ကျွန်တော်တို့ နေထိုင်ကြသော ကမ္ဘာကြီး၌ ကုန်သွယ်မှုတွင် ရေလမ်းကြောင်းဖြင့်ကုန်သွယ်မှုသည် ၉၀% ရှိပါသည်။ ကျောက်ဖြူမြို့ဆိပ်ကမ်းသည် ပင်လယ်ကူး ကုန်တင်သင်္ဘောကြီးများ လွယ်လင့်တကူ ဝင်ကပ်သွားလာနိုင်ပြီး၊ သဘာဝဘေးအန္တရယ်လည်း ကင်းရှင်းသော နေရာဖြစ်ပါသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း(Deep Sea Port) တည်ဆောက်ရန်အတွက် ကျောက်ဖြူမြို့၏ အရှေ့ဖက် ရှစ်မိုင်ခန့်အကွာတွင် မြဒေးကျွန်း(မဒေးကျွန်း) အနီးရေပြင်ကို ရေနက်ဆိပ်ကမ်း (Deep Sea Port) အဖြစ်စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ၄င်းကောင်းနေရာ၏ ရေပြင်ကျယ်မှာ ပေ(၄၀၀၀) ရှိပြီး၊ အနက်ပေမှာ (၆၀)ရှိသည်။ ကုန်တင် သင်္ဘောကြီးများ ကျောက်ချရပ်နားရန် နေရာအလုံအလောက်ရှိသည်သာမက လေဒဏ်လှိုင်းဒဏ်မှလည်း ကာကွယ်နိုင်ပေသည်။
နောက်ပြီး ကုန်တင်သင်္ဘောကြီးများ ထွက်ဝင်သွားလာနိုင်ရန် ရေအနက် ပေ(၅၀)ထိရှိသော ရေလမ်းကြောင်းလည်း ရှိပါသည်။
၎င်းရနက်ဆိပ်ကမ်း (Deep Sea Port) တည်ဆောက်နိုင်သော နေရာကို လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်က အမေရိကန်ပြည်ထောင်စုအခြေစိုက် Central Gult Line ကုမ္ပဏီမှ LASH (Lighter Aboard Ship) သင်္ဘောကြီးသုံးစင်း စမ်းသပ်ဝင်ရောက်ခဲ့ဖူးသည်။ အလျား ၈၉၃ ပေ၊ အနံ ၉၈ ပေ နှင့် ရေစူး ၄၂ ပေ၊ တန်ချိန် ၃၂၀၀ ရှိသော ဂရင်းအိုင်လန့် (Green Island) အမည်ရှိ သင်္ဘောကြီးသည် ဂရင်းအိုင်လန့် သင်္ဘောနှင့် မတိမ်းမယိမ်း အရွိယ်ရှိသော ဂရင်းဟာဗား (Green Harbour) အမည်ရှိ သင်္ဘောကြီးသည်လည်း ဒုတိယမြောက် အောင်မြင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။ အထက်၌ ဖော်ပြခဲ့ပြီးသော သင်္ဘောများနှင့် အလားတူသော ဂရင်းဗယ်လီ (Green Valley) သင်္ဘောကြီးသည် တတိယမြောက် သင်္ဘောကြီးအဖြစ် စမ်းသပ်ဝင်ရောက် နိုင်ခဲ့သည်။
ထိုကြောင့် ကျောက်ဖြူမြို့သည် ကုန်သွယ်မှုတွင် အရှေ့တောင်အာရှ၌ အဓိကကျသော ဆိပ်ကမ်းတခုဖြစ်သည်ဆိုပါက မှားအံ့မထင်ပါ။ ထိုကြောင့် စီးပွားရေးကိုလက်ဝါးကြီးအုပ်ရန်ကြိုးစားနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုသမ္မတနှင့်
မြန်မာအစိုးရတို့ ကျောက်ဖြူရေနက်ဆိပ်ကမ်း (Kyaukphru (Kyaukphyu)Deep Sea Port) ကို အကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။
အောက်မှာဖော်ပြထားသော ဗီဒီယိုသည် တရုတ်တို့ရဲ့ မဟာ အနာဂတ်ကျောက်ဖြူ စီမံကိန်း စီမံကိန်းများဖြစ်သည်။
.................
ဝန်ခံချက်၊ ၊ဓာတ်ပုံများကို အထက်၌ဖော်ပြထားသော ဗွီဒီယိုဖိုင်မှ ယူထားပြီး သတင်းအချက်အလက် တချို့ကို ကျောက်ဖြူမြို့ တည်နှစ် (၁၈၀) ပြည့်နှစ် မဂ္ဂဇင်းမှ ကူးယူဖော်ပြထားပါသည်)

Chinese Conceptual Plan of Kyaw Pru Economic and Technological Development Zone in Arakan State
.................
ဝန်ခံချက်၊ ၊ဓာတ်ပုံများကို အထက်၌ဖော်ပြထားသော ဗွီဒီယိုဖိုင်မှ ယူထားပြီး သတင်းအချက်အလက် တချို့ကို ကျောက်ဖြူမြို့ တည်နှစ် (၁၈၀) ပြည့်နှစ် မဂ္ဂဇင်းမှ ကူးယူဖော်ပြထားပါသည်)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။