ကလေး ပြည့်တန်ဆာများနှင့် ပျော်ပါးမှုပြစ်ဒဏ် ပြင်ဆင်ရန် တရုတ်ဆုံးဖြတ်

11864939_1027837193923767_315618903478267293_o
တရုတ်နိုင်ငံမှာ အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးမှုဆိုင်ရာပြစ်မှုအတွက် ကျခံရမယ့်ပြစ်ဒဏ်ကို မုဒိမ်းမှုပြစ်ဒဏ်အတိုင်း ချမှတ်ဖို့ ပြင်ဆင်လိုက်ပါတယ်။
တရုတ်နိုင်ငံ အထက်လွှတ်တော်မှာ သြဂုတ်လ ၂၄ ရက်နေ့က စတင်ကျင်းပတဲ့ ၆ ရက်ကြာအစည်း အဝေးမှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး အခုလို ပြင်ဆင်လိုက်တာလို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေမှာ အရွယ်မရောက်သေးတဲ့ အသက် ၁၄ နှစ်အောက် ကလေးပြည့်တန်ဆာတွေနဲ့ ပျော်ပါးရင် ထောင်ဒဏ် ၁၅ နှစ်ထိ အများဆုံးပြစ်ဒဏ်ကျခံရ တာဖြစ်ပြီး ကလေးသူငယ်မုဒိမ်းမှုမှာတော့ သေဒဏ်အထိ အပြစ်ပေးခံရတာဖြစ်ပါတယ်။
အဲဒီပြစ်ဒဏ်သတ်မှတ်ချက်ဟာ ၁၉၉၇ ခုနှစ်ပြစ်မှုဆိုင်ရာဥပဒေကို အခြေခံထား တာဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးသူငယ်ပြည့်တန်ဆာတွေကို တရားမ၀င်အ သုံးချမှုတွေကို တားဆီးနှိမ်နင်းဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။
အမှန်တကယ်တော့ တရုတ်ပြည်သူတွေအနေနဲ့ အစိုးရထိပ်ပိုင်းအရာရှိတွေဟာ ဒီဥပဒေကို အကာအကွယ်အဖြစ်အသုံးချမှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
၂၀၀၈ ခုနှစ်က လူယူမင်အမည်ရ တရုတ်နိုင်ငံသားအရာရှိတဦးဟာ အသက် ၁၄ နှစ်အောက် မိန်းကလေးတဦးနဲ့လိင်ပျော်ပါးမှုအတွက် ၁၅ ရက်သာအချုပ်ကျခဲ့ပြီး ဒဏ်ငွေ ယွမ် ၅ သောင်း (အမေ၇ိကန်ဒေါ်လာ ၇၈၀ နီးပါး) ဆောင်ခဲ့ရပါတယ်။
အဲဒီသတင်းဟာ မကြာခင်မှာပဲ သတင်းမီဒီယာတွေကတဆင့် ပျံ့နှံ့သွားပြီး နောက်ဆုံးမှာ လူယူမင်ကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ကျခံစေခဲ့တာပါ။
နောက်ထပ်အငြင်းပွားစရာတခုကတော့ လက်ရှိဥပဒေဟာ ပတ်ဝန်းကျင်နဲ့ မိဘ အသိုင်းအ၀ိုင်းတွေကို မလွန်ဆန်နိုင်ပဲ ဖြစ်လာကြတဲ့ အရွယ်မရောက်သေးတဲ့ ကလေး ပြည့်တန်ဆာတွေအပေါ် ချမှတ်တဲ့ပြစ်ဒဏ်ဟာ သင့်တော်မျှတမှုမရှိတာပဲ ဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။
“ဘယ်ပြစ်မှုဖြစ်ဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနေဖို့မလိုပါဘူး။ အရွယ်မရောက်သေးသူနဲ့ လိင်ဆက်ဆံတယ်ဆိုတည်းက ဒါကို မုဒိမ်းမှုအဖြစ်သတ်မှတ်သင့်ပါတယ်။ သူကဘာ ဖြစ်တယ်၊ ဘယ်သူဖြစ်တယ်ဆိုတာက အရေးမကြီးပါဘူး” လို့ ဟူဘေပြည်နယ် အမျိုး သားပြည်သူ့ကွန်ဂရက်လက်ထောက် အစိုးရရှေ့နေ ဂျီးချန်းမိန်က ပြောပါတယ်။
အဲဒီပြစ်ဒဏ်ကို ပယ်ဖျက်ဖို့အတွက် နောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက်ကို သြဂုတ်လ ၂၉ ရက်နေ့ လွှတ်တော်အစည်းအဝေးအပြီးမှာ ထုတ်ဖော်ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။