ထားဝယ်တိုင်းရင်းသားများ ပါတီ(DNP)

၁။ ဥက္ကဋ္ဌ - ဦးအေးမင်း
၂။ ပါတီဝင်အရေအတွက် - ၃,၀၀၀ ကျော်။
၃။ မဲဆန္ဒနယ် - တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ကော့သောင်းမြို့နယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးတန်းတူရည်တူဖြင့် စစ်မှန်သော ပြည်ထောင်စုစနစ်ထူထောင်ရေး၊
တိုင်းရင်းသားများ၏ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရေးနှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုရှိရေး၊ ဒေသအတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ဒေသခံများအကျိုးအတွက် ပါဝင်စီမံခန့်ခွဲနိုင်ရေး။
၅။ ဆောင်ပုဒ် - တို့ဒေသ တို့ပါတီ တို့ယုံကြည်။ အောင်နိုင်ရေးဆောင်ပုဒ်မှာ ‘‘ငါတို့ဒေသဖွံ့ဖြိုးဖို့ ထားဝယ်ပါတီကို မဲပေးစို့’’ဖြစ်သည်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပါတီဝင်ဖြစ်ရမည်။ ပြည်သူအတွက် အမှန်တကယ် စေတနာထားဦးစားပေးသူကို အဓိကထားသည်။
၇။ ပါတီရန်ပုံငွေ − ပါတီဝင်များ၏ သင့်တော်သလို ထည့်ဝင်ငွေများဖြင့် ရပ်တည်သည်။ နှောင်ကြိုးမဲ့အကူအညီ ထောက်ပံ့မှုများကို လက်ခံမည်။
၈။ ပါတီနောက်ခံသမိုင်း - ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ထားဝယ်တိုင်းရင်းသားလူမျိုးများ သိက္ခာရှိစွာ နိုင်ငံရေးအရ အသိအ မှတ်ပြုခံနိုင်ရန် ရည်ရွယ်ပြီး ရည်ရွယ်ချက်တူသူ ၁၉ ဦး ပူးပေါင်း၍ ၂၀၁၃ တွင် ပါတီမှတ်ပုံတင်ခဲ့သည်။ ၂၀၁၃  ဒီဇင်ဘာ ၁၇ ရက်တွင် ပါတီအမှတ်(၇၀)ဖြင့် ပါတီတည်ထောင်ခွင့်ရရှိခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့်အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေပြင်ဆင်ဖို့ အစီအစဉ်ရှိတယ်။ ပြင်ဆင်ဖို့ တိုင်းရင်း သားမဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အခုလည်းပါဝင်လုပ်ဆောင်နေတယ်။ နောက်ထပ်လည်း ဆက်လုပ်ဖို့ရှိနေတယ်။ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) နဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ဒေသနဲ့ ကိုက်ညီမယ့်ဈေးကွက်တွေ ဖော်ဆောင်ပေးဖို့အစီအစဉ်ရှိ တယ်။ တန်ဖိုးနိမ့်ကုန်ကြမ်းတွေကို တန်ဖိုးမြင့်ကုန်ချောတွေအထိ လုပ် နိုင်အောင် နိုင်ငံတကာနည်းပညာ ဖလှယ်မှုတွေ၊ ကူညီတောင်းခံမှုတွေ လုပ်ဆောင်သွားမယ်။ ဈေးကွက်ရှာဖွေပေးသွားမယ်။
ပြည်သူတွေက ထားဝယ်တိုင်းရင်းသားများပါတီကို ဘာကြောင့်မဲပေး သင့်သလဲ။
ပါတီရဲ့ အန္တိမ အဓိကရည်ရွယ်ချက်က ထားဝယ်ဒေသကို ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုအထိ ဖြစ်လာဖို့ ရည်ရွယ်ထားတာကြောင့် ထားဝယ်ပါတီကို မဲပေးသင့်တယ်။ တကယ်လို့ ထားဝယ်ပါတီ ကျရှုံးခဲ့ မယ်ဆိုရင် ထားဝယ်တိုင်းရင်းသားတွေ ကျရှုံးမှုဖြစ်သွားနိုင်တယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
လက်ရှိ ခေတ်စနစ်ကို ပြောင်းလဲပေးနိုင်မယ့်သူ၊ စစ်မှန်သော ဒီမို ကရေစီစနစ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ပေးနိုင်မယ့်သူ ကို ရွေးချယ်သွားမယ်။
ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက် - (၅၅) နှစ်
ပညာအရည်အချင်း - ဓာတုဗေဒဘွဲ့။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ - ၂၀၁၃ ဒီဇင်ဘာမှစတင်၍ နိုင်ငံ ရေးပါတီတည်ထောင်ပြီး နိုင်ငံရေးလောကထဲ ၀င်ရောက်လာ။
လက်ရှိအလုပ်အကိုင် - ကိုယ်ပိုင်ဘာသာရပ်သင်တန်းဆရာ။
စံပြပုဂ္ဂိုလ် - ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီး ဗထူး။
ဆက်သွယ်ရန် လိပ်စာ - အမှတ် (၁၂၂)၊ ဆန်းချီလမ်း၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်းနံပါတ် - ၀၅၉-၂၂၁၅၂။
http://7daydaily.com/election-2015/party
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။