ကျွန်းလှဌာနီ ရမ္မာဝတီ




































ကျောက်ဖြူ-ရန်ကုန် ကားလမ်းပြမြေပုံ
(ကျောက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ)

ရခိုင်မြေ တောင်ဘက်ခြမ်း
အရောင်ထွန်းတဲ့ ကျွန်းဌာနီ
နာမည်ဆန်းတဲ့ “ရမ္မာဝတီ”
စာပန်းချီ ဖွဲ့သီမွှမ်း၊
“သန္တာရွှေကျွန်း”။

ရွှေသန္တာ ရမ္မာကျွန်းသို့
ဆွေလှမ်းလို့ လာဖို့ရာ
လှိုက်လှဲပျူငှါ
ကြိုပါရဲ့ နွေးထွေး
ချိုအေးလွင် သံသာစကား
ရမ္မာသား ရမ္မာသူ
မနောဖြူ အူတွေစင်း
ရွှေအဆင်း ရည်တူ
ဆွေရင်း ကြည်ဖြူ။



ကျောက်ဖြူနဲ့ရမ်းဗြဲ
တစ်ကျွန်းတည်း မြို့တည်ထောင်
ထွန်းသန္တာ ရမ္မာကမ်းက
ကျွန်းမြို့ညီနောင်။

“မောင်ယေရို့” မြို့ကျောက်ဖြူ
ရောက်သူတွေ ဘဝင်လန်း။

“မယေရို့” မြို့ကျောက်ဖြူ
ရောက်သူတွေ အမြင်ဆန်း
ရစ်သန်းရေဇလာ ဝန်းရံကာလို့
ကျွန်းရမ္မာ ကမ်းဦးထိပ်က
အေးရိပ်ဘုံနန်း။

ဝေဟင်မှာ လေယာည်စီးလို့
ရေပြင်မှာ ရေယာည်ကြီးနဲ့
ခရီးမဝေး အနီးလေးမို့
မနှေးကြွလှမ်း။

သန္တာမြေ သဲငွေရိပ်
လေဆိပ်မှ မြို့အဝင်
ဆွေမြင်လိမ့်အဟုတ်။
ကျောက်ပုဇွန်ညီနောင်နဲ့
ငါးနှစ်ကောင်ထုကာလုပ်
မြို့ဝင်ဆိုင်းဘုတ်။

ပုဇွန်ညီနောင်
ဆောင်အယောင် မြို့ဆိုင်းဘုတ်။

အဖြာဖြာကုန်လုံ တိုက်တာဆန်းနဲ့
ရတနာပုံ ဆိုက်ကာထွန်းမည့်
သိုက်နန်းသရုပ်။

ကျွန်းသန္တာပတ်လည်ဆီး
ပင်လယ်ကြီး အဏ္ဏဝါ
ကျယ်ပြောလှစွာ။

သယံဇာတ ရတနာ
အဖြာဖြာပုံကာစု
တို့မြေရေထု။

ရေထဲမှာ ငါးပုဇွန်
ကုန်းမှာရေနံ
စပါးနဲ့ ဆန်ရေမကျန်
ပေါပြည့်ဝေလျှံ
ရေငန်တွေဆားနေလှန်း
အံ့ဘနန်းကျွန်း။

ခေတ်သစ်ပြည်ထောင်
ရည်ဆောင်လို့တက်လှမ်း။
အစွမ်းကုန်ကြံရှာလို့
ပြည့်ဘဏ္ဍာ သယံဇာတတွေ
ပြည့်လျှံကာ မြန်မကြာရစေလို့
သန္တာမြေ ဌာနေသားတို့
အားထုတ်ဝိုင်းဝန်း။

နိုင်ငံတော်ရဲ့စေနာ
ဝေဖြာလို့ပွင့်လန်း
တို့ကျွန်းရမ္မာနဲ့
ပြည်မြန်မာ အနှံ့ရောက်မည့်
အုံလောက်ဖွယ် “ဟိုက်ဝေး”လမ်း
ဖြစ်ထွန်းကြိုးပမ်း။

ကျွန်းရပ်မြေ ကမ်းခြေဖြတ်
တောအထပ်ထပ် မြစ်အသွယ်သွယ်
ဆက်နွယ်ကာ တံတားဆောက်
ပြည်မရောက် လမ်းဖောက်ထူ
“မြို့ကျောက်ဖြူ - ရန်ကုန်လမ်း”
ဆန်စုန်လှမ်း နယ်ထိုထို
ဥဒဟို ကူးယှက်သန်းလို့
တို့ကျွန်းမြေ စီးပွားတို့
ဖွံ့ဖြိုးကာ ခေတ်မီထွန်း
“ရွှေလမ်း ငွေလမ်း”။

တောင်ပေါ်နဲ့ မြေပြန့်
ပြည်အနှံ့ လူအစုံ
တစ်အူတုံ ဆွေရင်း
သွေးချင်းတွေ ပြည်ထောင်အဝန်းနဲ့
တို့ကျွန်းမြေ ကမ်းရိုးတန်း
ဖြိုးလန်းဝေ မေတ္တာပန်း
“ချစ်ကြည်ရေး လမ်း”။

မြစ်ချောင်းတွေ ဘယ်လိုဆီး
တောင်ကြီးတွေ ဘယ်နှယ်ခြား
တစ်နယ်သားညီနောင် ဘယ်မဝေး
နယ်တကျေး ပြည်ထောင် အနီးလေး
“မေတ္တာ ဟိုင်းဝေး”။

ကျွန်းရမ္မာ စီးပွားထွန်း
ကြီးပွားလမ်း စန်းလဂ်ကြုံ
လျှမ်းတက်ဘက်စုံ။

ရေထွက်ကုန်အဖုံဖုံ အမျိုးစုံဆန်း
ရေလုပ်ငန်း တစ်ခေတ်ထွန်းပြီမို့
သစ်ဆန်းတဲ့ ငါးဖမ်းယာဉ်
စက်အင်ဂျင်ထူးထွေဆန်း
အအေးခန်းရေခဲစက်
ဈေးကွက်စီးပွားရေး
နည်းအားပေး ဆက်ချီ
ခေတ်မီယန္တရား စက်စွမ်းအားနဲ့
ဆန်းပြားတဲ့နည်းပညာ ကမ္ဘာနဲ့ယှဉ်တန်း
တို့ကျွန်းမြေ အခြေမြင့်လို့
အနေတင့်မည်မှန်း။

လေးရပ်ဝတီ
ထွန်းစည်မဏ္ဍိုင်
ပြည်ရခိုင် မှန်ကြငှန်းမှာဖြင့်
အစဉ်လန်း ရနံ့ဖြိုးကြိုင်
မညှိုးနိုင် သန္တာရွှေရည်ပန်းနှယ်သို့
စိုးပိုင် စဉ်လာ အညီထွန်းပါတဲ့
မျိုးရခိုင် ရမ္မာဝတီကျွန်း။
…………

သံဘောတူ

(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။