တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၁။ ဥက္ကဋ္ဌ - ဦးသန်းတင်
၂။ ပါတီဝင်အရေအတွက် - လေးသိန်းခွဲကျော်။
၃။ မဲဆန္ဒနယ်- မြို့နယ် ၂၀၄ ခုတွင် မဲဆန္ဒနယ် ၇၅၆ နေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ပြည်သူ့အကျိုးပြု မြန်မာ့လမ်းစဉ်ဖြင့် လူအများကောင်းစားရေးဝါဒကို ဖော်ဆောင်မည်။
၅။ ဆောင်ပုဒ်- နိုင်ငံ့အင်အား တိုင်းရင်းသား။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ဒေသခံဖြစ်ရန်၊ အတ္တနည်းရန်၊ လွှတ်တော်ရေးရာများ ဆောင်ရွက်နိုင်သည့် အရည်အချင်းရှိရန်တို့ကို အခြေခံကာ အမျိုးသမီးနှင့် တိုင်းရင်းသားတို့ကိုဦးစားပေးရွေးချယ်။
၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ နှစ်စဉ်ကြေး၊ ပါတီလိုလားသူများ၏ လှူဒါန်းငွေ၊ စီးပွားရေးလုပ်ငန်းအချို့မှ ၀င်ငွေများဖြင့် ရပ်တည်နေ။
၈။ ပါတီနောက်ခံသမိုင်း- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေခံသည့် ပါတီတစ်ရပ်အနေဖြင့် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့။ မူလပါတီမှ ပါတီစုံစနစ်ကိုလက်ခံခြင်း၊ ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်ကို လက်ခံကျင့်သုံးခြင်းဖြင့် ပြောင်းလဲခဲ့။ နိုင်ငံတကာစံအနေဖြင့် Center Left (ဗဟိုလက်ဝဲယိမ်း)ပါတီဖြစ်သည်။

ပါတီပြောရေးဆိုခွင့်ရှိသူနှင့်အမေး အဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
ကိုယ်တို့ပါတီအနေနဲ့ အခြားပါတီတွေနဲ့မတူတာက ဖွဲ့စည်းပုံအ ခြေခံဥပဒေရေးဆွဲရေးအတွက် အမျိုးသားညီလာခံကျင်းပကတည်းက ၁၉၉၃ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ပါလာခဲ့တဲ့ ပါတီပဲ။ ဒီဟာနဲ့ပတ် သက်လို့ စ၊ လယ်၊ ဆုံး သိတယ်။ ဒါကြောင့် ပြင်သင့်၊ ပြင်ထိုက်တဲ့အ ကြောင်းအရာတွေကို လွှတ်တော်ထဲမှာ ပြင်နိုင်အောင်ပို့ထားတယ်။ အ ရေးကြီးတာတွေပြောရရင် ၄၃၆ နဲ့ပတ်သက်ပြီး ပြင်သင့်တယ်။ ၇၅ ရာ  ခိုင်နှုန်းကျော်ဆိုတာ မဖြစ်သင့်ဘူး။ တိုင်းနဲ့ပြည်နယ်တွေနဲ့ ပြည်ထောင်စု မှာ ဇယားတွေနဲ့ပတ်သက်လို့ ချုပ်ကိုင်မှုနည်းနည်းများတယ်။ ဒါကို လျှော့ပေးရမယ်။ ဒါမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ကတော့ ပြင်ဆင်ရမယ်ဆိုတဲ့ Concept ကို လက်ခံတယ်။ အခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီ ထွေဖြစ်အောင် ပြင်ဆင်ရမယ်။ တစ်သမတ်တည်း ကိုင်စွဲထားလို့မရ ဘူး။ လွှတ်တော်ထဲမှာရောက်ရင်လည်းပဲ တကယ့်ကိုလုပ်သားပြည်သူ တွေအကျိုးရှိမယ်။ အချိန်အခါအရလည်း သင့်တော်မယ်ဆိုရင် ပြင်ရ မယ်ဆိုတဲ့ Concept ရှိတဲ့အတွက် အဲဒီလိုအခြေအနေနဲ့ ကြုံလာတိုင်း လုပ်ဆောင်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ကိုယ်တို့ပါတီအနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အခုလည်းပဲ ထဲ ထဲဝင်ဝင်လုပ်နေတာပဲ။ လွှတ်တော်ထဲမှ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှိတယ်။ လက်မှတ်ထိုးမယ်။ ပြီးရင် နိုင်ငံရေး ဆွေးနွေးမယ်။ နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့အချိန်ကျရင် ဘယ်မူဘောင် နဲ့သွားမလဲဆိုတာ ၅၆ ပါတီ လက်မှတ်ထိုးဖို့ ထဲထဲဝင်ဝင်လုပ်နေတယ်။ အခုဆိုပြီးသွားပြီ။ အဲဒီလိုလှုပ်ရှားမှုတွေကို ကိုယ်တို့ပါဝင်နေတယ်။ နောက်တစ်ခုက လွှတ်တော်ထဲမှာဆိုတဲ့အခါကျတော့လည်း Common Ground ပဲ။ ဘယ်ပါတီနဲ့မဆိုလုပ်မှာပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်နေရာကလုပ်ရ လုပ်ရ ပြဿနာမရှိဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက် လို့ ကိုယ်တို့ပွဲကြည့်ပရိသတ်တစ်ယောက်လို ကြည့်မနေနိုင်ဘူး။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
