ပုဏ္ဏားကျွန်းမြို့နယ် ပိုးရှီပြင် ကျေးရွာ စက်လှေတိမ်းမှောက်မှု ကြောင့် ပျောက်ဆုံးနေသော ကျောင်းသား/သူ ၇ ဦး အလောင်း ပြန်တွေ့ရှိ

တေဇာအောင် ၊ ဇွန် ၂

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရှီပြင်ကျေးရွာမှ ဂန့်ဂါသို့ ကျောင်းသားကျောင်းသူ ၃၅ဦးတင်ဆောင်လာသော စက်လှေတိမ်းမှောက်မှုမှ ပျောက်ဆုံးအလောင်း ၇လောင်းလုံး အား ဇွန်လ၂ရက်နေ့ ညနေပိုင်းတွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။

“ကျောင်းသားတွေကို ပို့ရမှာက ၂နေရာပါ။ ရဟတ်တောင်နဲ့ ဂန့်ဂါကို ခွဲပို့ရမှာ။ ဒါကို ကျောင်းသားတွေက မစောင့်နိုင်တော့ အားလုံးစီးပြီး လိုက်သွားကြတယ်။ ပုံမှန်ဆို ၂၈ယောက်ပဲ တင်တာ။ ရေလယ်ရောက်တော့ ဦးပိုင်းမှာ လူများနေလို့ ပဲ့ပိုင်းကို ပြောင်းစီးရာကနေ တိမ်းမှောက်တာပါ” ဟု ပိုးရွှီပြင် ရဲစခန်းမှ ဒုရဲမှူး ဦးကျော်ဇံကပြောသည်။

အဆိုပါ စက်လှေတိမ်းမှောက်မှု ဖြစ်စဉ်တွင် အသက်သေဆုံးသွားသော မိဘများကို ကူညီထောက်ပံ့မှုပေးရန် ရခိုင်ပြည်နယ် အစိုးအရအဖွဲ့မှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၀န်ကြီး ဒေါက်တာချမ်းသာ၊ စည်ပင်သာယာရေးဝန်ကြီးဌာနမှ ၀န်ကြီးဦးမင်းအောင်နှင့် သက်ဆိုင်ရာ ဌာနမှတာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ လာရောက်ကြကြောင်း သိရသည်။

“ကျွန်တော်တို့လာရောက်တာက အားပေးကူညီဖို့ပါ။ ကျွန်တော်တို့ ထောက်ပံ့ငွေပေးတယ် ဆိုတာကလည်း ကလေးတွေ ကောင်းရာမွန်ရာရောက်အောင် အလှူအတန်းလုပ်နိုင်ဖို့နဲ့ အမျှဝေဖို့ပါ”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ၀န်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

အဆိုပါစက်လှေတိမ်းမှောက်မှုတွင် သေဆုံးသွားသော ကျောင်းသားကျောင်းသူ ၇ဦး၏ မိဘများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျင်၃သိန်းကျပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၁သိန်းကျပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ေ ရးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၁သိန်းကျပ်နှင့် ပညာရေး ၀န်ကြီး ဌာနမှ ၁သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ၄၂သိန်းကူညီထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၀ံလက်ဖောင်ဒေးရှင်းမှလည်း ကျောင်းသားမိဘတစ်ဦးလျင် ၁သိန်းကျပ်နှုန်း ထောက်ပံ့ကူညီမှု ပေးခဲ့ပြီး အဆိုပါ စက်လှေတိမ်းေ မှာက်မှုတွင် လိုက်လံကယ်ဆယ် ရှာဖွေရေးတွင် တစ်တပ်တစ် အား ကူညီမှုပေးခဲ့သော ပိုးရွှီပြင်မဟာမိတ်လူမှုရေး အသင်းကို လည်း ငွေ ကျပ်၂သိန်း ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

Rakhine Gazette 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။