မြန်မာနိုင်ငံ အနောက်ဘက် ကမ်းမြောင်ဒေသ၊ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသနှင့်၊ အိန္ဒိယနိုင်ငံ တြိပူရ ပြည်နယ်တို့တွင် မှီတင်းနေထိုင်သော ရခိုင်လူမျိုး တို့ ပြောဆိုသည့် ဘာသာစကားကို ရခိုင်ဘာသာစကား ဟုခေါ်သည်။ ရခိုင်တွင် အေဒီ (၄) ရာစု ဝေသာလီကျောက်လှီကားခေတ် ကပင်စာအရေးးအသား ရှိနေပြီးဖြစ်သည်။ ရခိုင်ဘာသာ စကားကို လေးမြို့ခေတ် (အေဒီ ၁၁ ရာစု-၁၄၃၀) တွင် ရက္ခဝဏ္ဏအက္ခရာဖြင့် စာပေမှတ်တမ်းတင်ခဲ့ကြ၏။ လေးမြို့ခေတ်ကျောက်စာများ နှင့် ပုဂံခေတ် ကျောက်စာတို့ကို နှိုင်းကြည့်ပါက ”ရခိုင်ဘာသာစကားသည် မြန်မာဘာသာစကား နှင့် အသံထွက်အများကြီးခြားနားမှုရှိကြောင်း၊ ရခိုင်ဘာသာစကားကပိုမို ရှေးကျပြီး စကားသံနှင့် စာလုံးပေါင်းတို့ ပိုမိုဆီလျော်မူရှိကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ဘာသာစကားကိုအက္ခရာတင် ရေးသားခြင်းမပြုမီက ရခိုင်စကားသံသည် မြန်မာ (ဗမာ) စကားသံနှင့် ဆင်တူလိမ့်မည်ဟု ထင်မြင်ရကြောင်း (L.F. Taylar: The Dialect of Burmese) စာတမ်းက ဆိုသည်။
ဤအချက်ကို ရှေးဟောင်းကျောက်စာများတွင် အောက်ပါအတိုင်း လေ့လာနိုင်သည်။
ရှိ/ဟိ။ ။ ရခိုင် “မဟိကြဆိုဝ်၍” (ရခိုင်၊ ဘူးတောင်းကွဲ ကျောက်စာ၊ ၁၄၅၂ အေဒီ)၊ ”ဥစ္စာဟိလျက်” (ဗုဒ္ဓဂါယာ၊ မဟာဗောဓိ ရခိုင် ကျောက်စာ၊ ၁၂၉၅ အေဒီ)၊ ”ငါနာင့်တူသူလူတွင်မဟိ” (ရခိုင် လောင်းကြက်တောင်မော်ကျောက်စာ၊ ၁၁၂၃ အေဒီ)၊
မြန်မာ ”အချင်းချင်းအမျက်တစိမဟိ” (ပုဂံ၊ သိင်္ဃသူ့သမီးကျောက်စာ ၁၂၆၆ အေဒီ)၊ ”မြက်နုရိယ်ကြည်ဟိရာ” (ပုဂံ၊ အစောလတ်မောင်နှံကျောက်စာ ၁၂၇၀ အေဒီ)
ယင်းကိုထောက်လျှင် လေးမြို့ခေတ်နှင့် ပုဂံခေတ်တို့တွင် ရခိုင်နှင့်မြန်မာသည် ”ဟိ” ကိုအတူတူ သုံးခဲ့ကြသည်။
စာရေး/စာရီး ။ ။ ရခိုင်ဘာသာစကားတွင် ယနေ့တိုင် စာရီး (စာရွီး) ဟု ပြောဆိုနေကြသကဲ့သို့ ပုဂံခေတ် မြန်မာ ဘာသာစကား တွင်လည်း စာရီး ဟူ၍ပင်ပြောဆို သုံစွဲခဲ့ကြသည်။ ”နိဒါန်းဇာလေတစ်က္လမ်ရိဧ” (နိဒါန်းစာလေ့ တစ်ကျမ်းရီဧ့) (ပုဂံ၊ ပေါ်တော်မူဘုရားကျောက်စာ၊ ခုနှစ်မသိ)၊ စာရိယ်သောသုကြွယ်” (စာရီးသောသူကြွယ်) (ပုဂံ၊ ငါမ် ငကျည်သင်ကျောက်စာ၊ မြန်မာနှစ် ၅၁၃-ခု)
ဖူရစိယ် (အသံထွက်- ဖူးရစီ) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄) - ရခိုင်စကား- ဖူးရစီ၊ ခေတ်မြန်မာ- ဖူးရစေ
