ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့် ပတ်သက်သည့်လေ့လာချက် (၃)

ဆရာကြီးဦးရွှေဇံ

အပိုင်း(၂) အင်္ဂလိပ်လက်အောက် ရခိုင်တိုင်း

၁၈ ရာစုနှောင်းပိုင်း

၄၇။ ။ အင်္ဂလိပ်များ အိန္ဒယနိုင်ငံတွင် (၁၇)ရာစုအစောပိုင်းမှစတင်၍ ကုန်ကူးသန်းရောင်းဝယ် ရေးလုပ်ကိုင်သည့် အရှေ့အိန္ဒိယကုမ္ပဏီဖြင့်ထိုးဖောက်ဝင်ရောက်လာကာ ခရစ်သက်ကရာဇ် ၁၇၆၅ ခုနှစ်တွင် မဂိုအင်ပါယာပိုင်၊ ဘုရင်ရှားအာလမ်ထံမှ ဘင်္ဂလားဘီဟာနှင့် အောရစ္စပြည်နယ်တို့ကို အုပ်ချုပ်ခွင့်ရရှိသည်တွင် အိန္ဒိယတနိုင်ငံလုံးကို စိုးမိုးသွားပါတော့သည်။ ဤသို့စိုးမိုးသွား ပြီးနောက် ရခိုင်ပြည်နယ်ဖက်သို့ တိုးချဲ့လာရန်ရှိလာချိန်တွင် မြန်မာဘုရင်က ရခိုင်ပြည်နယ်ကိုသိမ်းပိုက်လိုက်သောကြောင့် အင်္ဂလိပ်နှင့် မြန်မာတို့မှာ ထိပ်တိုက်ရင်ဆိုင်ရသည့် အခြေအနေပေါ်ပေါက်လာတော့သည်။

၁၉ ရာစုအစပိုင်း

၄၈။ ။ မြန်မာနှင့်အင်္ဂလိပ်တို့သည် နယ်မြေခြင်းထိတွေ့နေရသဖြင့် မကြာခဏ အငြင်းပွားမှုများ၊ အချင်းပွားမှုများဖြစ်ခဲ့ပါသည်။ မြန်မာဘုရင်အား ပုကန်ခဲ့သောရခိုင်များကို အင်္ဂလိပ်တို့က ခုံလှုံခွင့်ပေးခဲ့ကာ ပင်းဝါတွင်မြို့တည်၍ထားခဲ့ပါသည်။ မြန်မာဘက်မှ အင်္ဂလိပ်တို့အား ပုန်ကန်သူ(၃)ဦးအား ဖမ်းဆီးလွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်ကို လိုက်လျှော့လုပ်ကိုင်ပေးခဲ့ပါသည်။ နောက်ပိုင်းတွင် အင်္ဂလိပ်မြန်မာတို့၏ ဆက်ဆံရေးမှာ တင်းမာလာခဲ့ပါသည်။ ဤသို့ရှိနေစဉ် အရှေ့အိန္ဒိယ ကုမ္ပဏီနှင့် သစ်ထုတ်လုပ်မှုကိစ္စ များတွင် မြန်မာဘက်မှ ဖမ်းဆီးအရေးယူမှုများကြောင့် အေဒီ-၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်တို့က မြန်မာကိုစစ်ကြေငြာတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ပါသည်။ (၂)နှစ်ကြာစစ်ပွဲ ဖြစ်ပွားပြီးနောက် အေဒီ-၁၈၂၆ ခု၊ ဖေဖော်ဝါရီလ(၂၄) ရက်နေ့တွင် ရန္တပိုစစ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကာ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်နှင့်တနင်္သာရီကမ်း မြောင်ဒေသတို့ကို အင်္ဂလိပ်တို့အား ပေးအပ်ခဲ့ရပါသည်။ အင်္ဂလိပ်တို့က ထိုဒေသများကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် သွတ်သွင်းကာ အုပ်ချုပ်ခြင်းပြုခဲ့သည်ကိုခံရပါသည်။

