စစ်တွေ ဆိပ်ကမ်းသစ်ကြောင့် သမိုင်းဝင် မင်းကြီးကျောက်တန်း ပျက်စီး ပျောက်ကွယ်သွားတော့မည်



စစ်တွေမြို့တွင် အသစ် တည်ဆောက်နေသော အိန္ဒိယ ဆိပ်ကမ်းကြောင့် သမိုင်းဝင် သာယာလှပသော မင်းကြီးကျောက်တန်းမှာ များမကြာမှီ ပျက်စီး ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။


Sittwe-seaport-construction စစ်တွေဆိပ်ကမ်းသစ် တည်ဆောက်နေပုံ
စစ်တွေမြို့ကို စတင် တည်ဆောက်စဉ်ကတည်းက မြို့သူ မြို့သားများ အနားယူ အပမ်းဖြေနိုင်ရန် အတွက် ကုလားတန် မြစ်ကမ်းဘေးတွင် မင်းကြီးကျောက်တန်းကို ခိုင်ခန့်သော ကျောက်များဖြင့် တည်ဆောက်ထားခဲ့သည်။ ယခု မင်းကြီးကျောက်တန်း ပျက်စီး ပျောက်ကွယ်သွားတော့မည်ကို မြို့ခံ ပညာတတ် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ စစ်တွေမြို့က အထင်က နေရာ တစ်ခု ဖြစ်တဲ့ မင်းကြီးကျောက်တန်းက နောက်လာမယ့် နှစ်မှာဆိုရင် မရှိတော့ပါဘူး။ အခု အန္ဒိယက အဲဒီမင်းကြီး ကျောက်တန်းရှေ့ တစ်ခုလုံးကို ဆိပ်ကမ်းတည်ဆောက်ဖို့ မြေတွေ ဖို့နေတယ်။ သုံးပုံ တစ်ပုံက ပြီးသွားပြီ ဖြစ်တယ်။ မင်းကြီးကျောက်တန်းကနေပြီး ကုလားတန် မြစ်ဝ အလှအပတွေကိုလည်း မမြင်ရတော့ဘူး။ ဆိပ်ကမ်းတည်ဆောက်နေတဲ့ အတွက် အခု မင်းကြီးကျောက်တန်းကို ခြံကာထားတဲ့အတွက် သာယာလှပတဲ့ ပင်လယ်ဘက် မြင်ကွင်းတွေကို မမြင်ရတော့ ပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ သမိုင်းဝင် နေရာ တစ်ခုအား ဖျောက်ဖျက်ပြီး ဆိပ်ကမ်း တည်ဆောက်ရာတွင် ဒေသခံ စစ်တွေ လူထု၏ သဘောထားကိုလည်း တစုံတရာ ယူဆောင်ခြင်း မရှိကြောင်း သူက ပြောသည်။

Sittwe-seaport-construction
“ စစ်တွေ လူထုရဲ့ သဘောထားကိုလည်း မယူပါဘူး။ သူတို့ လုပ်ချင်သလို လုပ်တာပါဘဲ။ ပြည်သူ အများစုကတော့ မင်းကြီးကျောက်တန်း ပျက်စီး ပျောက်ကွယ်သွားမှာကို မလိုလားပါဘူး။ ဒါပေမယ့် ဘယ်သူမှ မတတ်နိုင်ပါဘူး။ ခုလို မင်းကြီးကျောက်တန်း ပျက်စီး ပျောက်ကွယ်သွားတာဟာ တော်တော့ကို နှမြောစရာ ကောင်းပါတယ်။”

စစ်တွေမင်းကြီးကျောက်တန်းမှာ စစ်တွေ ကမ်းနားလမ်းတွင် တည်ရှိပြီး သာယာလှပသော ရှုခင်းများနှင့် ပင်လယ်ပြင်မှ ဖြတ်တိုက်လာသော လေပြေ လေညှင်းများကြောင့် မြို့သူ မြို့သားများ ညနေပိုင်းတွင် အနားယူ အပန်းဖြေရာ အထူး တန်ဖိုးရှိသော နေရာ တစ်ခု ဖြစ်သည်။

ယခုအခါ အိန္ဒိယမှ အဆိုပါ နေရာတွင် ဆိပ်ကမ်းတည်ဆောက်ရန် မြေဖို့နေပြီး အဆောက်အဦးများ ဆောက်လုပ်ပြီးစီးပါ မင်းကြီးကျောက်တန်းမှာ ပျောက်ကွယ်သွားတော့မည် ဖြစ်သဖြင့် မြို့လူထုမှာ အထူးစိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

: ----------------
(နိရဉ္စရာ သတင်း)
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။