ပီယ်ဧအ် (အသံထွက်- ပီးဧ့) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄) - ရခိုင်စကား-ပီးရေ၊ ခေတ်မြန်မာ- ပေး၏
သြက်မိရအာ (အသံထွက်- အောက်မိရကား) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄) - ရခိုင်စကား-အောက်မိရကား၊ ခေတ်မြန်မာ- အောက်မေ့ရကား
သက်သိယ် (အသံထွက်- သက်သီ) (စခီပုနာကျောက်စာ၊ ၅၃၀) - ရခိုင်စကား- သက်သီ၊ ခေတ်မြန်မာ- သက်သေ
ကြီမုံ (အသံထွက်- ကြီးမုံ) (သူဌေးမုခ်ဂူဘုရား၊ ၅၅၉) - ရခိုင်စကား- ကြီးမုံ၊ ခေတ်မြန်မာ- ကြေးမုံ
လှူခသော (အသံထွက်- လှူခသော) (ငါပေါင်သင်ကျောက်စာ၊ ၅၃၇) - ရခိုင်စကား-လှူခသော၊ ခေတ်မြန်မာ- လှူခဲ့သော
စာတီ (အသံထွက်- စာတီ) (သူဌေးမုခ်ဂူဘုရား၊ ၅၅၉) - ရခိုင်စကား- ဇာတီ၊ ခေတ်မြန်မာ- စေတီ
ဟုတ္တေ (အသံထွက်- ဟုတ်တေ) (ဇမ္ဗူရာဇိဘုရား၊ ၅၅၈) - ရခိုင်စကား- ဟုတ်တေ၊ ခေတ်မြန်မာ- ဟုတ်တယ်
ရိယ်ကန်ရိယ်တွင်တန်ထာ (အသံထွက်- ရီကန်ရီတွင်းတန်ထား) (သင်ကြီးညောင်ခုပ်၊ ၅၆၉)၊ ရခိုင်စကား- ရီတွင်း၊ ရီကန်၊ တန်းထား၊ ခေတ်မြန်မာ- ရေတွင်း၊ ရေကန်၊ တံတား
ကြိယ်ဆိမီတိုင် (အသံထွက်-ကြီးဆီမီးတိုင်) (ပုဂံပြတိုက် အမှတ် ၈၂၊ ၅၇၃) - ရခိုင်စကား- ကြီးဆီမီးတိုင်၊ ခေတ်မြန်မာ- ကြေးဆီမီးတိုင်
.........................
Sources: wikimyanmar
ရှေးရခိုင်စကားနှင့် ရှေးမြန်မာစကားနှိုင်းယှဉ်ချက်
ရခိုင် လေးမြို့ခေတ်နှင့် ပုဂံခေတ်တို့တွင် ရခိုင်နှင့်မြန်မာသည် (ပိုင်ဆိုင်ခြင်းပြ ကြိယာ) ”ဟိ” ကို ထပ်တူ သုံးစွဲခဲ့ကြသည်။ ရခိုင်ဘာသာစကားတွင် ယနေ့တိုင် သုံးစွဲနေဆဲ ဖြစ်သည်။ မြန်မာကမူု ”ဟိ” အစား ”ရှိ” ကို ပြောင်းလဲ အသုံးပြုနေကြပြီ ဖြစ်သည်။ဤအချက်ကို ရှေးဟောင်းကျောက်စာများတွင် အောက်ပါအတိုင်း လေ့လာနိုင်သည်။
ရှိ/ဟိ။ ။ ရခိုင် “မဟိကြဆိုဝ်၍” (ရခိုင်၊ ဘူးတောင်းကွဲ ကျောက်စာ၊ ၁၄၅၂ အေဒီ)၊ ”ဥစ္စာဟိလျက်” (ဗုဒ္ဓဂါယာ၊ မဟာဗောဓိ ရခိုင် ကျောက်စာ၊ ၁၂၉၅ အေဒီ)၊ ”ငါနာင့်တူသူလူတွင်မဟိ” (ရခိုင် လောင်းကြက်တောင်မော်ကျောက်စာ၊ ၁၁၂၃ အေဒီ)၊
မြန်မာ ”အချင်းချင်းအမျက်တစိမဟိ” (ပုဂံ၊ သိင်္ဃသူ့သမီးကျောက်စာ ၁၂၆၆ အေဒီ)၊ ”မြက်နုရိယ်ကြည်ဟိရာ” (ပုဂံ၊ အစောလတ်မောင်နှံကျောက်စာ ၁၂၇၀ အေဒီ)
ယင်းကိုထောက်လျှင် လေးမြို့ခေတ်နှင့် ပုဂံခေတ်တို့တွင် ရခိုင်နှင့်မြန်မာသည် ”ဟိ” ကိုအတူတူ သုံးခဲ့ကြသည်။