အင်္ဂလိပ်လက်အောက် အိန္ဒိယဗဟိုအစိုးရအုပ်ချုပ်မှုအောက်သို့ရောက်ရှိခြင်း။

၁၉ ရာစုအလယ်ပိုင်း

၄၉။ ။ အေဒီ-၁၈၅၈ ခုနိုဝင်ဘာ(၁)ရက်နေ့တွင် အိန္ဒိယနိုင်ငံကို အရှေ့အိန္ဒိယကုမ္ပဏီ၏ အုပ်ချုပ်မှုအောက်မှနေ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်အောက်သို့ လွှဲပြောင်းရယူကြောင်း အင်္ဂလိပ်အစိုးရက ကြေငြာခဲ့ပါသည်။ သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံ၏ စိတ်အပိုင်တခုအဖြစ် သွတ်သွင်းသတ်မှတ်ခြင်းခံရသည့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီကမ်းမြောင်ဒေသတို့သည်လည်း၊ အင်္ဂလိပ်အစိုးရအုပ်ချုပ်မှုအောက်သို့ ရောက်ရှိပါခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ဗဟိုအစိုးရရုံးစိုက်ရာမြို့မှာ ထိုစဉ်ကမြန်မာနိုင်ငံနှင့် ကပ်လျှက်ရှိသော ဘင်္ဂလားပြည်နယ်ရှိ ကာလာကတ္တားမြို့ ဖြစ်သည်ကိုတွေ့ရပါသည်။

စစ်တွေမြို့ကိုတည်ထောင်ခြင်း

၅၀။ ။ အင်္ဂလိပ်တို့သည် ရခိုင်ပြည်နယ်ကိုသိမ်းပိုက်ပြီးသည့်နောက် ခရစ်သက်ကရာဇ် -၁၈၂၇ ခုနှစ်တွင် စစ်တွေမြို့ကို တည်ထောင်ကာ အုပ်ချုပ်ခဲ့ပါသည်။ စစ်ဘေးဒဏ်ကြောင့် စစ်တကောင်း၊ ဘင်္ဂလားစသည်တို့ကိုပြေးဝင်ခိုလှုံခဲ့ကြသော ရခိုင်များသည် စစ်တွေစသော တည်ထောင်စမြို့များသို့၎င်း၊ မိမိတို့နေရင်းဒေသများသို့၎င်း၊ ပြန်လည်ဝင်ရောက်လာခဲ့ကြပါသည်။ ၁၈၃၁ ခုနှစ် လူဦးရေစာရင်းအရ စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူခရိုင်တို့တွင် လူဦးရေမှာ တစ်သိန်းကျော်ခန့်မျှသာရှိခဲ့သည်။

စူးအက်တူးမြောင်းဖောက်လုပ်ခြင်းနှင့်အတူ အင်္ဂလိပ်များသည် ရခိုင်တိုင်းအတွင်းသို့ ဘင်္ဂါလီကုလားများကို ခေါ်ယူမှုစတင်ခြင်း

၅၁။ ။ အင်္ဂလိပ်များသည် စီးပွားရေးအမြတ်ထုတ်ရေးအတွက် မြန်မာနိုင်ငံသို့ဝင်ရောက်လာသည်ဖြစ်ရာ ရှိသည့်မြေများတွင်စိုက်ပျိုးထုတ်လုပ်ရန် တိုင်းရင်သားများ၏ လုပ်အားဖြင့် အားရတောင့်တိမ်းခြင်းမရှိတော့သဖြင့် အိန္ဒိယနိုင်ငံမှ လယ်သမား အလုပ်သမားများကို ရယူဘို့စီစဉ်ဆောင်ရွက်လာပါသည်။ ၁၈၆၉ -ခုနှစ်တွင်စူးအက်တူးမြောင်း ဖောက်လုပ်လိုက်သည်နှင့်အတူ ကမ္ဘာ့ဆန်ဈေးများ ကောင်းမွန်လာသဖြင့် အင်္ဂလိပ်များသည် ရခိုင်ပြည်နယ်အတွင်သို့ စစ်တကောင်း ဘင်္ဂလားတို့မှ ဘင်္ဂါလီ-မူဆလင်များကိုနည်းအမျိုးမျိုးဖြင့်ခေါ်ယူလုပ်ကိုင်ခြင်းပြုခဲ့ပါသည်။

