ထွန်းထွန်း
--------------
မြန်မာနိုင်ငံနှင့် မျက်နှာချင်းဆိုင် ဘင်္ဂလားဒေ့ခ်ျဘက်ခြမ်းတွင် တည်ရှိသော မြစ်နားကျေးရွာ သံဖြူကျောင်းဖြိုဖျက်ခံရမူကို ဒေသခံ ဗုဒ္ဓဘာသာဝင်များက ယနေ့ (ကြာသပတေးနေ့) တွင် ကော့ဘဇားမြို့၌ ကန့်ကွက် ဆန္ဒပြသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
“ ကျွန်တော်တို့ ဒီကနေ့ ၁၀ နာရီခွဲမှာ ဖလောင်းချိတ်မြို့မှာရှိတဲ့ ခရိုင် အုပ်ချုပ်ရေး ရုံးရှေ့  မှာ အဖွဲ့ပေါင်း ၁၀ ကျော် ပူးပေါင်းပြီး ကျောင်းဖြိုဖျက်နေမှုကို ရပ်တန့်ဖို့ အတွက် ဆန္ဒပြဖို့ စီစဉ်ထား ပါတယ်။”
၎င်းပြင်သူက “ အဲဒီဆန္ဒပြပွဲမှာ ကျွန်တော်တို့ အဓိက တောင်းဆိုသွားမှာက (၁) ကျောင်းဖြိုဖျက် နေမှုအား ချက်ချင်းရပ်တန့်စေဖို့၊ (၂) အဓမ္မသိမ်းထားတဲမြေကို ကျောင်းမြေအဖြစ်သက်ဆိုင်ရာက ပြန်လည် အသိအမှတ်ပြုပေးစေဖို့၊ (၃) အသက်အန္တရာယ်အရစိုးရိမ်ရတဲ့ အတွက် ခုလှုပ်ရှားနေတဲ့ ကျောင်းထိန်းသိမ်းရေး ကော်မတီများအား လုံခြုံရေးအရ တာဝန်ယူပေးဖို့ အတွက် တောင်းဆို သွားမှာဖြစ်တယ်“ ဟုသူကပြောသည်။
“ ဒီကျောင်းကို ဖြိုဖျက်ခံနေတာက ဒေသအတွင်းက တခြား ဘာသာခြား ဘင်္ဂလီ မူဆလင်တွေ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့ ၂၀၁၀ သြဂတ်စ်လကတည်းက နေပြီး တော့သက်ဆိုင်ရာ ဌာနအသီးသီးကို စာရွက်စာတမ်းနဲ့ တိုင်ကြားထားပါတယ်။ သက်ဆိုင်ရာဌာနများ ဖြစ်တဲ့ ရဲအဖွဲ့ အပါအ၀င် မြို့နယ် ကော်မရှင်တွေကိုလည်း တိုင်ကြားနေတယ်။ သူတို့ကတော့ လုပ်ပေးမယ်လို့ ပြောဆိုပြီး ခုချိန်အထိဘာ တခုမှ မည်မည် ရရ လုပ်ပေးတာ မရှိဘူး။ ကျောင်းသာ တဖြည်းဖြည်းနဲ့ အဖျက်ခံလာရတာ ခုဆိုရင် ပြိုတော့မယ့် အနေအထားကို ရောက်သွားခဲ့ပါပြီ” ဟု သူကပြောသည်။
သို့အတွက် ကျောင်းတော်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကျောင်းမြေကို ဒေသအတွင်းက ချမ်းသာသူများ သိမ်းဆည်းမသွားရရေးအတွက် ဒေသအတွင်းက ဗုဒ္ဓဘာသာဝင်များက စုဝေး ဆန္ဒပြ ကန့်ကွက်ကြမည် ဖြစ်သည်။
: --------------------------
မြန်မာနိုင်ငံနှင့် မျက်နှာချင်းဆိုင် ဘင်္ဂလားဒေ့ခ်ျဘက်ခြမ်းတွင် တည်ရှိသော မြစ်နားကျေးရွာ သံဖြူကျောင်းဖြိုဖျက်ခံရမူကို ဒေသခံ ဗုဒ္ဓဘာသာဝင်များက ယနေ့ (ကြာသပတေးနေ့) တွင် ကော့ဘဇားမြို့၌ ကန့်ကွက် ဆန္ဒပြသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဖြိုဖျက်မခံမှီက မြင်ရသော မြစ်နား သံဖြူကျောင်း
