ဦးသိန်းစိန် သမ္မတဖြစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်ကို ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်လိုက်သည်။

ဦးသိန်းစိန်က ၄ဝ၈ မဲဖြင့် သမ္မတဖြစ်ကာ၊ ဒုသမ္မတ ၁ နေရာအတွက် သီဟသူရတင်အောင်မြင့်ဦးက ၁၇၁ မဲဖြင့်လည်းကောင်း၊ ဒုသမ္မတ ၂ နေရာအတွက် ဦးစိုင်းမောက်ခမ်းက ၇၅ ဖြင့်လည်းကောင်း ရွေးချယ်ခံကြရခြင်း ဖြစ်သည်။

ယမန်နေ့တွင် ဒုသမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်က
thein-sein
မြန်မာနိုင်ငံ၏ သမ္မတဖြစ်သည့် လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်
ဦးသိန်းစိန်ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်က ဒေါက်တာစိုင်းမောက်ခမ်းကိုလည်းကောင်း၊ တပ်မတော်သား အစုအဖွဲ့က သီဟသူရ ဦးတင်အောင်မြင့်ဦးကိုလည်းကောင်း ရွေးချယ်ခဲ့ရာမှ ယနေ့တွင် သမ္မတကို ဆက်လက်၍ မဲပေးရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။  ၎င်းတို့ ၃ ဦးစလုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များ ဖြစ်ကြသည်။

အသက် ၆၆ နှစ်အရွယ် ဦးသိန်းစိန်မှာ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၈ ဦးမြောက် သမ္မတ ဖြစ်သည်။ ယခင် သမ္မတများမှာ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်နှင့် ဒေါက်တာမောင်မောင်တို့ ဖြစ်သည်။

ဦးသိန်းစိန်သည် ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီးဗိုလ်မှူးကြီး ရာထူးမှ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဧပြီလဆန်းပိုင်းတွင် စစ်တပ်ရာထူးမှ အနားယူခဲ့ပြီး၊ မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့ရာတွင် အနိုင်ရခဲ့သည်။
.............
နယူးဒေလီ (မဇ္ဈိမ)
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။