၁၉ ရာစုနှောင်းပိုင်း

၅၂။ ။ အင်္ဂလိပ်များသည် ၁၈၇၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံသားကုလားများအား လယ်သမားများ အဖြစ်ခေါ်ယူနေရာချထားရန်စီစဉ်ခဲ့ပါသည်။ အထောက်အထားများအရ ထိုစဉ်က မြေလွတ်ရိုင်းများ ကိုဂရံပေးရာ၌ စည်းကမ်းချက်တချက်မှာ ဂရံရရှိသူသည် ဂရမ်မြေဒေသ၏ ပြင်ပတွင်နေထိုင်သူဖြစ်စေ ရမည်ဟူသော အချက်ဖြစ်သည်။ ဂရန်-၄၂-ခုထုတ်ပေးခဲ့ရာ၌ မောင်တောမြို့နယ်တွင် ဂရမ်-၁၅-ခုနှင့် ဘူးသီးတောင်မြို့နယ်တွင် ဂရန်-၉-ခုဖြစ်ကြောင်းတွေ့ရှိရပါသည်။ သို့ဖြစ်၍လည်း ၎င်းမြို့နယ်များတွင် ဘင်္ဂါလီ မူဆလင်များအစိုင်အခဲနှင့် အခြေစိုက်နေထိုင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

အလုပ်သမားအက်ဥပဒေတစ်ရပ်ပြဌာန်းခြင်း။

၅၃။ ။ နိုင်ငံခြားသားကုလားများသည် လယ်သမားများအဖြစ် နေထိုင်ကြသလို လယ်ယာအလုပ်သမားများအဖြစ် လာရောက်လုပ်ကိုင်ကြပြီး အခြေစိုက်နေထိုင်ကြသူများက နေထိုင် အိန္ဒိယနိုင်ငံသို့လုပ်ငန်းရာသီကုန်ဆုံးချိန်တွင် ပြန်သူကပြန်ကြကြောင်း တွေ့ရှိရသဖြင့် အင်္ဂလိပ်များသည် ၁၈၇၆ ခုနှစ်တွင် အလုပ်သမားအက်ဥပဒေတရပ်ကို ပြဌာန်းလာခဲ့ပြန်သည်။ ဤအက်ဥပဒေအရ အိန္ဒိယနိုင်ငံသားအလုပ်သမားများကို ရယူခြင်းထက် ပြင်ပကန်ထရိုက်တာတို့မှ တဆင့်ရယူခြင်းကလွယ်ကူသဖြင့် လယ်ယာပိုင်ရှင်နှင့် အင်္ဂလိပ်လက်ဝေခံ အရင်းရှင်တို့က လွယ်ကူသောနည်းကို အသုံးပြုကြသဖြင့် ထိုအလုပ်သမားအက်ဥပဒေမှာ အဓိပ္ပါယ်မရှိဖြစ်ခဲ့ပါသည်။



ဘင်္ဂလီကုလားများကို သယ်ယူရန် အင်္ဂလိပ်တို့က သင်္ဘောကုမ္ပဏီများဖွင့်လှစ်ခြင်း။

၅၄။ ။ ထိုအလုပ်သမာအက်ဥပဒေပြဌာန်းသည့် ၁၈၇၆ နှစ်တွင် အက်ဥပဒေအရမဟုတ်ပဲ အလွတ်သဘော မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသူ၊ နိုင်ခြားသား ကုလားဦးရေမှာ ၁၅၀၀၀ ကျော်ခန့်ရှိကြောင်းနှင့်၊ နောက်ပိုင်းနှစ်များတွင်လည်း နှစ်စဉ် ၁၅၀၀၀ ကျော်ခန့်ရှိသည်ဟုဆိုပါသည်။ (British India Steam Navigation Company) ခေါ်အင်္ဂလိပ်ပိုင် သင်္ဘောကုမ္ပဏီက အိန္ဒိယနိုင်မှ မြန်မာနိုင်ငံသို့ အဆိုပါ အိန္ဒိယနိုင်သားကုလားအလုပ်သမားများကို တစ်ဦးတည်းသယ်ပို့လုပ်ကိုင်လျှက်ရှိရာ ၁၈၈၀ ခုနှစ်တွင် တည်ထောင်သော (Asiatic Steam Navigation Company) ခေါ် အရင်းရှင်သင်္ဘောကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်လာသဖြင့် သင်္ဘောခများလျှော့ချခြင်းများပြုလျှက် အပြိုင်အဆိုင်လုပ်ကိုင်လာကြကြောင်း အင်္ဂလိပ်တို့အနေနှင့် အလုပ်သမားများများရရှိပြီး မြန်မြန်ဆန်ဆန်စိုက်ပျိုးထုတ်လုပ်ရောင်းချ လိုသည်ဖြစ်သောကြောင့် သင်္ဘောကုမ္ပဏီများအား ထောက်ပံ့ကြေးပေးသည့်အစီအစဉ်ကို အသုံးပြုလာခဲ့ကြောင်းတွေ့ရှိရပါသည်။


