မဘသ တံဆိပ်ဖြင့် နိုင်ငံရေးလှုံ့ဆောင်မှု ရပ်ရန် မဘသအဖွဲ့ အပြင်းအထန်သတိပေး


ရန်ကုန်၊ အောက်တိုဘာ ၄ ။ ။

 အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) တံဆိပ်များကို အသုံးပြုကာ နိုင်ငံရေးလှုံ့ဆော်နေမှုများကို ရပ်တန်းကရပ်ကြရန် အပြင်းအထန်သတိပေးကြောင်း အောက်တိုဘာ ၄ရက်က အစိုးရပိုင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ (၁)တွင် ကျင်းပသည့် အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုပွဲတွင် သဘောထား ကြေငြာချက် ထုတ်ပြန်လိုက်သည်။

“မဘသက ဓမ္မဖောင်ဒေးရှင်းတရားနဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းဖြစ်တာကြောင့် မေတ္တာရပ်ခံတာတို့ ဂရုဏာနဲ့ဆုံးမတာတို့ပဲ လုပ်နိုင်တယ်။ ဒါကိုမှ မလိုက်နာဘူး၊ ထိခိုက်စေတယ်၊ ထိခိုက်အောင် လုပ်တယ်ဆိုရင် တို့ကဘာလုပ်နိုင်လဲဆိုရင် ဥပဒေကြောင်းကနေ လုပ်သွားရမှာပေါ့။ ဓမ္မစက်က မပျံ့နှံ့နိုင်ရင်တော့ အာဏာစက်ကိုပို့ရမှာပေါ့။” ဟု မဘသဆရာတော်တစ်ပါးဖြစ်သော ဒေါက်တာ အရှင်ဓမ္မပီယက မိန့်သည်။

ကြေညာချက်တွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်းကြီး၏ ဂုဏ်သိက္ခာညိုးနွမ်းစေရန် တမင်ရည်ရွယ်၍ မဘသ(လိုဂို)တံဆိပ်ကို အသုံးပြုလျက် နိုင်ငံရေးလှုံ့ဆော်မှုများကို ရပ်တန်းကရပ်ကြရန် အပြင်းအထန်သတိပေးလိုက်သည် ဟုဖော်ပြပါရှိသည်။

ယင်းအပြင် မဘသ၏ အမျိုးစောင့်ဥပဒေပြဌာန်းနိုင်ရေး ကြိုးပမ်းချက်များကို ကန့်ကွက်နေသော၊ ဖျက်စီးရန် ကြိုးစားနေသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖတ်ကြားရာတွင် မိန့်ကြားထားသည်။

အချက်၁၁ချက်ပါဝင်သော အဆိုပါထုတ်ပြန်ချက်တွင် မဘသအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မည်သည့် ဘာသာ၊ပါတီ၊ လူမျိုး နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုထားသည်။ ယင်းအပြင် မဘသ တံဆိပ်ကို အသုံးပြုပြီး နိုင်ငံရေးလှုံ့ဆော်မှုမပြုရန် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကိုယ့်မြို့ရွာ၊ ကိုယ့်ဘာသာကို စောင့်ရှောက်မည့် ကိုယ်စားလှယ်များကိုသာ မဲပေးရန်၊ အမျိုးစောင့်ဥပဒေများကို အစိုးရအဆက်ဆက်ကာကွယ်စောင့်ရှောက်ရန်၊ တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံသားမဟုတ်သူများကို ၁၉၈၂ခု မြန်မာနိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် စသည်တို့ကိုလည်း ထည့်သွင်း တိုက်တွန်းထားသည်။

http://mizzimaburmese.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

3 comments:

  1. မဘသဆရာတော်များကိုယ်တိုင်နိုင်ငံရေးလှုံ့စော်နေကြပါသည်။

    ReplyDelete
  2. မဘသဆရာတော်ကြီးများဘု၇ား-
    ၂၇-၁၀-၂၀၁၅ရက်နေ့ည(၇၀၀)နာရီအချိန်ဘားအံမြို့မဲဘောင်ကျောင်းတိုက်တွင်မျိုးစောင့်ဥပဒေအောင်ပွဲတွင်မော်လမြိုင်မှဆရာတော်များမှ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင်မဲပေးရမည့်ပါတီအရည်အချင်းကိုသတ်မှတ်ဖော်ပြနေသည်မှာဘုရားဟောတရားနှင့်မညီညွတ်သည့်အပြင်ဘုရားတပြည့်တော်တို့သည်ဆ၇ာတော်များမှဟောပြောသောဒီလိုတ၇ားများကိုမနာယူချင်ပါဘုရား။လောဘ။ဒေါသ။မောဟတို့ချုပ်ငြိမ်း၇ာလွတ်မြောက်ကြောင်းတ၇ားတော်တို့ကိုသာနာယူချင်ကြပါသဖြင့်တ၇ားလမ်းကြောင့်းပြောင်းလပြေးပါရန်နှင့်မျိုးစောင့်ဥပဒေပါပြဌာန်းချက်များကိုသာရှင်းလင်းဟောကြား၇န်သင့်လျော်ပါကြောင်းလျှောက်ထားအပ်ပါသည်ဘုရား။

    ReplyDelete
  3. မြန်မာ့လါတ်လပ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သောစကားများတွင်ဘာသာရေးကိုခုတုံးလုပ်ပြီးကျွန်ုပ်တို့နိုင်ငံရေးဘယ်တော့မှမလုပ်ဘူး ဟုပင်ကြားဖူးပါသည်ဈ

    ReplyDelete

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။