စစ်တွေမြို့တွင် ကြက်တုတ်ကွေးကြောင့် ကြက်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသဖြင့် ကြက်မွေးမြူရေး လုပ်သူများ အနေဖြင့် စီးပွားရေး အရ အထူး ထိခိုက်နစ်နာမူ ဖြစ်ပေါ်နေကြရကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့နယ် ဘုမေကျေးရွာမှ ကြက်ခြံတစ်ခုတွင် ဇန္န၀ါရီလ ၁၂ ရက်နေ့က အပြင်းစား ကြက်တုတ်ကွေး Highly Pathogenic Avian Influenza- HPAI (H5N1 virus) ရောဂါပိုးကို ရှာဖွေတွေ့ရှိပြီးနောက် အနီးအနားရှိ ကြက်ခြံများမှ ကြက်များကို ကျန်းမာရေးဌာနနှင့် စည်ပင်သာယာက လာရောက် ရှင်းလင်းပစ်ခဲ့သည်။
“ ကျွန်တော်ကြက်ခြံက ဘုမေကျေးရွာအုပ်စု သဲချောင်းမှာ ရှိနေတော့ ကြက်တွေ အကုန်လုံး အရှင်းခံလိုက်ရပါတယ်။ ဘုမေအုပ်စုတောင်မကပါဘူး။ တခြားနေရာတွေက ကြက်ခြံတွေလည်း အကုန်လုံး ရှင်းလင်းခံခဲ့ရပါတယ်။ ခန့်မှန်းခြေ ကြက်ကောင်ရေ ၅၀၀၀၀နဲ့ ၁၀၀၀၀၀ ကြားမှာ ရှင်းလင်း ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
အဆိုပါ ကြက်ခြံများမှ ကြက်များကို တုတ်ကွေးကြောင့် ရှင်းလင်းပစ်ခဲ့သော်လည်း အစိုးရမှ နစ်နာကြေး အတွက် ငွေကြေးများ တစ်စုံတရာ ထောက်ပံ့ပေးမူ မရှိသလို ချေးငွေများ ထုတ်ချေးပေးခြင်းလည်း မရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလို အစိုးရက ထောက်ပံ့ပေးတာ၊ လျော်ကြေးပေးတာတွေ မရှိပါဘူး။ ဒါကြောင့် ကိုယ်ဖြစ်ရင် ကိုယ်ခံကြရတဲ့ သဘောပါ။ အဲသလို အစိုးရက လျော်ကြေးပေးတာတွေ မရှိတဲ့ အပြင် ကြက်ခြံတွေကို ဆေးဖြန့်တဲ့ အတွက် ရော သုတ်သင်ရှင်းလင်းတဲ့ အတွက်ရော သက်ဆိုင်ရာ အဖွဲ့တွေကို ငွေတွေ ပေးရတာတောင် ရှိပါတယ်” သူက ဆက်ပြောသည်။
ကြက်ခြံများမှ ကြက်များကို သုတ်သင် ရှင်းလင်းပစ်ပြီးနောက် ယခုအခါ တုတ်ကွေး ဖြစ်ပွားနေမူကို မကြားရတော့သဖြင့် ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း မင်းဂံရပ်ကွက်မှ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးက ပြောသည်။
“ တုတ်ကွေးသတင်းက ဘာသံမှ ထွက်မလာတော့ဘူး။ ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်သွားပါပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အပြင်းစား တုတ်ကွေးဆိုတော့ သတိထားပြီး စောင့်ကြည့်နေပါတယ်။ ကြက်၊ ကြက်ဥ စတာတွေကိုလည်း အတင် အသွင်း မလုပ်ရဘူးလို့ ပိတ်ပင်ထားတဲ့ အတွက် အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ယူဆလို့ ရပါတယ်။” ဟု ပြောသည်။
အဆိုပါ တုတ်ကွေးမှာ အိမ်နီးချင်းနိုင်ငံမှ တဆင့် ကူးစက် ပျံ့နှံ့ ရောက်ရှိလာခဲ့ပုံရသည်ဟု အဆိုပါ တိရစ္ဆာန် ဆရာဝန်က ပြောသည်။
: -------------------
(နိရဉ္စရာ သတင်း)
ဘင်္ဂလာဒေခ်ျ့တွင် တုတ်ကွေးကြောင့် ကြက်များကို ဤသို့ သုတ်သင် ရှင်းလင်းပစ်ခဲ့ရသည်။
