နော်ဝေပညာရေး

ကျနော်သည် နော်ဝေနိုင်ငံသို့ရောက် ပြီး သိပ်မကြာလိုက်၊ နော်ဝေမူလတန်း ကျောင်း (ပထမတန်းမှ သတ္တမတန်း ထိ)သို့ တပါတ်နှစ်ရက် သွားရပါသည်။
ကျနော်သည် နော်ဝေနိုင်ငံသို့ရောက် ပြီး သိပ်မကြာလိုက်၊ နော်ဝေမူလတန်း ကျောင်း (ပထမတန်းမှ သတ္တမတန်း ထိ)သို့ တပါတ်နှစ်ရက် သွားရပါသည်။
ဘာသာစကား အလေ့အကျင့်နှင့် နော်ဝေပတ်ဝန်းကျင် လူမှုဆက်ဆံရေးအတွက် ပို့သည်ဟု ဆိုပါသည်။ ပထမတန်းနှင့် ဒုတိယတန်းသို့ တရက်စီဝင်ရပါသည်။ အကူဆရာအနေနှင့် ဖြစ်ပါသည်။ သူတို့ နော်ဝေကျောင်းများ သည် အတန်းတတန်းတွင် တချိန်တည်းတွင်ပင် ဆရာအနဲဆုံး နှစ်ယောက် သုံးယောက် ၀င်ကြပါသည်။ အတန်းပိုင်ဆရာက ပင်တိုင်သင်ပါသည်။ ကျန်ဆရာများက အကူဆရာများ ဖြစ်ကြပါသည်။ အတန်းကြီးများတွင်တော့ ဆရာများ လှည့်သင်သော် လည်း ထို့အတူပင် အကူဆရာများ ရှိကြပါသည်။ ဦးနှောက်ကျပ်မပြည့်သည့် ကလေးတယောက်အတွက် သီးသန်ဆရာ တယောက် အမြဲထားပေးထားပါသည်။ အတန်းတတန်းတွင် အလွန်ဆုံး ကျောင်းသား ၁၈ ယောက်လောက်သာ ရှိပါသည်။ တချို့အတန်းများတွင် ၁၀ ယောက်မှ ၁၂ ယောက်သာ ရှိပါသည်။ သူတို့စာသင်ပုံ သင်နည်းများ အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ ယင်းအတွေ့အကြုံများကို နောက်မှ ထပ်မံရေးသားပါမည်။ ယခု ပထမဦးစွာ နော်ဝေကျောင်း ပညာရေးနှင့် ပတ်သက်ပြီး အခြေခံမူတချို့ကို ဦးစွာတင်ပြပါမည်။