ကိုယ်တို့ရဲ့ စီးပွားရေးမူဝါဒက တစ်တိုင်းပြည်လုံး (Growth) ဖွံ့ဖြိုး တိုးတက်အောင် ဈေးကွက်ယန္တရားနဲ့လုပ်မယ်။ ဖော်ဆောင်မယ်။ Growth ရလာပြီဆိုရင် ပြည်သူတွေကို ပြန်ပြီးခွဲဝေဖြန့်ဖြူးတဲ့အခါမှာ ညီ ညွတ်မျှတတဲ့ ခွဲဝေမှုမျိုးဖြစ်အောင်လုပ်မယ်။ ဒါကြောင့် ကိုယ်တို့ရဲ့ ဈေး ကွက်စီးပွားရေးစနစ်မှာ Social Market Economy ကိုကျင့်သုံးရမယ်လို့ ခံယူထားတယ်။ ရှေ့က Social ဆိုတဲ့ဟာလေးပေါ့။ အင်္ဂလိပ်လိုဆိုရင် တော့ Growth with equity, Growth with justice ဆိုပါတော့။ အလုပ် ရုံစက်ရုံတစ်ခု။ ပိုင်ရှင်လည်း ရင်းနှီးမြှုပ်နှံထားတာရှိမယ်။ ၁၀၀ ရတယ်။ ၈၀ ယူတယ်။ ၂၀ ပေးမယ်။ ဒါဆို ကိုယ်တို့က ချင့်ချိန်ပြီး ၇၀ လောက် ယူပါ။ ၃၀ လောက်ပေးပါ။ တတ်နိုင်သမျှ ၀င်ငွေ၊ ထွက်ငွေအဆင်ပြေ အောင် လုပ်သွားမယ်။
ပြည်သူတွေက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ဘာ ကြောင့်မဲပေးသင့်သလဲ။
ကိုယ်တို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းဆိုတာ ကိုယ်တို့ပါတီကို ဘာကြောင့်မဲပေးသင့်လဲဆိုတာ Interdirectly ပြောထားတာပဲ။ ဖေဖော် ၀ါရီလကတည်းက ပြည်သူတွေကို ဖြန့်ဝေထားပြီးသား။ ပြည်သူတွေက ကိုယ်တို့ပါတီကို ကြိုက်လို့ မဲပေးရင်ဒီကြေညာစာတမ်းက ကတိက၀တ်  ပဲ။ စီးပွားရေးမူဝါဒ၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ် သက်လို့ သဘောထားပါတယ်။ လူတန်းစားနဲ့ပတ်သက်လို့ လယ်သမား၊ လူငယ်၊ အမျိုးသမီး၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ စီးပွားရေးစွမ်း ဆောင်ရှင် ဒါတွေနဲ့ပတ်သက်လို့ သဘောထားပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အားကစားကအစ နောက်ဆုံး နိုင်ငံရေးပါတီတွေ ကို ဘယ်လိုသဘောထားမလဲ။ ဒီသဘောတွေပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ဒီကနေ့သွားနေတဲ့ အဓိကလမ်းကြောင်းကတော့ ဒီမိုကရေစီပြုပြင် ရေးလမ်းကြောင်းပဲ။ အဲဒါကို အကောင်အထည်ဖော်နိုင်မယ့် အရည် အချင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုတယ်။ တိုင်းပြည်မှာ ဥပဒေက အဓိကဖြစ် မှုမရှိတာကြာပြီ။ Rule by Law ဖြစ်အောင်လုပ်နိုင်မယ့် ပုဂ္ဂိုလ်မျိုးဖြစ် ဖို့လိုတယ်။ Rule by man ဖြစ်အောင်လုပ်မယ့်သူမရှိဖို့လိုတယ်။ အ တွေ့အကြုံအရ နေရာရသွားရင် Rule by man လုပ်ချင်တဲ့သူတွေက များတယ်။ နောက်တစ်ခုကတော့ ရင့်ကျက်နေဖို့လိုတယ်။ စိတ်ခံစားမှု  ဦးစားမပေးဖို့လိုတယ်။
ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက်-(၉၀) နှစ်
ပညာအရည်အချင်း - ဆယ်တန်းအောင်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၄၂ ဗမာ့လွတ်လပ်ရေးတပ်မ တော် (BIA) နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တို့တွင်ပါဝင်ခဲ့။ မင်္ဂလာဒုံပထမအပတ်စစ်တက္ကသိုလ်တက်ရောက်ခဲ့။ ၁၉၄၉ တွင် မေမြို့ ဗိုလ်သင်တန်းအပတ်စဉ်-၂ ဆင်း၊ ၁၉၇၆ တွင် တပ်မ ၈၈ တပ်မမှူး တာဝန်ယူခဲ့။ ၁၉၆၉ တွင် ဧရာဝတီ၊ ပဲခူး၊ ရှမ်းပြည်နယ်တို့၌ တိုင်းမှူး နှင့် ဗိုလ်မှူးချုပ်တာဝန်များယူခဲ့။ သတ္တုတွင်းဝန်ကြီးဌာနတွင် ဒုတိယ၀န် ကြီးနှင့် ၀န်ကြီးတာဝန်ယူခဲ့။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတွင်  ၁၉၈၈ ခုနှစ်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ၂၀၀၅ ခုနှစ် ၌ အထွေထွေအတွင်းရေးမှူးနှင့် ၂၀၁၄ တွင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့။ ၂၀၀၄ ခုနှစ်တွင် ‘‘စစ်ဆင်ရေးပြီး စစ်ဆင်ရေး’’ စာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့
လက်ရှိအလုပ်အကိုင်- အငြိမ်းစား။
စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ၀၁-၅၅၇၄၈၀
(ပါတီဥက္ကဋ္ဌကိုယ်စား ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ဖြေကြား ပေးခြင်းဖြစ်သည်။)
http://7daydaily.com/election-2015/party
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။