ကစ္ဆပမြစ်ရေတိုက်စားမှုကြောင့် တောပန်ဇင်းကျေးရွာတွင် ကမ်းပါးပြိုကျပြီး အရေးပေါ်နေအိမ် ၁၀ လုံးပြောင်းရွှေ့နေရ

ရခိုင်ဂေဇက် ၊ ဇွန် ၂

ကစ္ဆပမြစ်ရေတိုက်စားမှုကြောင့်ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောပန်ဇင်းကျေးရွာတွင် ကမ်းပါးပြိုကျပြီး အရေးပေါ်နေအိမ် ၁၀ လုံးအား ပြောင်းရွှေ့နေရကြောင်း သတင်း ရရှိသည်။

တောပန်ဇင်းကျေးရွာသည် ကျောက်တော်မြို့နှင့် အပေါက်ဝကျေးရွာကြားတွင်တည်ရှိပြီး မိုးရွာသည်နှင့် တပြိုင်နက် နှစ်စဉ်ရေတိုက်စားမှုဒဏ်ကို ခံနေရသောကျေးရွာတစ်ရွာဖြစ်ကြောင်း ကျောက်တော်မြို့နယ်အရေး ပေါ်လူမှုကယ် ဆယ်ရေး အဖွဲ့အစည်းမှ ရှေ့နေ ဦးလှထွန်းက ပြောသည်။

အဆိုပါ မြစ်ရေတိုက်စား မှုဒဏ်ကြောင့် တောပန်ဇင်းကျေးရွာ အတွင်း နောက်ထပ် နေအိမ်များလည်း တဖြည်းဖြည်း ပြောင်းရွှေ့လာမည့်အခြေအနေတွင်ရှိနေကြောင်း ဒေသခံ ကျေးရွာသားများ ကဆိုသည်။

ကျောက်တော်မြို့နယ် တောပန်ဇင်းကျေးရွာတွင် အိမ်ခြေ ၂၈ စုရှိပြီး လူဦးရေ ၁၅၀ ခန့်ရှိကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ၄င်းကျေးရွာ သားများ နေထိုင်စရာများနှင့် အိုးအိမ်ဆောက်လုပ်ရန် ကူညီပံ့ပိုးမှုများ လိုအပ်နေကြောင်း သိရသည်။

ဓါတ်ပုံ... ဦးထွန်းလှ ( fb ).။ တောပန်ဇင်းကျေးရွာ မြစ်ရေ တိုက်စားမှုအား တွေ့ရစဉ် ။

#ရခိုင်ဂေဇက်
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။