ရခိုင်ပြည်အမျိုးသား ညီညွတ်ရေး ပါတီမှ ဥက္ကဌ ဦးပတီးဖြူ လက်နက်ချ သတင်းကို ယနေ့ထုတ် နအဖ စစ်အစိုးရ သတင်းစာများက ဖေါ်ပြသည်။
ဦးပတီးဖြူအား ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီ (အန်ယူပီအေ) တောတွင်း လက်နက်ကိုင် အဖွဲ့မှ ဥက္ကဌ (ဟောင်း) အဖြစ် ဖေါ်ပြပြီး နိုင်ငံတော် အစိုးရ၏ စေတနာမှန်ကို သိမြင်လာသဖြင့် လက်နက်ချခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။
၎င်းအပြင် သူနှင့် အတူ လက်နက်ချသူ ဦးပတီးဖြူ၏ တူတော်သူ အားလည်း ရခိုင်ပြည် အမျိုးသား ညီညွတ်ပါရေး ပါတီ၏ တပ်ကြပ်ကြီး(ဟောင်း) ဦးစန္ဒာသာရ (ခေါ်) ဦးစောထွန်း(ခေါ်) ဦးဥာဏ်လင်းဟု ဖေါ်ပြသည်။
ပါတီရပ်ကွက် သတင်းအရ ဦးစန္ဒာသာရမှာ ဘုန်းကြီး တစ်ပါး ဖြစ်ပြီး ရခိုင်ပြည်တပ်မတော်တွင် တကြိမ်တခါမျှ စစ်မူ မထမ်းဖူးသူဟု သိရသည်။
ဦးပတီးဖြူသည် ဒီဇင်္ဘာလ ၂၄ ရက်နေ့က သူနေထိုင်ရာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဟာရဘင်း ကျေးရွာမှ တဆင့် မောင်တောမြို့ စရဖ အဖွဲ့ထံ သူ့တူတော်သူနှင့် လက်နက်ချသွားခဲ့သည်။
ဦးပတီးဖြူမှာ အသက်အရွယ်ကြီးရင့်လာပြီး ရပ်တည်ပိုင်းဆိုင်ရာ အခက်အခဲ အကျပ်အတည်းကြောင့် ယခုကဲ့သို့ လက်နက်ချသွားခြင်း ဖြစ်ကြောင်း သူနှင့် နီးစပ်သူများက ပြောသည်။
...............
Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။