နော်ဝေကျောင်းများ၏ အခြေခံမူနှင့် ရည်ရွယ်ချက်များ
(၁) ကျောင်းကသင်ပေးသော အခြေခံတန်ဘိုးများ
ဒီကနေ့ နော်ဝေလူ့အဖွဲ့အစည်းဟာ ကိုယ်ပိုင်အမြင်တွေ၊ အတွေးအခေါ်တွေ ရှိကြတဲ့ လူတိုင်းအပေါ် ကြီးမားသော တာဝန်တွေ ချထားပေးပါတယ်။ ကျောင်းမှာ ကလေးတွေဟာ သူတို့အတွက် မှန်ကန်သော ရွေးချယ်မှုတွေ ပြုလုပ်ဘို့ ဗဟုသုတများကို ရှာဖွေသိုမှီးရပါတယ်။ အဲလိုရှာဖွေထားသော ဗဟုသုတများကို အသုံးချဘို့ ကလေးတွေဟာ သင်ယူကြရပါ တယ်။ ဘာတွေထင်သလဲ။ ဘယ်လိုထင်လဲ ဆိုတာကို ရှင်းပြဘို့ သင်ယူကြပါတယ်။
မိဘအများစုကြီးကလည်း သူတို့ရဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး ခံယူထားတဲ့ အချက်တွေ ရှိကြပါတယ်။ ကလေးတွေမှာ  သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေ ရှိကြတာ ကောင်းတယ်ဆိုတာပါပဲ။ နောက်ပြီး ကလေးတွေက ဘာကိုဆိုလိုတယ်ဆိုတာကို ကောင်းမွန်စွာ ရှင်းပြတဲ့အခါ မိဘတွေက အလွန်ဂုဏ်ယူကြပါတယ်။ တချို့မိဘတွေကလည်း သူတို့ရဲ့ ကလေးတွေရဲ့ အထင်မှာ မိဘတွေနဲ့ ဆရာတွေဟာ အတူတူပဲလို့ ထင်တာ ကောင်းတယ်လို့ ခံယူကြပါတယ်။ ကလေးတွေဟာ လူကြီးတွေနဲ့ အခြေအတင် ဆွေးနွေးငြင်းခုံတဲ့ အချက်ကိုတော့ မိဘတွေက မကြိုက်ကြပါဘူး။
ကလေးတွေဟာ ပညာသင်ယူဖို့ ကျောင်းကို သွားရပါတယ်။ ကျောင်းမှာ သူတို့က မတူညီတဲ့ ဘာသာရပ်တွေထဲက များစွာသော အချက်အလက်တွေကို သင်ယူကြရပါတယ်။ တခုနဲ့ တခု ဆက်နွယ်မှုတွေကိုလည်း သိအောင် သင်ယူကြရပါတယ်။ ယခင်အချိန်များက ဆရာတွေဆီကသာ အချက်အလက်နှင့် သိမှတ်စရာအားလုံးကို ကျောင်းသားတွေကို ပေးရမယ်လို့ ဆိုလိုခဲ့ကြပါတယ်။ ဆရာက ကျောင်းသားတွေကို ဘာပြောတယ် ဆိုတာပဲ ကျောင်းသားတွေက မှတ်ထားရမယ်လို့ ဆိုလိုတာပါ။ ဘာပဲဖြစ်ဖြစ် မကြာသေးခင် နှစ်တွေအတွင်းက စပြီး ဆရာများနှင့် ကျောင်းသားများရဲ့ အခန်းကဏ္ဍတွေ ပြောင်းလဲခဲ့ပါပြီ။
ဒီကနေ့ လူတွေဟာ သတင်းအချက်အလက်ပေါင်း များစွာရှိတဲ့ လူ့အဖွဲ့အစည်းကြီး တစ်ခုအတွင်းမှာ နေထိုင်နေကြတာပါ။ ဘယ်သူမှ အဲဒီ သတင်းအချက်အလက်အားလုံးကို သူတို့ရဲ့ ဦးနှောက်ထဲမှာ သိမ်းဆည်းမထားနိုင် ကြပါဘူး။ အဲဒါကြောင့် ကျနော်တို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုရှာဖွေရမယ်ဆိုတာ သိဖို့က အရေးကြီး ပါတယ်။ ကျောင်းသားတွေဟာ တခြားသော အရာတွေရဲ့ ကြားထဲမှာပဲ စာအုပ်ထဲက သိစရာအချက်အလက်တွေကို ရှာဖွေဖို့နဲ့ အင်တာနက်ကို အသုံးပြုဖို့ သင်ကိုသင်ရမယ်။ ဆရာတွေရဲ့ အရေးကြီးဆုံး တာဝန်တွေထဲက တစ်ခုက အင်တာနက်နဲ့ ကျောင်း သားတွေကို ကူညီပေးဖို့ ဖြစ်တယ်။ ကျောင်းသားတွေဟာ အုပ်စုအလိုက် အလုပ်တွေ လုပ်ကြတယ်။ နောက်ပြီး သူတို့တွေကို မကြာခဏ ဆိုသလို စီမံချက်အလုပ်တွေလည်း ပေးကြတယ်။ ဒီနည်းလမ်းအတိုင်းပဲ ကလေးတွေဟာ တခြားသူတွေနဲ့အတူ အလုပ်လုပ်ဖို့ သင်ယူကြရတယ်။ ဖြစ်စဉ်တွေထဲက တခြားသော အရာတွေကိုလည်း သင်ယူကြရတယ်။
နော်ဝေ လူ့အဖွဲ့အစည်းဟာ ခရစ်ယာန်ဘာသာတရား၊ လူ့တန်ဖိုးနှင့် အခြားသော အရာတွေကြားထဲမှာ အခြေခံထား ပါတယ်။ နော်ဝေကျောင်းတွေဟာ ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်သော ဓမ္မဒိဋ္ဌာန်ကျတဲ့ အခန်းကဏ္ဍတစ်ခုကို နာခံရပါတယ်။ ခရစ်ယာန်ဘာသာနဲ့ လူ့တန်ဖိုးတွေက ဘာတွေဖြစ်ပါသလဲ။ အသင်မေးတာဟာ ဘယ်သူ့အပေါ်မှာ မူတည်တယ်ဆိုတဲ့ မတူညီတဲ့ အဖြေတွေကို သေချာသလောက် ရရှိပါလိမ့်မယ်။ အဲဒါတွေက လူသားဘ၀ရဲ့ တန်ဖိုး၊ အိမ်နီးနားချင်းရဲ့ မေတ္တာတရား၊ သီးခံခြင်း၊ တန်းတူမှုတန်ဖိုး၊ လေးစားမှု၊ လွတ်လပ်မှုနှင့် လွတ်လပ်သော ဆန္ဒတွေပဲဖြစ်ပါတယ်။
