လာမည့် ဖေဖေါ်ဝါရီလ ၂၀ နေ့တွင် ဂီရိအလွန် မုန်တိုင်းသင့် ပြည်သူများ ပြန်လည် ထူထောင် ရံပုံငွေ အတွက် ဈေးရောင်းပွဲတော် တစ်ခုကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို နိုင်ငံတကာ ရခိုင်အမျိုးသားအသင်းကြီး (WAO) နှင့် နယူးယောက်မြို့ တွင် ရောက်ရှိနေထိုင်နေကြသော မြန်မာနိုင်ငံသားများက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြာင်း ဦးဆောင်ရာတွင် ပါဝင်သူ WAO အဖွဲ့ဝင် ကိုဇော်ဇော်ထွန်းက ပြောသည်။
“ ဒီပွဲကတော့ တိုင်းရင်းသားတွေ အခက်အခဲကြုံလာတိုင်း တတတ်တအား ဝိုင်းဝန်း ကူညီလေ့ ရှိကြတဲ့ နယူးယောက် မြန်မာတွေက အစဉ်အလာ အတိုင်း စီစဉ် ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။ ဂီရိ မုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ရခိုင်လေဘေးသင့် ပြည်သူတွေ အတွက် အရေးတကြီး အကူအညီ လိုအပ်နေတဲ့ အတွက် တဘက်တလမ်းက အကူအညီတွေ ထောက်ပံ့နိုင်အောင် စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရံပုံငွေဈေးရောင်းပွဲတော်ကို နယူးယောက်မြို့တော်ရှိ P. S. 12, 42-00 72nd Street, Woodside တွင် ကျင်းပသွားမည် ဖြစ်သည်။
“ ဈေးရောင်း ပွဲတော်မှာ မြန်မာ့ အစားအစာဆိုင် မျိုးစုံကို ဖွင့်လှစ်ပြီး မြန်မာ့ အစားအစာ၊ ရခိုင့်အစားအစာတွေကို ရောင်းချသွားမှာ ဖြစ်သလို ကိုဇော် (Burmese Classic) က တာဝန်ယူ စီစဉ်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ သိုက်သိုက်ဝန်းဝန်း ကျင်းပသွားမှာဖြစ်ပါတယ်” ဟု သူက ပြောသည်။
၎င်းပြင် သူက “ ဖျော်ဖြေရေးကဏ္ဍတွင် ရခိုင်အမျိုးသားများ အတွက် မပါ မပြီးသော ရခိုင်ရိုးရာ အဆို အကများဖြင့်လည်း ပါဝင် တင်ဆက် ဖြေဖျော်သွားမည် ဖြစ်သလို တိုင်းရင်းသား အကတွေ နောက်တခါ ဘော့စတွန်မြို့ Boston Myanmar Group (BMG) မှ DJ ကိုဝင်းအေး နဲ့ နယူးယောက်မြို့မှာ ရှိနေကြတဲ့ တေးသံရှင်တွေကလည်း မြန်မာသီချင်းတွေ၊ ကိုယ်ပိုင်သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
ဈေးရောင်းပွဲတော်မှ ရရှိသော ရံပုံငွေများကို နယူးယောက် မြို့သူမြို့သားရဲ့ စုပေါင်းအလှူ အဖြစ် နိုင်ငံတကာရခိုင် အမျိုးသား အသင်းကြီး (WAO) မှ တဆင့် ဂီရိမုန်တိုင်းသင့် ဒေသများတွင် အဓိက အရေးတကြီး လိုအပ်နေသော သောက်ရေတွင်းများနှင့် ရေကန်များ ပြန်လည် တူးဖော်ရေး လုပ်ငန်းများ အတွက် ဦးစားပေး လှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။
ကူညီ လှူဒါန်းလိုသော စေတနာရှင် ဈေးဆိုင်များ၊ စေတနာရှင် လုပ်အားပေးများကိုလည်း သွေးရင်း သားရင်း စိတ်ဓာတ်ရင်းဖြင့် ဝိုင်းဝန်း ပါဝင် ဆောင်ရွက်ကြပါရန် ဖိတ်ကြားထားပြီး အသေးစိတ် အချက်အလက် များကို ပြည်သူ့ဂုဏ်ရည်အသင်း (www.citizenofburma.org) နှင့် နိုင်ငံတကာရခိုင် အမျိုးသားအသင်းကြီး (www.worldarakan.org) တို့ထံတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကိုဇော်ဇော်ထွန်းမှ ပြောသည်။
