ရခိုင်ပြည်နယ် ပညာရေးမှူး လာဒ်ပေး လာဒ်ယူမူနှင့် စစ်ဆေးခံနေရ

ရခိုင်ပြည်နယ် ပညာရေးမှူးအား လာဒ်ပေး လာဒ်ယူဖြင့် အထက်က ၀င်ရောက်စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးက “ အခုသူ့ကို ဒီအီးလို့ခေါ်တဲ့ Department Enquiry ၀င်နေပါတယ်။ ဘယ်လို ဖြစ်လာမလဲတော့ မသိရသေးဘူး။ အောက်မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာက ဒုညွှန်ကြားရေးမှူး ဦးအေးကြိုင်နဲ့ အဖွဲ့လည်း များမကြာမှီက လာရောက် စစ်ဆေးခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ဆေးတာနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိရသေးဘူး” ပြောသည်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဇော်ဝင်းသည် နေရာပြောင်းရွှေ့လိုသူ ဆရာ ဆရာမ တစ်ဦး ထံမှ ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းထိ လာဒ်ယူခဲ့သည်ဟု ဆိုကာ စွပ်စွဲ ခံနေရပြီးနောက် ထိုသို့ စစ်ဆေး ခံနေရခြင်း ဖြစ်သည်။

“ သူက နယ်မှာ ကျနေတဲ့ ဆရာ ဆရာမ တစ်ဦး စစ်တွေကို ပြောင်းချင်ရင် ၁၀ ကျပ် သိန်းထိ ယူပြီးတော့ မြို့နယ်တစ်ခုအတွင်းမှာ ပြောင်းမယ်ဆိုရင် ကျပ် ၃ သိန်းကနေ ၅ သိန်းထိ ယူပါတယ်။ အဲသလို ပိုက်ဆံ ရယူလိုတဲ့ အတွက် နိုဝင်္ဘာလလယ်မှာ တစ်ကြိမ်နဲ့ ဒီဇင်္ဘာလလယ်မှာ တစ်ကြိမ် ကျောင်းဆရာတွေကို ရက် ၃၀ အတွင်း နှစ်ကြိမ် အပြောင်းအရွှေ့ လုပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သတင်း ပေါက်ကြားသွားပီး ခုလို စစ်ဆေးခံရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ပညာရေးမှူး ဦးဇော်ဝင်းမှာ ဗမာအမျိုးသား ဖြစ်ပြီး များမကြာမှီ ပင်စင်ယူပြီး ဗမာပြည်သို့ ပြန်တော့မည် ဖြစ်ရာ ပညာရေးမှူးဘ၀မှ အနားမယူမှီ ထိုသို့ ငွေကြေးများကို လာဒ်ယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကျောင်းဆရာက ပြောသည်။

“ လက်ရှိထွက်နေတဲ့ သတင်းက ခုလို လုပ်တဲ့ အတွက် တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျပ်သိန်း ၁၀၀၀ နီးပါးရသွားတယ်လို့ သိရပါတယ်။ ပင်စင်ယူပြီး ဗမာပြည်ကို မပြောင်းခင် သူက အပိုင်ကိုင် လိုက်တာ ဖြစ်ပါတယ်။ သူ့ကို စစ်ဆေးတော့ သူတစ်ယောက်တည်းစားတာ မဟုတ်ဘဲ အထက်က လူကြီး တချို့ကိုလည်း သူက ခွဲဝေပေးရတယ်လို့ ထွက်ဆိုပြီး သူ့ကိုအရေးယူရင် တခြား လူကြီးတွေကိုပါ အရေးယူပါလို့ ပြောဆိုတာကြောင့် ခုထက်ထိ အရေးမယူရဲဘဲ ဖြစ်နေတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

ပညာရေးမှူး ဦးဇော်ဝင်း လာဒ်ပေး လာဒ်ယူ ပြုလုပ်သည့် စွပ်စွဲချက်ကို ကြားနာ စစ်ဆေးရာတွင် ပုဏ္ဍားကျွန်းမြို့မှ ဆရာ ဆရာမ ၁၁ ဦးကိုလည်း ခေါ်ယူ စစ်ဆေးခဲ့သည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ဆရာမ တစ်ဦးက “ ပုဏ္ဍားကျွန်း အထက်တန်းကျောင်းနဲ့ စံပြရပ်ကွက် မူလတန်း ကျောင်းက ဆရာ ဆရာမ ၁၁ ဦးကို စစ်တွေကို ခေါ်ယူပြီး ဒုညွှန်ကြားရေးမှူး ဦးအေးကြိုင်က စစ်ဆေးပါတယ်။ ကျွန်မတို့ကို ပိုက်ဆံပေးရတာ မှန်သလား။ ဘာကြောင့် ကျောင်းပြောင်းချင်ရတာလဲ စတဲ့ အချက်တွေကို မေးပါတယ်။ ကျွန်မကတို့ တိုက်ရိုက် မပြောပေမယ့် အနည်းအကျဉ်းပေးရတဲ့ အကြောင်း၊ ရွှေပုဇွန်တွေနဲ့ ရခိုင်ပုဆိုးတွေ လက်ဆောင်ပေးရတဲ့ အကြောင်း ထွက်ဆိုခဲ့ပါတယ်” ဟု ပြောသည်။

ယခုအခါ ပြည်နယ် ပညာရေးမှူး ဦးဇော်ဝင်းမှာ အထက်က ချမှတ်မည့် အမိန့်ကို စောင့်ဆိုင်းနေကြောင်း စုံစမ်း သိရှိရသည်။


http://www.narinjara.com/detailsbur.asp?id=2974
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။