ရခိုင် နာမည်ကြီး သရုပ်ဆောင်များ ပါဝင်သော ဂီရိ နောက်ခံ ရုပ်ရှင်ကား ကျောက်ဖြူတွင် ရိုက်ကူးပြီ

စောစော
----------
ရခိုင်မှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသော နေတိုးနှင့် ခန့်စည်သူတို့ ပါဝင်သည့် ဂီရိ နောက်ခံ ရုပ်ရှင်ကားကို ကျောက်ဖြူမြို့တွင် စတင် ရိုက်ကူးနေပြီ ဖြစ်သည်။


nay-toe
မျက်မြင် ဒေသခံ တစ်ဦးက “ ဒီလ ၁၀ ရက်နေ့မှာ ကျောက်ဖြူ အမှတ် (၁) ဖေါင်တော်မှာ ရိုက်ကူးပြီး ၁၂ ရက်နေ့မှာတော့ မြို့မကျောင်းမှာ ရိုက်ကူးပါတယ်။ လူတွေက စိတ်ဝင်တစားနဲ့ ကြိတ်ကြိတ် တိုးတိုး သွားကြည့်ကြပါတယ်” ဟု ပြောသည်။

ရုပ်ရှင် ရိုက်ကူးရာ ပါဝင်သူ သရုပ်ဆောင်များမှာ နေတိုး၊ ခန့်စည်သူ၊ ရဲတိုက်၊ ထွန်းထွန်းနှင့် မိုးယုစံတို့ ဖြစ်ပြီး အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွှင်က ရိုက်ကူးနေကြောင်း သိရသည်။

ရုပ်ရှင်ကား၏ အမည်အား မသိရသေးသော်လည်း နေတိုးက ကြည်းတပ်မှ အရာရှိ တစ်ဦး အဖြစ် သရုပ်ဆောင်ပြီး ထွန်းထွန်းမှာ ရေတပ် အရာရှိ တစ်ဦး အဖြစ် သရုပ်ဆောင်ကြောင်း ရုပ်ရှင် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဇာတ်ကားကို နောက်ရက် အတန်ကြာငယ် ကြာအောင် ရိုက်ကူးနိုင်ပြီး ကျောက်ဖြူမြို့ရှိ ရိုက်ကွင်းအလှအပ နေရာများတွင် ဆက်လက် ရိုက်ကူးရန် စီစဉ်နေကြောင်း သိရသည်။

ကျောက်ဖြူမြို့ခံ လူကြီး တစ်ဦးက “ ဇာတ်ကားကို ဂီရိလေဘေးသင့် ပြည်သူတွေကို အဓိက ကျောရိုးထားပြီး ရိုက်ကူးရင်တော့ စိတ်ဝင်စားစရာ ကောင်းပြီး လူတွေက သဘောကျကြပါလိမ့်မယ်။ စစ်တပ်က အရာရှိတွေကို ဇာတ်ကောင်ထားပြီး တခါလာလည်း စစ်ဗိုလ် ဇာတ်လိုက် နှစ်ခါလာလည်း ရေတပ်ဗိုလ်က ဇာတ်လိုက် မဲပြာပုဆိုး ဇာတ်ကား ဆိုရင်တော့ လူတွေက သဘောကျကြမှာ မဟုတ်သလို လူထု အတွက်လည်း ဘာမှ အကျိုးဖြစ်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ကျောက်ဖြူမြို့ သစ်ပုတ်တောင်တွင် အခြေစိုက်သော ရေတပ်ဌာနချုပ်မှာ ပြည်သူလူထုထံမှ ဆက်ကြေးများ ကောက်ပြီး လူထုကို အနိုင်ကျင့်နေသော ရေတပ် ဖြစ်သဖြင့် ရေတပ်ဗိုလ်ကို အဓိက ဇာတ်ကောင်ထားပြီး ဂီရိ မုန်တိုင်းဒေသ နောက်ခံနှင့် ရိုက်ကူးသော်လည်း လူကြိုက် မများနိုင်ကြောင်း လေ့လာသူများက ပြောသည်။


 http://www.narinjara.com/detailsbur.asp?id=2972
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။