ပင်လယ်ကြီးကို မှေးတင်ထားတဲ့
ရမ္မာကျွန်းဦး ကျွန်းနဖူးမှာ
ထူးခြားတဲ့ အတွေ့မထိတွေကို ခံစားရင်း
စိတ်အပန်းဖြေစရာ လှပတဲ့ရှုခင်းသာ
“ဗိုလ်ကြီးချိုင်” ဆိုတဲ့ အကွေ့လေးပေါ့။
ရေလှိုင်းအိအိ နေထိတဲ့အချိန်ခါမို့
ငွေခြည်လွှာပမာ တဖျတ်ဖျတ်တောက်ပ
တိုက်ခတ်တဲ့ လေနွေးနွေးကို ရှူရှိုက်ရ
သက်ပြင်တချက်ချရင်း နေရီရီညနေခင်းမှာ
ခံစားမိတာက အံ့သြခြင်းများစွာပေါ့။
(ကျောက်ဖြူ-ဗိုလ်ကြီးဂျိုင်(ချို)ကွေ့)
ရေလွှလှိုင်းသံ တညံညံနှင့်
လေပြေလေးသွေး တနွေးနွေးနှင့်
ဆည်နေရှိန် တမှိန်မှိန်နှင့်
သူရိန်နေမင်း ဝင်လုဆဲမှာပေါ့။
ပင်လယ်ကိုကျောပေးကာလျှောက်လှမ်းရင်း
မျှော်ကြည့်မိဘေးတစ်ခွင် အမြင်ထူးဆန်း
မှန်စီကာရွှေရောင်လွှမ်းတဲ့ စေတီယတောင်တန်းမှ
ဓာတ်ပေါင်းစူစေတီ နေခြည်နုနုဖြန်းတော့
ရောင်ခြည်တော်ခြောက်သွယ် စိတ်ဝယ်ထင်မှတ်
လုပ်အုပ်ချီဖူးမြော်ရ ရင်မှပီတိအေးချမ်းမိပေါ့။
တောင်တလျှာက်ပေါ် ဖူးမျှော်ကာဦးချ
များပါလှဘုရားစေတီ တူညီတည်ထား
တောင်ထွတ်ဖျားမှ နှစ်ပေါင်းနှစ်ထောင့်ငါးရာ
သာသနာတော်သက္ကရာဇ် အဖြစ်မှတ်သား
ထူးခြားစွာဖူးရ ရင်မှပီတိအေးချမ်းမိပေါ့။
ကမ်းခြေသောင်စပ် တောင်ထပ်ကွေ့မှ
စိမ်းမြစိုပြေ အုန်းတောတွေနှင့်
အဝေးမှမြင် မြို့အဝင်ထိ
တိမ်အချို့က နီပြာဝါစိမ်း
လှိုင်းယိမ်းအက ဖွေးရွရွကို
ဘယ်ပန်းချီရေး မီပါ့မလဲပေါ့။
သည်ကမ်းခြေသဲသောင်မြေမှာ ပန်းဖြေကာလှမ်းလျှောက်ရင်း
အတွေးများစွာရင်မှာထပ်ပြီး
မြင်တွေ့ရ ခံစားရသည်ကို
ကာရန်မပီစာဆိုသည်မဟုတ်ပေမယ့်
ကဗျာတစ်ပုဒ်သီခဲ့တယ်
ထာဝရအပြိုင်မရှိအောင် သာယာလှတဲ့
“ဗိုလ်ကြီးချိုင်”ဆိုတဲ့ ပင်လယ်ကွေ့ကိုပေါ့။
....................
နန်းထိုက်စပယ်
(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
ရမ္မာကျွန်းဦး ကျွန်းနဖူးမှာ
ထူးခြားတဲ့ အတွေ့မထိတွေကို ခံစားရင်း
စိတ်အပန်းဖြေစရာ လှပတဲ့ရှုခင်းသာ
“ဗိုလ်ကြီးချိုင်” ဆိုတဲ့ အကွေ့လေးပေါ့။
ရေလှိုင်းအိအိ နေထိတဲ့အချိန်ခါမို့
ငွေခြည်လွှာပမာ တဖျတ်ဖျတ်တောက်ပ
တိုက်ခတ်တဲ့ လေနွေးနွေးကို ရှူရှိုက်ရ
သက်ပြင်တချက်ချရင်း နေရီရီညနေခင်းမှာ
ခံစားမိတာက အံ့သြခြင်းများစွာပေါ့။
(ကျောက်ဖြူ-ဗိုလ်ကြီးဂျိုင်(ချို)ကွေ့)
ရေလွှလှိုင်းသံ တညံညံနှင့်
လေပြေလေးသွေး တနွေးနွေးနှင့်
ဆည်နေရှိန် တမှိန်မှိန်နှင့်
သူရိန်နေမင်း ဝင်လုဆဲမှာပေါ့။
ပင်လယ်ကိုကျောပေးကာလျှောက်လှမ်းရင်း
မျှော်ကြည့်မိဘေးတစ်ခွင် အမြင်ထူးဆန်း
မှန်စီကာရွှေရောင်လွှမ်းတဲ့ စေတီယတောင်တန်းမှ
ဓာတ်ပေါင်းစူစေတီ နေခြည်နုနုဖြန်းတော့
ရောင်ခြည်တော်ခြောက်သွယ် စိတ်ဝယ်ထင်မှတ်
လုပ်အုပ်ချီဖူးမြော်ရ ရင်မှပီတိအေးချမ်းမိပေါ့။
တောင်တလျှာက်ပေါ် ဖူးမျှော်ကာဦးချ
များပါလှဘုရားစေတီ တူညီတည်ထား
တောင်ထွတ်ဖျားမှ နှစ်ပေါင်းနှစ်ထောင့်ငါးရာ
သာသနာတော်သက္ကရာဇ် အဖြစ်မှတ်သား
ထူးခြားစွာဖူးရ ရင်မှပီတိအေးချမ်းမိပေါ့။
ကမ်းခြေသောင်စပ် တောင်ထပ်ကွေ့မှ
စိမ်းမြစိုပြေ အုန်းတောတွေနှင့်
အဝေးမှမြင် မြို့အဝင်ထိ
တိမ်အချို့က နီပြာဝါစိမ်း
လှိုင်းယိမ်းအက ဖွေးရွရွကို
ဘယ်ပန်းချီရေး မီပါ့မလဲပေါ့။
သည်ကမ်းခြေသဲသောင်မြေမှာ ပန်းဖြေကာလှမ်းလျှောက်ရင်း
အတွေးများစွာရင်မှာထပ်ပြီး
မြင်တွေ့ရ ခံစားရသည်ကို
ကာရန်မပီစာဆိုသည်မဟုတ်ပေမယ့်
ကဗျာတစ်ပုဒ်သီခဲ့တယ်
ထာဝရအပြိုင်မရှိအောင် သာယာလှတဲ့
“ဗိုလ်ကြီးချိုင်”ဆိုတဲ့ ပင်လယ်ကွေ့ကိုပေါ့။
....................
နန်းထိုက်စပယ်
(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။