ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ
- B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
- B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
- M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
- B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
- PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။
လုပ်ကိုင်ခဲ့သော တာဝန်များ
- ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
- တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
- ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
- ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
- တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
- တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
- လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။
ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ
- ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
- မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
- ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
- ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
- On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
- The Voice of young. Cornell University, March 1990
- Code and Custom in Burma and Thailand. Scotland. 1993
ကိုးကား
- ဒေါက်တာအေးကျော်နှင့် ဧရာဝတီ သတင်း အင်တာဗျူး
Sources: wikimyanmar
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။