မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ခ်ျဘက်ခြမ်းတွင် ကြက်တုတ်ကွေး တွေ့ရှိ

ထွန်းထွန်း
------------
မြန်မာနယ်စပ်အနီး မောင်တောမြို့နယ်နှင့် မျက်နာချင်းဆိုင် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဘက်ခြမ်းတွင် H5N1 ကြက်ငှက်တုတ်ကွေး ရောဂါ ရှာဖွေတွေ့ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသထုတ် သတင်းစာများတွင် ယနေ့ ဖေါ်ပြသည်။

တက်ကနက်မြို့ အခြေစိုက် ဘင်္ဂဘားဒေ့ခ်ျ နယ်ခြားစောင့် ဗဟိုဌာနချုပ်စခန်းမှ ဗိုလ်မှူးကြီး မိုဟာာမတ် အိုဘီဒူဟာကျူးက ကြက်တုတ်ကွေး ဖြစ်ပွားနေကြောင်း သတင်းဌာနများသို့ ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းကနေ ကြက်တွေသေနေတာကို တွေ့ရတယ်။ ကြက်တွေ သေတဲ့ အရေအတွက်များလာတော့ ကျွန်တော်တို့ ကြက်ရောဂါ စစ်ဆေးရေးဌာနက သွားရောက် စစ်ဆေး ကြည့်တော့ H5N1 ကြက်တုတ်ကွေး တွေ့ရတယ်။ အခု ကာကွယ်ရေး၊ တားဆီးရေးတွေကို ပြုလုပ်နေပါတယ်” ဟုပြောသည်။

တုတ်ကွေး ရောဂါကို ယခုလ ၈ ရက်၊ အင်္ဂါနေ့က မနက်က စတင်တွေ့ရှိခြင်းဖြစ်သည်ဟု သူက ထပ်လောင်း ပြောကြားသည်။

ကြက်တုတ်ကွေးရောဂါ ဓါတ်ခွဲခန်းတွင် စမ်းသပ် ရှာဖွေ တွေ့ရှိ ပြီးနောက် အဆိုပါ ဒေသတွင် ကြက်ကောင်ရေ ၁၂၀၀၀ ကို အချိန်မီသုတ်သင် ရှင်းလင်း ခဲ့ရသည်ဟု သူက ပြောသည်။

ကြက်တုတ်ကွေး ရောဂါကြောင့် ကြက်များကို သုတ်သင်ရှင်းလင်း ပစ်ခဲ့ရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ ထိုက်တန်သည့် နစ်နာကြေးများကို ပေးသည်ဟု တက်ကနက်မှ ဒေသခံရပ်ကွက်လူကြီးတဦး ဖြစ်သူ မာမူက နိရဉ္စရာကိုပြောသည်။

“ဒီနိုင်ငံမှာကြက်တုတ်ကွေးရောဂါ မကြာခဏဆိုသလို ဖြစ်ပွားတာရှိပါတယ်။ ဒါပေမဲ့ သုတ်သင်လိုက်ရတဲ့ အတွက် ဆုံးရုံးသွားတဲ့ ကြက်တန်ဖိုးကို သက်ဆိုင်ရာ အစိုးရ တာာဝန်ရှိသူတွေက တန်ရာတန်ကြေး အဖိုးခပေးပါတယ်။ အဲဒါကြောင့် ကြက်ရောဂါဖြစ်ရင်လည်း သိပ်နစ်နာမှု မရှိပါဘူး” ဟု ပြောသည်။

ယခု ကြက်တုတ်ကွေးရောဂါပိုး တွေ့ရှိရသော နယ်စပ်ဒေသမှာ မြန်မာနိုင်ငံနှင့် ကူးလူး ဆက်ဆံမူ အများဆုံး ရှိသည့် ဒေသဖြစ်သည်။


: -----------------
(နိရဉ္စရာ သတင်း)
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။