ဘင်္ဂလီကုလားများ ရခိုင်သို့ရောက်ရှိလာသည့်ဦးရေ

၅၅။ ။ ၁၈၈၀-၈၁ ခုနှစ်တွင် နိုင်ခြားသားအလုပ်သမား ၄၀၀၀၀ ကျော်မြန်မာနိုင်ငံတွင်းဝင်ရောက်လာခဲ့သည့်အခါ ၁၈၀၀၀ သာအိန္ဒယနိုင်ငံကိုပြန်ကြောင်း၊ ၁၈၈၃-၈၄ ခုနှစ်တွင်ဝင်ရောက်လာသူအလုပ်သမားဦးရေ ၈၃၀၀၀ အထိရှိခဲ့ပြီး ၄၃၀၀၀ မှာမြန်မာနိုင်ငံတွင်နေထိုင်ခဲ့ကြကြောင်းဖေါ်ပြထားပါသည်။ အင်္ဂလိပ်တို့က ကုလားအလုပ်သမားဦးရေ များစွာဝင်ရောက်နေသဖြင့် သင်္ဘောကုမ္ပဏီများအား ပေးနေသည့်ထောက်ပံ့ကြေးကို ရပ်ဆိုင်းလိုက်သော်လည်း မြန်မာနိုင်ငံအတွင်း အထူးအားဖြင့်ရခိုင်ပြည်နယ်ဖက်သို့ ဝင်ရောက်လာကြသော ဘင်္ဂလီမူဆလင်ဦးရေမှာ အရှိန်မလျှော့သွားဘဲ တိုးတက်လာခဲ့ပါသည်။ ၁၉၂၇ ခုနှစ်တွင် ဝင်ရောက်လာသော ကုလားအလုပ်သမားဦးရေမှာ ၄၀၀၀၀ ရှိခဲ့သည့်အနက် ၃၅၀၀၀ ကျော်မှာ အိန္ဒိယနိုင်ငံသို့ပြန်သွားခြင်းမပြုတော့ကြောင်းနှင့် ၎င်းတို့သည် ပွဲစားအငယ်စားများ၊ လှေသင်္ဘောများ၊ လယ်လုပ်သူ၊ လယ်ကူလီစသည်ဖြင့် လုပ်ကိုင်နေကြကြောင်း တွေ့ရှိရပါသည်။


