လှပစိုပြေ ကျောက်ဖြူမြေ

မိုး၊ ဆောင်း၊ နွေအလှဖြာ
သာတဲ့ပင်လယ်ကမ်း။
ကျောက်ဖြူမြေ အလှတိုးရန်
တစ်မျိုးသစ်ဆန်း။
ဆန်းပြားတဲ့မြို့ကျောက်ဖြူ
ရောက်လာသူ ပျော်ရွှင်ရေး။
စိမ်းစိုလွင် အုန်းပင်တန်းနှင့်
ကြိုကမ်းမယ်လေ။

သင်္ဘော၊ ကား၊  လေယာဉ်
ကျောက်ဖြူတွင်သက်ဆင်း။
ဆက်သွယ်စုံ၊ အချက်အချာကျ
မြို့ပြအတွင်း။

စက်ဘီးလေးစီးကာ
ချစ်စရာပျိုဖြူများ။
ကျောက်ဖြူမြေ  လမ်းမတွင်းမှာ
လှပဝင့်ကြွား။

သား၊ ငါးနှင့် သီးနှံစုံ
ရောင်းဝယ်ကုန် စည်ဖွံ့ဖြိုး။
ကျောက်ဖြူမြေ၊ နယ်တစ်ဝန်းမှာ
လုပ်ငန်းတွေတိုး။

စိတ်ရင်းကောင်း သဘောဖြူ
ကျောက်ဖြူသူ၊ ကျောက်ဖြူသား။
ရောက်လာသူ ဘဝင်လန်းအောင်
ပြုံးပန်းဆင့်ပွား။

ထွန်းကားမှု အဖုံဖုံ
စုံလင်တဲ့ ကျောက်ဖြူသို့
ရပ်ရွာမြေတစ်နယ်ဆန်းမှ
လှမ်းခဲ့ပါလို့...။
.........
ခင်သီတာ (ပညာရေး)

(ဝန်ခံချက်၊  ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။