ဆက်သွယ်လိုသူများ အနေဖြင့် ကိုကျော်ဝင်း ( ၉၁၇ ၉၁၂ ၇၇၁၁) ၊ ကိုဇော်ဇော်ထွန်း ( ၆၄၆ ၂၀၃ ၃၃၃၈)၊ ကိုဝေလ ( ၆၄၆ ၄၆၂ ၉၀၁၇)နှင့် ကိုဇော်(Zaw Photo NYC) ၇၃၂ ၉၇၉ ၄၈၄၈ မှ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
: -----------“ ဒီပွဲကတော့ တိုင်းရင်းသားတွေ အခက်အခဲကြုံလာတိုင်း တတတ်တအား ဝိုင်းဝန်း ကူညီလေ့ ရှိကြတဲ့ နယူးယောက် မြန်မာတွေက အစဉ်အလာ အတိုင်း စီစဉ် ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။ ဂီရိ မုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ရခိုင်လေဘေးသင့် ပြည်သူတွေ အတွက် အရေးတကြီး အကူအညီ လိုအပ်နေတဲ့ အတွက် တဘက်တလမ်းက အကူအညီတွေ ထောက်ပံ့နိုင်အောင် စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရံပုံငွေဈေးရောင်းပွဲတော်ကို နယူးယောက်မြို့တော်ရှိ P. S. 12, 42-00 72nd Street, Woodside တွင် ကျင်းပသွားမည် ဖြစ်သည်။
“ ဈေးရောင်း ပွဲတော်မှာ မြန်မာ့ အစားအစာဆိုင် မျိုးစုံကို ဖွင့်လှစ်ပြီး မြန်မာ့ အစားအစာ၊ ရခိုင့်အစားအစာတွေကို ရောင်းချသွားမှာ ဖြစ်သလို ကိုဇော် (Burmese Classic) က တာဝန်ယူ စီစဉ်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ သိုက်သိုက်ဝန်းဝန်း ကျင်းပသွားမှာဖြစ်ပါတယ်” ဟု သူက ပြောသည်။
၎င်းပြင် သူက “ ဖျော်ဖြေရေးကဏ္ဍတွင် ရခိုင်အမျိုးသားများ အတွက် မပါ မပြီးသော ရခိုင်ရိုးရာ အဆို အကများဖြင့်လည်း ပါဝင် တင်ဆက် ဖြေဖျော်သွားမည် ဖြစ်သလို တိုင်းရင်းသား အကတွေ နောက်တခါ ဘော့စတွန်မြို့ Boston Myanmar Group (BMG) မှ DJ ကိုဝင်းအေး နဲ့ နယူးယောက်မြို့မှာ ရှိနေကြတဲ့ တေးသံရှင်တွေကလည်း မြန်မာသီချင်းတွေ၊ ကိုယ်ပိုင်သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
ဈေးရောင်းပွဲတော်မှ ရရှိသော ရံပုံငွေများကို နယူးယောက် မြို့သူမြို့သားရဲ့ စုပေါင်းအလှူ အဖြစ် နိုင်ငံတကာရခိုင် အမျိုးသား အသင်းကြီး (WAO) မှ တဆင့် ဂီရိမုန်တိုင်းသင့် ဒေသများတွင် အဓိက အရေးတကြီး လိုအပ်နေသော သောက်ရေတွင်းများနှင့် ရေကန်များ ပြန်လည် တူးဖော်ရေး လုပ်ငန်းများ အတွက် ဦးစားပေး လှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။
ကူညီ လှူဒါန်းလိုသော စေတနာရှင် ဈေးဆိုင်များ၊ စေတနာရှင် လုပ်အားပေးများကိုလည်း သွေးရင်း သားရင်း စိတ်ဓာတ်ရင်းဖြင့် ဝိုင်းဝန်း ပါဝင် ဆောင်ရွက်ကြပါရန် ဖိတ်ကြားထားပြီး အသေးစိတ် အချက်အလက် များကို ပြည်သူ့ဂုဏ်ရည်အသင်း (www.citizenofburma.org) နှင့် နိုင်ငံတကာရခိုင် အမျိုးသားအသင်းကြီး (www.worldarakan.org) တို့ထံတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကိုဇော်ဇော်ထွန်းမှ ပြောသည်။
ဆက်သွယ်လိုသူများ အနေဖြင့် ကိုကျော်ဝင်း ( ၉၁၇ ၉၁၂ ၇၇၁၁) ၊ ကိုဇော်ဇော်ထွန်း ( ၆၄၆ ၂၀၃ ၃၃၃၈)၊ ကိုဝေလ ( ၆၄၆ ၄၆၂ ၉၀၁၇)နှင့် ကိုဇော်(Zaw Photo NYC) ၇၃၂ ၉၇၉ ၄၈၄၈ မှ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
နိရဉ္စရာ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။