ရခိုင်ပြည်နယ်တောင်ပိုင်းက နံသာကျွန်းမှာရှိတဲ့ ရွံမီးတောင်ပုံတွေပါ။ နံသာကျွန်းက မာန်အောင်ကျွန်းအနီး ပင်လယ်ထဲမှာ တည်ရှိတာပါ။ ကျွန်တော်တို့ စစ်တွေမြို့ရဲ့ တောင်ဘက် မိုင်ပေါင်း ၁၆၂ မိုင်ခန့်မှာ တည်ရှိပါတယ်။ မာန်အောင်ကျွန်းနဲ့ဆိုရင် ၄၇ မိုင်ခန့် ဝေးပါတယ်။ မီးတောင်ရဲ့အချင်းက ၈၂၅ ပေလောက် ရှိပါတယ်။ ချော်ရေတွေက ပင်လယ်ဖက်ကို စီးဆင်းနေပါတယ်။
အခုတင်ပေးထားတဲ့ပုံတွေက ကျွန်တော်ကိုယ်တိုင်ရိုက်ကူးထားတဲ့ ပုံတွေမဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ခင်ရတဲ့ ဦးဘွန်တူး ဆီကနေ လက်ဆောင်ပေးထားခဲ့လို့ တင်ပေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်သွားရောက် ရိုက်ကူး ချင်ပါသေးတယ်။ အခွင့်ရခဲ့လို့ရှိရင်တော့ သွားပါအုံးမယ်။
ဒါပေမယ့်ဒီနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ စစ်တွေမြို့ရဲ့ မိုင် ၂၀ ပတ်လည်နီးပါးလောက်မှာရှိတဲ့ ရွံမီးတောင် တွေတည်ရှိရာတောင်တွေပေါ်သွားလည်ပါအုံးမယ်။
google earth ကနေ ရိုက်ယူထားတဲ့ပုံပါ
..............
ရခိုင်အလှဓာတ်ပုံမြေမှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။