စာရေး/စာရီး ။ ။ ရခိုင်ဘာသာစကားတွင် ယနေ့တိုင် စာရီး (စာရွီး) ဟု ပြောဆိုနေကြသကဲ့သို့ ပုဂံခေတ် မြန်မာ ဘာသာစကား တွင်လည်း စာရီး ဟူ၍ပင်ပြောဆို သုံစွဲခဲ့ကြသည်။ ”နိဒါန်းဇာလေတစ်က္လမ်ရိဧ” (နိဒါန်းစာလေ့ တစ်ကျမ်းရီဧ့) (ပုဂံ၊ ပေါ်တော်မူဘုရားကျောက်စာ၊ ခုနှစ်မသိ)၊ စာရိယ်သောသုကြွယ်” (စာရီးသောသူကြွယ်) (ပုဂံ၊ ငါမ် ငကျည်သင်ကျောက်စာ၊ မြန်မာနှစ် ၅၁၃-ခု)
ပုဂံကျောက်စာများတွင် တွေ့ရသော ရခိုင်အသံထွက်
က္ကယ်ရှုပ်ပုရှာကာ (အသံထွက်- အေရွှီဘုရားကား) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄) - ရခိုင်စကား- အေရွှီဘုရားကား၊ ခေတ်မြန်မာ- ဤရွှေဘုရားကားဖူရစိယ် (အသံထွက်- ဖူးရစီ) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄) - ရခိုင်စကား- ဖူးရစီ၊ ခေတ်မြန်မာ- ဖူးရစေ
ပီယ်ဧအ် (အသံထွက်- ပီးဧ့) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄) - ရခိုင်စကား-ပီးရေ၊ ခေတ်မြန်မာ- ပေး၏
သြက်မိရအာ (အသံထွက်- အောက်မိရကား) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄) - ရခိုင်စကား-အောက်မိရကား၊ ခေတ်မြန်မာ- အောက်မေ့ရကား
သက်သိယ် (အသံထွက်- သက်သီ) (စခီပုနာကျောက်စာ၊ ၅၃၀) - ရခိုင်စကား- သက်သီ၊ ခေတ်မြန်မာ- သက်သေ
ကြီမုံ (အသံထွက်- ကြီးမုံ) (သူဌေးမုခ်ဂူဘုရား၊ ၅၅၉) - ရခိုင်စကား- ကြီးမုံ၊ ခေတ်မြန်မာ- ကြေးမုံ
လှူခသော (အသံထွက်- လှူခသော) (ငါပေါင်သင်ကျောက်စာ၊ ၅၃၇) - ရခိုင်စကား-လှူခသော၊ ခေတ်မြန်မာ- လှူခဲ့သော
စာတီ (အသံထွက်- စာတီ) (သူဌေးမုခ်ဂူဘုရား၊ ၅၅၉) - ရခိုင်စကား- ဇာတီ၊ ခေတ်မြန်မာ- စေတီ
ဟုတ္တေ (အသံထွက်- ဟုတ်တေ) (ဇမ္ဗူရာဇိဘုရား၊ ၅၅၈) - ရခိုင်စကား- ဟုတ်တေ၊ ခေတ်မြန်မာ- ဟုတ်တယ်
ရိယ်ကန်ရိယ်တွင်တန်ထာ (အသံထွက်- ရီကန်ရီတွင်းတန်ထား) (သင်ကြီးညောင်ခုပ်၊ ၅၆၉)၊ ရခိုင်စကား- ရီတွင်း၊ ရီကန်၊ တန်းထား၊ ခေတ်မြန်မာ- ရေတွင်း၊ ရေကန်၊ တံတား
ကြိယ်ဆိမီတိုင် (အသံထွက်-ကြီးဆီမီးတိုင်) (ပုဂံပြတိုက် အမှတ် ၈၂၊ ၅၇၃) - ရခိုင်စကား- ကြီးဆီမီးတိုင်၊ ခေတ်မြန်မာ- ကြေးဆီမီးတိုင်
ကျမ်းကိုး
ကျော်မင်းထင်၊ ရခိုင်ဘာသာစကားနှင့် ပုဂံခေတ်မြန်မာစာ ဆက်နွယ်မှု စာတမ်း (ရွှေကျွန်းသန္တာ မဂ္ဂဇင်း၊ ၂၀၀၁၊ ဒီဇင်ဘာ).........................
Sources: wikimyanmar
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။