ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းစာရင်း၌ မန်ယူ ၁၁ ရာခိုင်နှုန်း တန်ဖိုးကျပြီး အဆင့် ၃ ရောက်သွား ထိပ်ဆုံးနှစ်သင်းတွင် စပိန်ကလပ်များဖြစ်ခြင်းမှာ ၂၀၀၄ နောက်ပိုင်း ပထမဆုံးဖြစ်

မက်ဒရစ်-တစ်ချိန်က ပရီးမီးယား လိဂ်တွင် နည်းပြဖာဂူဆန် လက် အောက်၌ထိပ်ဆုံးတွင် အမြဲတမ်း ပြေးလွှားနေခဲ့သည့် မန်ယူအသင်းမှာ နည်းပြမိုယက်စ်လက်အောက် ၌ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ ရပြီး ထိပ်ဆုံးမှ တဖြည်းဖြည်း လျှော့ကျလာခဲ့ရသည်။ ထို့အပြင် ဥရောပအဆင့်တွင်လည်း မန်ယူ အသင်း အခြေမလှဖြစ်ခဲ့ကာ နည်းပြမိုယက်စ်ရာထူးမှ ထုတ် ပယ်ခံရသည်အထိ ဖြစ်ခဲ့သည်။ ယခုလို ဆုံးရှုံးမှုများနှင့် မန်ယူအ သင်းရင်ဆိုင်ခဲ့ရပြီးနောက်၊ အ သင်း၏တန်ဖိုးမှာလည်း လျော့ကျ သွားခဲ့ရသည်။

အကြောင်းမူ ဖော်ဘိ့စ် မဂ္ဂ ဇင်းမှ ပြုလုပ်သော ကမ္ဘာ့အချမ်း သာဆုံး ကလပ်အသင်းများ စစ် တမ်းကောက်ယူချက်တွင် မန်ယူ အသင်းမှာ ယခင်နှစ် စာရင်းများ ထက် တန်ဖိုးကျသွားပြီး ၁၁ ရာ ခိုင်နှုန်း လျော့ကျကာ အဆိုပါ စာရင်း၏ တတိယနေရာ၌ ရပ် တည် လာရခြင်းဖြစ်သည်။ စပိန် ကလပ် ရီးရဲလ်မက်ဒရစ်သည် ခန့် မှန်းခြေတန်ဖိုး ပေါင် ၂ ဘီလီယံ ဖြင့် အဆိုပါစာရင်း၌ ဦးဆောင် ထားနိုင်သည်။

လာလီဂါပြိုင် ဘက် ဘာစီလိုနာမှာလည်း ယင်း တို့၏ မူလတန်ဖိုးထက် ၂၃ ရာခိုင် နှုန်း ပိုမိုမြင့်မား ပွားများလာပြီး ရီးရဲလ်အောက်တွင် ဒုတိယနေရာ ၌ ရပ်တည်လျက်ရှိသည်။ ချန်ပီ ယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ပရီး မီးယားလိဂ်တွင် အဆင့် ၇ သာ ရယူနိုင်သော မန်ယူမှာ ယမန်နှစ် ကထက် အဆင့် ၁ ဆင့် လျော့ကျ သွားကာ ခန့်မှန်းခြေတန်ဖိုး ပေါင် ၁ ဒသမ ၆၅ ဘီလီယံသာ ရှိ ကြောင်း သိရသည်။ ဘိုင်ယန်မြူး နစ်မှာမူ ယင်းတို့၏ တန်ဖိုးကြီး မားစွာ ထိုးတက်သွားပြီး၊ ၄၁ ရာ ခိုင်နှုန်းရှိကာ ပေါင် ၁ ဒသမ ၁ ဘီ လီယံခန့် ကြွယ်ဝမှုရှိလာသည်။ အာဆင်နယ်မှာ ချယ်လ်ဆီးအ ထက်တွင် အဆင့် ၅ ရပ်တည်ပြီး မန်စီးတီးမှာ ၂၅ ရာခိုင်နှုန်း တန်ဖိုး တက်ကာ ပေါင် ၅၀၈ သန်းဖြင့် အဆင့် ၇ ရပ်တည်နေသည်။

ယခုနှစ် စာရင်းများအရ အချမ်းသာဆုံး ထိပ်သီးအသင်း ၂၀ ၏ ပျှမ်းမျှတန်ကြေးမှာ ပေါင် သန်း ၆၂၀ ရှိပြီး ယမန်နှစ် စာရင်း ထက် ၈ ရာခိုင်နှုန်း တိုးတက်သွား သည်။ ဖော်ဘိ့စ် မဂ္ဂဇင်းသည် ချန်ပီယံလိဂ် ဆုကြေးငွေ ရုပ်သံ လွှင့်ခများနှင့် စပွန်ဆာဝင်ငွေများ မှ အတည်ပြု တွက်ချက်ခြင်း ဖြစ် သည်။ အဆိုပါ မဂ္ဂဇင်းက တွက် ချက်ပြီး စပိန်ကလပ်နှစ်သင်းထိပ်ဆုံးရပ်တည်မှုမှာ ၂၀၀၄ နောက် ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

Ref: skysports.com
အချမ်းသာဆုံး ထိပ်သီး ၁၀ သင်း
၁။ ရီးရဲလ်မက်ဒရစ်(ပေါင် ၂ ဘီလီယံ)
၂။ဘာစီလိုနာ(ပေါင် ၁ ဒသမ ၉ ဘီလီယံ)
၃။မန်ယူ(ပေါင် ၁ ဒသမ ၆၅ ဘီလီယံ)
၎။ဘိုင်ယန်မြူးနစ်(ပေါင် ၁ ဒသမ ၁ ဘီလီယံ)
၅။အာဆင်နယ်(ပေါင် ၇၆၇ သန်း)
၆။ချယ်လ်ဆီး(ပေါင် ၅၁၁ သန်း)
၇။မန်စီးတီး(ပေါင် ၅၀၈ သန်း)
၈။အေစီမီလန်(ပေါင် ၅၀၄ သန်း)
၉။ဂျူဗင်တပ်(ပေါင် ၅၀၁ သန်း)
၁၀။လီဗာပူး(ပေါင် ၄၀၇ သန်း)
 
http://7daydaily.com/story/10494#.U22PkUDNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။