ကျောင်းမှာ ကလေးတွေအားလုံးဟာ KPL လို့ခေါ်တဲ့ ဘာသာရပ်တစ်ခုထဲ ပါဝင်ရပါတယ်။ (Christian Knowledge, Religious and Ethical Education) (နော်ဝေတွေက C နေရာတွင် K နှင့်ပေါင်းသဖြင့် K ဖြစ်နေခြင်း ဖြစ်ပါသည်။) အဲဒီ ဘာသာရပ်တွေထဲမှာပဲ တခြားဘာသာတွေနဲ့ ခရစ်ယာန်ဘာသာ နှစ်မျိုးလုံးအကြောင်းကို ကလေးတွေကို သင်ပေးရပါတယ်။ ကျောင်းမှာ ဒီဘာသာရပ်နဲ့ ပါတ်သက်ပြီး အသုံးပြုလိုက်တဲ့အချိန် အများအပြားဟာ၊ လူ့ကျင့်ဝတ်နှင့် စာရိတ္တအကြောင်းတွေ ဆွေးနွေးခြင်းဖြင့်သာ အချိန်ကုန်စေခဲ့ပါတယ်။ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသားများကို အချင်းချင်း အပြန်အလှန် လေးစားကြဖို့နဲ့ သီးခံစိတ်တွေ ထားကြဖို့ သင်ပေးပါတယ်။ အထက်မှာ ပြောခဲ့တဲ့ KRL ခရစ်ယာန်ဘာသာနှင့် သက်ဆိုင်သော ဗဟုသုတ၊ ဘာသာရေးများနှင့် လူ့ကျင့်ဝတ်နှင့် သက်ဆိုင်သော ပညာရေးဆိုတဲ့ ဘာသာရပ်ဟာ အချက်အလက် ပေးသော ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဆရာက ဆွယ်တရားဟောတာမျိုး မလုပ်ရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိဘတွေက ပြောနိုင်တဲ့ ကိစ္စတစ်ခုလည်း ရှိပါသေးတယ်။ ဒီဘာသာတရား သင်ကြားမှုအပိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာထက် အခြားဘာသာတခုခု သင်ကြားခြင်းထဲမှာ သူတို့ရဲ့ ကလေးတွေ မပါဝင်ဖို့ မိဘတွေက တောင်းဆိုနိုင်ပါတယ်။
(၂) အိမ်နှင့် ကျောင်းဆက်စပ်ခြင်း
မိဘအားလုံးမှာ သူတို့ရဲ့ ကလေးတွေ ကြီးပျင်းလာတဲ့အခါ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့နဲ့၊ ကောင်းမွန်တဲ့ ဘ၀တခု ရရှိဖို့ ဆန္ဒတွေ ရှိကြပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ ကလေးတွေကို ဖြစ်နိုင်တဲ့ အခွင့်အရေးတိုင်း ပေးချင်ကြပါတယ်။ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေအတွက် အခြေခံတာဝန်တွေ ယူနေစဉ်မှာပဲ တခြားဟာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေရ ဆဲပါပဲ။ မိဘတွေဟာ တခြားအရာတွေဖြစ်တဲ့ မိသားစု၊ မူကြိုကျောင်း၊ စာသင်ကျောင်းတွေနဲ့အတူ အလုပ်လုပ်ကြရပါတယ်။
နော်ဝေ စာသင်ကျောင်းစနစ်ဟာ ကလေးတွေအတွက် မိဘနဲ့ကျောင်းက ပူးပေါင်းတာဝန်ခံတဲ့ အပေါ်မှာ အခြေခံထား ပါတယ်။ ကလေးရဲ့ ကြီးပျင်းလာခြင်းဟာ ကျောင်းကလည်း မိဘကို အကူအညီပေးလို့ ဖြစ်ပါတယ်။ မိန်းကလေး (သို့) ယောက်ျားလေး တစ်ယောက်ယောက်ဟာ လိုအပ်တဲ့ အရာတွေကို သင်ယူရတာ အဆင်ပြေချောမွေ့ဖို့ ကလေးတွေနဲ့အတူ မိဘတွေနဲ့အတူ ကျောင်းက ပြောဆိုနေကြရတာပါ။ ကျောင်း၊ မိဘနဲ့ ကလေးအားလုံးဟာ ကလေးတွေ တိုးတက်အောင် အသေအချာ သင်ယူစေဖို့ တာဝန်ခံမှုတခု ရရှိရတာပါပဲ။ အဲဒီစီမံ ဆောင်ရွက်တဲ့အတိုင်း လူတိုင်းလူတိုင်းဟာ ကျောင်းရဲ့ စနစ်ထဲမှာ သူတို့ရဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို သိရမယ်။ အဲဒါတွေထဲက အရေးကြီးဆုံး တချို့ကို အောက်မှာ စာရင်း လုပ်ထားပါတယ်။
(မိဘတွေအတွက်)
အခွင့်အရေး
တာဝန်
ကျောင်းနှင့်အတူ အလုပ်လုပ်ရန်
ကျောင်းနှင့်အတူ အလုပ်လုပ်ရန်
သူတို့ရဲ့ ကလေးဘယ်လိုနေတယ်ဆိုတာ သိဖို့၊ ကျောင်းဟာ လူတိုင်းအတွက် ကောင်းသောနေရာ တစ်ခုအဖြစ် သေချာ အောင်လုပ်ဖို့