ဆန္ဒပြပွဲတွင် ရခိုင်များသာမက တခြား ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် မာရ်မာကြီးနှင့် တခြား တိုင်းရင်းသား အဖွဲ့ပေါင်း ၁၀ ကျော် ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း သံဖြူကျောင်း ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူးကိုကျော်စောအောင်က နိရဉ္စရာကို ယခုကဲ့သို့ပြောကြားသည်။ “ ကျွန်တော်တို့ ဒီကနေ့ ၁၀ နာရီခွဲမှာ ဖလောင်းချိတ်မြို့မှာရှိတဲ့ ခရိုင် အုပ်ချုပ်ရေး ရုံးရှေ့  မှာ အဖွဲ့ပေါင်း ၁၀ ကျော် ပူးပေါင်းပြီး ကျောင်းဖြိုဖျက်နေမှုကို ရပ်တန့်ဖို့ အတွက် ဆန္ဒပြဖို့ စီစဉ်ထား ပါတယ်။”
၎င်းပြင်သူက “ အဲဒီဆန္ဒပြပွဲမှာ ကျွန်တော်တို့ အဓိက တောင်းဆိုသွားမှာက (၁) ကျောင်းဖြိုဖျက် နေမှုအား ချက်ချင်းရပ်တန့်စေဖို့၊ (၂) အဓမ္မသိမ်းထားတဲမြေကို ကျောင်းမြေအဖြစ်သက်ဆိုင်ရာက ပြန်လည် အသိအမှတ်ပြုပေးစေဖို့၊ (၃) အသက်အန္တရာယ်အရစိုးရိမ်ရတဲ့ အတွက် ခုလှုပ်ရှားနေတဲ့ ကျောင်းထိန်းသိမ်းရေး ကော်မတီများအား လုံခြုံရေးအရ တာဝန်ယူပေးဖို့ အတွက် တောင်းဆို သွားမှာဖြစ်တယ်“ ဟုသူကပြောသည်။
ဖြိုဖျက်ခံပြီးနောက် တွေ့မြင်ရသော မြစ်နား သံဖြူကျောင်း
ယခု ဖြိုဖျက်ခံနေရသော ကျောင်းမှာ မြစ်နားကျေးရွာမှ သုံးမိုင်ခန့် အကွာတွင် တည်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်က တည်ဆောက်ခဲ့သော ကျောင်းတော်ကြီး ဖြစ်သည်။ အဆိုပါ ကျောင်းတွင် သီတင်းသုံးနေသူ ဆရာတော်တစ်ပါးအား ဓါးပြတိုက်ခံရပြီးနောက် ကျောင်းကို စွန့်လွှတ် သွားသဖြင့် နောက်ပိုင်းတွင် မသမာသူများက ဘာသာရေး အမြင်ကြောင့် ယခုခဲ့သို့ ဖြိုဖျက်နေကြခြင်း ဖြစ်သည်။ “ ဒီကျောင်းကို ဖြိုဖျက်ခံနေတာက ဒေသအတွင်းက တခြား ဘာသာခြား ဘင်္ဂလီ မူဆလင်တွေ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့ ၂၀၁၀ သြဂတ်စ်လကတည်းက နေပြီး တော့သက်ဆိုင်ရာ ဌာနအသီးသီးကို စာရွက်စာတမ်းနဲ့ တိုင်ကြားထားပါတယ်။ သက်ဆိုင်ရာဌာနများ ဖြစ်တဲ့ ရဲအဖွဲ့ အပါအ၀င် မြို့နယ် ကော်မရှင်တွေကိုလည်း တိုင်ကြားနေတယ်။ သူတို့ကတော့ လုပ်ပေးမယ်လို့ ပြောဆိုပြီး ခုချိန်အထိဘာ တခုမှ မည်မည် ရရ လုပ်ပေးတာ မရှိဘူး။ ကျောင်းသာ တဖြည်းဖြည်းနဲ့ အဖျက်ခံလာရတာ ခုဆိုရင် ပြိုတော့မယ့် အနေအထားကို ရောက်သွားခဲ့ပါပြီ” ဟု သူကပြောသည်။
သို့အတွက် ကျောင်းတော်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကျောင်းမြေကို ဒေသအတွင်းက ချမ်းသာသူများ သိမ်းဆည်းမသွားရရေးအတွက် ဒေသအတွင်းက ဗုဒ္ဓဘာသာဝင်များက စုဝေး ဆန္ဒပြ ကန့်ကွက်ကြမည် ဖြစ်သည်။
(နိရဉ္စရာ သတင်း
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။