ကမ္ဗောဒီးယားအလံချဖို့ ၀န်ကြီးချုပ်အမိန့်ပေး



“ဒါဟာ စော်ကားတာဖြစ်လို့လက်မခံနိုင်ဘူး”လို့ ဖနွမ်းပင်က ရှုတ်ချပြောဆိုနေပေမဲ့လည်း အငြင်းပွားနယ်မြေပေါ်မှာ လွှင့်တင်ထားတဲ့ ကမ္ဗောဒီးယားအလံမှန်သမျှ ဖယ်ရှားပေးရမယ်။ ဆိုပြီး ၀န်ကြီးချုပ်အဖိဆစ်ဝေ့ချာချီဝက ထပ်တလဲ လဲ ပြောဆိုနေပါတယ်။
ပြီးခဲ့တဲ့အပတ်က နယ်စပ်နားမှာ ထိုင်းဖက်က စစ်ရေးလေ့ကျင့်တာတွေဟာ ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက် ပြီး ကမ္ဗောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ၀န်ကြီးချုပ်အဖိဆစ်ရဲ့တောင်းဆိုချက်ကို ဝေဖန်တဲ့ကြေညာချက်ထုတ် ပြန်လိုက်ပါတယ်။ အဖိဆစ်က အပတ်စဉ်ထုတ်လွှင့်တဲ့ ရေဒီယိုနဲ့ရုပ်သံအစီအစဉ်ကနေ ကမ္ဗောဒီးယားအလံဖယ်ပေးဖို့ မနေ့က တောင်းဆိုခဲ့ပါတယ်။ ကမ္ဗောဒီးယားနိုင်ငံဟာ ပရိဝိဟာဘုရားကျောင်းနားက အငြင်းပွားနေတဲ့ ၄.၆ စတုရန်း ကီလိုမီတာ ကျယ်တဲ့မြေပေါ်က ၀ပ်ကရောက်ဆီခဆ၀ါရ ဘုန်းကြီးကျောင်းနားမှာ ကမ္ဗောဒီးယားအလံကို လွှင့်တင် ထားပါတယ်။
ဒီဒေသဟာ ကမ္ဗောဒီးယားပိုင်တာမဟုတ်ဘူးလို့ပြောပြီး အလံဖယ်ခိုင်းဖို့အမိန့်ပေးတာဟာ သူတို့အချုပ်အခြာအာဏာ ကို ချိုးဖောက်တာဖြစ်တယ်ဆိုတဲ့ ကမ္ဗောဒီးယားရဲ့ကြေညာချက်ကို ဆန့်ကျင်ကန့်ကွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးလိုက်ပါတယ်။
ပဒဖက ထိုင်းနဲကမ္ဗောဒီးယားအကြားချုပ်ဆိုခဲ့တဲ့ ၂၀၀၀ ခုနှစ် နားလည်မှုစာချွန်လွှာ ရုတ်သိမ်းပေးဖို့၊ ကမ္ဘာ့ယဉ်ကျေး မှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က နှုတ်ထွက်ဖို့နဲ့အငြင်းပွားနေရာက ကမ္ဗောဒီးယားတွေကိုမောင်းထုတ်ဖို့ စတာတွေ ကို တောင်းဆိုနေပါတယ်။ နယ်စပ်သဘောတူညီချက ထိုင်းနယ်မြေပေါ်မှာ ကမ္ဗောဒီးယားတွေကို ကျူးကျော်ဝင် ရောက်ခွင့် ပေးထားတယ်ဆိုတာဟာ နားလည်သဘောပေါက်မှုလွဲတာသာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် အဖိဆစ်က ပြော ပါတယ်။ စာချွန်လွှာမှာ နိုင်ငံတနိုင်ငံရဲ့မြေပေါ်ကို ဘယ်နိုင်ငံကမှ ကျုးကျော်ဝင်ရောက်ခွင့်မရှိလို့ တားမြစ်ထားပါတယ်။ လို့ သူက ပြောပါတယ်။ ဒီလိုလုပ်ရပ်က လက်တုန့်ပြန်တာတွေ ဖြစ်နိုင်တယ်လို့ အငြင်းပွားမြေပေါ်က ကမ္ဗောဒီးယား တွေ မောင်းထုတ်တာနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်က ပြောဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက အဖိဆစ်က အချုပ်အခြာကို ချိုးဖောက်တာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်နဲ့ပတ်သက် တဲ့ ကမ္ဗောဒီးယားနိုင်ငံရဲ့ ကြေညာချက်ကို ကန့်ကွက်တဲ့စာတစောင် ထုတ်ပြန်မှာပါလို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ အတွင်း ရေးမှူး ချာဗာနွန့် အင်တာရတ်ကို မာလီယာဆွတ်က မနေ့ကပြောပါတယ်။ “ကျနော်တို့အနေနဲ့ တယောက်နဲ့ တ ယောက် ပဋိပက္ခတွေမဖြစ်အောင် ကူသင့်တယ်၊ ပြဿနာတွေ ပိုကြီးစေမယ့် ကြေညာချက်တွေ မထုတ်သင့်ဘူး” လို့ သူက ပြောပါတယ်။
............
Sources: နေ့သစ်
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။