbur.asp?id=3455
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။