အမည်မဖေါ်လိုသူ ကြက်မွေးမြူရေး လုပ်သူ တစ်ဦးက “ ကျွန်တော်ကြက်ခြံက ကြက်ကောင်ရေ ၄၀၀၀ သုတ်သင်ခံလိုက်ရပါတယ်။ သိန်း ၁၀၀ နီးပါးထိ နစ်နာသွားခဲ့ပါတယ်။ အစိုးရက ဘာမှ လျော်ကြေးပေးတာတို့၊ ထောက်ပံ့ကူညီပေးတာတို့ မရှိပါဘူး” ဟု ပြောသည်။စစ်တွေမြို့နယ် ဘုမေကျေးရွာမှ ကြက်ခြံတစ်ခုတွင် ဇန္န၀ါရီလ ၁၂ ရက်နေ့က အပြင်းစား ကြက်တုတ်ကွေး Highly Pathogenic Avian Influenza- HPAI (H5N1 virus) ရောဂါပိုးကို ရှာဖွေတွေ့ရှိပြီးနောက် အနီးအနားရှိ ကြက်ခြံများမှ ကြက်များကို ကျန်းမာရေးဌာနနှင့် စည်ပင်သာယာက လာရောက် ရှင်းလင်းပစ်ခဲ့သည်။
“ ကျွန်တော်ကြက်ခြံက ဘုမေကျေးရွာအုပ်စု သဲချောင်းမှာ ရှိနေတော့ ကြက်တွေ အကုန်လုံး အရှင်းခံလိုက်ရပါတယ်။ ဘုမေအုပ်စုတောင်မကပါဘူး။ တခြားနေရာတွေက ကြက်ခြံတွေလည်း အကုန်လုံး ရှင်းလင်းခံခဲ့ရပါတယ်။ ခန့်မှန်းခြေ ကြက်ကောင်ရေ ၅၀၀၀၀နဲ့ ၁၀၀၀၀၀ ကြားမှာ ရှင်းလင်း ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
အဆိုပါ ကြက်ခြံများမှ ကြက်များကို တုတ်ကွေးကြောင့် ရှင်းလင်းပစ်ခဲ့သော်လည်း အစိုးရမှ နစ်နာကြေး အတွက် ငွေကြေးများ တစ်စုံတရာ ထောက်ပံ့ပေးမူ မရှိသလို ချေးငွေများ ထုတ်ချေးပေးခြင်းလည်း မရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလို အစိုးရက ထောက်ပံ့ပေးတာ၊ လျော်ကြေးပေးတာတွေ မရှိပါဘူး။ ဒါကြောင့် ကိုယ်ဖြစ်ရင် ကိုယ်ခံကြရတဲ့ သဘောပါ။ အဲသလို အစိုးရက လျော်ကြေးပေးတာတွေ မရှိတဲ့ အပြင် ကြက်ခြံတွေကို ဆေးဖြန့်တဲ့ အတွက် ရော သုတ်သင်ရှင်းလင်းတဲ့ အတွက်ရော သက်ဆိုင်ရာ အဖွဲ့တွေကို ငွေတွေ ပေးရတာတောင် ရှိပါတယ်” သူက ဆက်ပြောသည်။
ကြက်ခြံများမှ ကြက်များကို သုတ်သင် ရှင်းလင်းပစ်ပြီးနောက် ယခုအခါ တုတ်ကွေး ဖြစ်ပွားနေမူကို မကြားရတော့သဖြင့် ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း မင်းဂံရပ်ကွက်မှ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးက ပြောသည်။
“ တုတ်ကွေးသတင်းက ဘာသံမှ ထွက်မလာတော့ဘူး။ ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်သွားပါပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အပြင်းစား တုတ်ကွေးဆိုတော့ သတိထားပြီး စောင့်ကြည့်နေပါတယ်။ ကြက်၊ ကြက်ဥ စတာတွေကိုလည်း အတင် အသွင်း မလုပ်ရဘူးလို့ ပိတ်ပင်ထားတဲ့ အတွက် အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ယူဆလို့ ရပါတယ်။” ဟု ပြောသည်။
အဆိုပါ တုတ်ကွေးမှာ အိမ်နီးချင်းနိုင်ငံမှ တဆင့် ကူးစက် ပျံ့နှံ့ ရောက်ရှိလာခဲ့ပုံရသည်ဟု အဆိုပါ တိရစ္ဆာန် ဆရာဝန်က ပြောသည်။
: -------------------
(နိရဉ္စရာ သတင်း)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။