ဆော်ဒီမင်းသားနှင့် ကြင်ရာတော်တို့မှ ရခိုင်လေဘေးအတွက် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ငွေများ ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
အမေရိကန် ဒေါ်လာ ၅၀၀၀၀ အား ဆော်ဒီမင်းသား HRH Prince Alwaleed Bin Talalr မှ ဂီရိသင့် ရခိုင်ပြည်သူများအား လှူဒါန်းရာ အဆိုပါ ငွေများကို ဆိုဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်က တဆင့် မြန်မာနိုင်ငံ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနသို့ ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဂီရိသင့် ပြည်သူများ ပြန်လည် ထူထောင်ရေး အတွက် အကူအညီ အမေရိကန်ဒေါ်လာ ၅၇ သန်းခန့် လိုအပ်နေပြီ ယခုအချိန်ထိ ဒေါ်လာ ၂၂ သန်းခန့်သာ ရရှိသေးကြောင်း သိရသည်။
ဂီရိသင့် ရခိုင်ပြည်နယ် ဒေသများတွင် ပြည်သူ အများ အပြားမှာ ယခုအချိန်ထိ အိုးအိမ်များ ပြန်လည် မထူထောင်နိုင်ဘဲ ဖြစ်နေပြီး အနည်းဆုံး အိမ်ပေါင်း ၁၅၀၀၀ ( လူဦးရေ ၁၀၄၀၀၀) ခန့်အတွက် အိမ်ယာများ ပြန်လည် ဆောက်ပေးရန် လိုအပ်နေသေးကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်က ပြောသည်။
မုန်တိုင်း အတွင်း အိမ်ခြေပေါင်း ၂၀၀၀၀ ပျက်စီးသွားပြီး အဆိုပါ အိမ်များကို ပြန်လည် တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၁၂ သန်းလိုအပ်မည် ဖြစ်ပြီး အိမ်ခြေပေါင်း ၁၄၅၀၀ ကို လာမည့် မိုးရာသီ ကုန်ဆုံးသည့်တိုင်အောင် ပြန်တည်ဆောက်နိုင်မည် မဟုတ်ကြောင်း သိရသည်။
ပြိုပျက်သွားသော အိမ်တစ်ဆောင် ပြန်လည် တည်ဆောက်ရန် အတွက် အမေရိကန် ဒေါ်လာ ၂၅၀ ကျော် ကုန်ကျမည်ဟု သိရသည်။
ယခု ဆော်ဒီမင်းသားမှ လှူဒါန်းလိုက်သော ဒေါ်လာ ၅၀၀၀၀ ကို မြန်မာစစ်အစိုးရမှ မည့်သည့်နေရာတွင် အသုံးပြုမည်ကို တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
: --------------အမေရိကန် ဒေါ်လာ ၅၀၀၀၀ အား ဆော်ဒီမင်းသား HRH Prince Alwaleed Bin Talalr မှ ဂီရိသင့် ရခိုင်ပြည်သူများအား လှူဒါန်းရာ အဆိုပါ ငွေများကို ဆိုဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်က တဆင့် မြန်မာနိုင်ငံ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနသို့ ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဂီရိသင့် ပြည်သူများ ပြန်လည် ထူထောင်ရေး အတွက် အကူအညီ အမေရိကန်ဒေါ်လာ ၅၇ သန်းခန့် လိုအပ်နေပြီ ယခုအချိန်ထိ ဒေါ်လာ ၂၂ သန်းခန့်သာ ရရှိသေးကြောင်း သိရသည်။
ဂီရိသင့် ရခိုင်ပြည်နယ် ဒေသများတွင် ပြည်သူ အများ အပြားမှာ ယခုအချိန်ထိ အိုးအိမ်များ ပြန်လည် မထူထောင်နိုင်ဘဲ ဖြစ်နေပြီး အနည်းဆုံး အိမ်ပေါင်း ၁၅၀၀၀ ( လူဦးရေ ၁၀၄၀၀၀) ခန့်အတွက် အိမ်ယာများ ပြန်လည် ဆောက်ပေးရန် လိုအပ်နေသေးကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်က ပြောသည်။
မုန်တိုင်း အတွင်း အိမ်ခြေပေါင်း ၂၀၀၀၀ ပျက်စီးသွားပြီး အဆိုပါ အိမ်များကို ပြန်လည် တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၁၂ သန်းလိုအပ်မည် ဖြစ်ပြီး အိမ်ခြေပေါင်း ၁၄၅၀၀ ကို လာမည့် မိုးရာသီ ကုန်ဆုံးသည့်တိုင်အောင် ပြန်တည်ဆောက်နိုင်မည် မဟုတ်ကြောင်း သိရသည်။
ပြိုပျက်သွားသော အိမ်တစ်ဆောင် ပြန်လည် တည်ဆောက်ရန် အတွက် အမေရိကန် ဒေါ်လာ ၂၅၀ ကျော် ကုန်ကျမည်ဟု သိရသည်။
ယခု ဆော်ဒီမင်းသားမှ လှူဒါန်းလိုက်သော ဒေါ်လာ ၅၀၀၀၀ ကို မြန်မာစစ်အစိုးရမှ မည့်သည့်နေရာတွင် အသုံးပြုမည်ကို တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
(နိရဉ္စရာ သတင်း
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။