စိုက်ပျိုးရေးနှင့်လုပ်ငန်းအတွက် တနှစ် ၂ ကြိမ် ဘင်္ဂါလီကုလားများကိုခေါ်ယူခြင်း။

၅၆။ ။ အင်္ဂလိပ်အစိုး၏ ဆက်စပ်လျှက်ရှိသောလုပ်ငန်းများ တိုးချဲ့ရေးပေါ်လစီများတွင် လိုအပ်ချက်အရ ဘင်္ဂလားပြည်နယ်မှ နိုင်ငံခြားမူဆလင်များ လာရောက်ကြရာ၌ ရာသီအလိုက်ကူလီလုပ်သူများမှာ စပါးစိုက်ပျိုးချိန်တွင် တစ်ချိန်၊ စပါးရိတ်သိမ်းချိန်တွင် တစ်ချိန် အများအပြားနှစ်စဉ်လာရောက်လေ့ရှိကြပြီး အချို့သည်ရခိုင်ပြည်နယ်တွင် အခြေစိုက်နေထိုင်လျှက် ရှိနှင့်ပြီးသော ဘင်္ဂါလီမူဆလင်များနှင့် အဆက်အသွယ်ရယူကာ ဘင်္ဂလားသို့မပြန်တော့ဘဲ ဆက်လက်နေထိုင်ကြပါသည်။ ဤသို့ဝင်လာသူများမှာ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာသွားလာနိုင်ခွင့်ရှိကြောင်းနှင့် လာရောက်ရာ၌ လည်း စရိတ်ကုန်ကျမှုနည်းခြင်း၊ အချိန်မကြာဘဲရောက်နိုင်ခြင်း၊ လွယ်ကူမှုရှိခြင်းစသည်တို့ကြောင့် ဘင်္ဂါလီးအများအပြား လာရောက်ခြင်းဖြစ်ကြောင်းဖော်ပြထားပါသည်။

ဘူသီးတောင်နှင့် မောင်တောကိုဆက်သွယ်ရန် ရထားလမ်းဖောက်လုပ်ခြင်း။

၅၇။ ။ အင်္ဂလိပ်တို့သည် ၎င်းတို့လိုအပ်သော အလုပ်သမားများကို ဈေးပေါပေါနှင့်လိုအပ်သလို ရရှိရန် မော်တော်သင်္ဘောများကို စီစဉ်ပြေးဆွဲပေးခဲ့ပါသည်။ ယင်းသင်္ဘောများမှာလည်း အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်ရောင်းချသော မော်တော်သင်္ဘောများဖြစ်ကြပါသည်။ ၎င်းအပြင် မီးရထားလမ်းဖောက်လုပ်ရန်စီမံခဲ့သော မေယုမြစ်ပေါ်ရှိ ဘူးသီးတောင်နှင့် နပ်(ပ်)မြစ်ပေါ်ရှိ မောင်းတောကိုဆက်သွယ်သည့်ရေနွေးငွေ့သုံး ရထားပြေးဆွဲခဲ့ကြောင်း ဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။

ဘင်္ဂလီမူဆလင်များ၏စရိုက်အကျင့်

၅၈။ ။ ဤစစ်တကောင်းသား ဘင်္ဂါလီမူဆလင်နှင့် ပတ်သက်သောစိတ်ဝင်စားဖွယ်ဖြစ်သည့် စရိုက်အကျင့်ကိုလည်း မှတ်တမ်းတင်ထားပါသည်။ ကောင်းသောစရိုက်အကျင့်တို့မှာ ၎င်းတို့သည်ငွေကိုချွေတာသုံးစွဲတတ်ပုံနှင့် အလုပ်ကိုမပျင်းမရိ ကြိုးစားအားထုတ်လုပ် ကိုင်တတ်ပုံတို့ဖြစ်ပါသည်။ မကောင်းသောအကျင့်စရိုက်မှာ သူတစ်ပါးအား တရားရုံးများတွင်အမှု့အခင်းလုပ်လိုမှုအားသန်ခြင်းဖြစ်ကြောင့်နှင့် ငွေကြေးရရှိမည်ဆိုလျှင် မဟုတ်မမှန်လိမ်လည်ထွက်ဆိုသည့်သက်သေများ ဖန်တီးပြီး အမှုဆင်ခြင်း၊ စသည်တို့လုပ်တတ်လေ့ရှိကြောင့်နှင့် အင်္ဂလိပ်တရားသူကြီးများက မှန်မှန်ကန်ကန်တရားစီရင်နိုင်ရန် အခက်အခဲရှိသည့်အကြောင်းတို့ကို မှတ်တမ်းတင်ထားခဲ့ပါသည်။

...............
မှတ်ချက်=

ဆရာကြီးဦးရွှေဇံ ရေးသားသော "ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့်
ပတ်သက်သည့်လေ့လာချက်" စာအုပ်မှ တိုက်ရိုက်ဖော်ပြခြင်းဖြစ်ပါသည်။
ကျန်ရှိနေသော အပိုင်းများကိုလည်း အလျည်းသင့်သလို ဖော်ပြပေးသွားပါမည်။

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။