သတင်းအချက်အလက်တွေရရှိဖို့
မိမိရဲ့ကလေး ကျောင်သွားစေဖို့
ဆုံးဖြတ်ထားတဲ့အတိုင်းပြောဖို့၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း များကို လိုက်နာဖို့

ကျောင်းမှာ သူတို့ရဲ့ ကလေးလုံခြုံစိတ်ချမှု ခံစားရစေဖို့


(ကျောင်းသားအတွက်)
အခွင့်အရေး
တာဝန်
အခမဲ့ပညာရေး (အစိုးရ)

ကျောင်းဟာလူတိုင်းအတွက် ကောင်းမွန်တဲ့နေရာအဖြစ် သက်ရောက်စေဖို့
ကျောင်းသို့သွားရန်
မိန်းကလေး (သို့) ယောက်ျားလေးတစ်ယောက်ဟာ လိုအပ်တဲ့ အကူအညီရရန်

သင်ခန်းစာတိုင်း နောက်မကျန်အောင် သင်ယူရန်

အကဲဖြတ်ခံရန်

ကျောင်းမှလှုပ်ရှားမှုတိုင်းတွင် ပါဝင်ဆောင်ရွက်ရန်

ဆုံးဖြတ်ချက်အတိုင်း ပြောရန်

ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်

လိုအပ်သလို မိခင်ဘာသာသင်ခြင်း၊ မိမိတို့ရဲ့ကိုယ်ပိုင် သင်ယူရမယ့် ကိစ္စမှန်သမျှ တာဝန်ယူဖို့

လိုအပ်သလို ဘာသာရပ်နှစ်မျိုးသင်ခြင်း


(ကျောင်း)
တာဝန်
ü  လူတိုင်းအတွက် ကျောင်းဟာ ကောင်းမွန်တဲ့နေရာအဖြစ် ရှိနေစေဖို့
ü  မိဘများနှင့် ပူးပေါင်းဆောင်ရွက်ဖို့
ü  ကလေးတွေ ကျောင်းသို့မလာသည့်အခါ အကြောင်းကြားဖို့
ü  ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဖို့
ü  သတ်မှတ်ထားသော သင်ရိုးအတိုင်း သင်ကြားဖို့
ü  ကျောင်းသားများ လိုအပ်တဲ့ အကူအညီရရှိအောင် ဆောင်ရွက်ပေးဖို့
ü  ကျောင်းသားများ တာဝန်ယူတတ်စေရန် သင်ကြားပေးဖို့
ü  ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ဘယ်လိုပါဝင်ဆောင်ရွက်ရတယ်ဆိုတာ၊ ကျောင်းသားများကို သင်ကြားပေးဖို့
ü  သည်းခံခြင်းအကြောင်း သင်ကြားပေးဖို့
ü  ချင့်ချိန်ဆုံးဖြတ်ပြီး၊ စီစဉ်ဆောင်ရွက်ပေးဖို့
ü  တခုခုမှားယွင်းလွဲချော်နေတယ်လို့ သူတို့ထင်မြင်ယူဆလျှင် ကလေးတွေကို အထောက်အကူဖြစ်စေမည့် သတင်း အချက်အလက် ရှာဖွေပေးဖို့
တခါတရံမှာ ဆန္ဒရှိတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖြစ်ကြပါဘူး။ မိဘတွေနဲ့ ကျောင်းရဲ့ကြားထဲမှာ ဘယ်ဟာက အရေးကြီးတယ်။ ဘယ်ဟာက မှန်တယ်ဆိုတဲ့ မတူညီတဲ့ အမြင်တွေရှိချင် ရှိနေကြပါတယ်။ တခြားပြဿနာတွေကတော့ အချင်းချင်းမတူညီတဲ့ မျှော်လင့်ချက်တွေ ဒါမှမဟုတ် စိတ်ဝင်စားမှုအားနဲတာတွေကြောင့် လည်း ဖြစ်ပါတယ်။ ဥပမာအနေနဲ့ နိုင်ငံခြားက အခြေချလာရောက်နေထိုင်သူတွေရဲ့ ကလေးတွေကို သင်ကြားပေးရတဲ့ အချို့ ဆရာတွေဟာ အဲဒီလို ပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရပါတယ်။


ခင်ဦး(နော်ဝေ)

......................
မောက္ခပညာရေးမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။