ရက်အနည်းငယ်အတွင်း ပြည်သူ့ကြားဖြတ်အစိုးရသစ် ဖွဲ့ပေးရန် ထိုင်းအတိုက်အခံခေါင်းဆောင် တောင်းဆို



မေလ ၉ ရက်က ဘန်ကောက်မြို့ လူထုချီတက်ပွဲအတွင်း အစိုးရအိမ်တော်တွင်လမ်းလျှောက်စဉ် အစိုးရဆန့်ကျင်ကန့်ကွက်ရေး ခေါင်းဆောင် ဆူသပ်သောင်ဆူဘန်က ထောက်ခံသူများကို လက်ဝှေ့ယမ်းပြသနေစဉ် (Chaiwat Subprasom/Reuters)
 
ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ယင်လပ်နှင့် အခြား ၀န်ကြီးကိုးဦးကို အခြေခံဥပဒေ ဆိုင်ရာ တရားရုံးက ရာထူးမှ ဖယ် ရှားလိုက်ပြီးနောက် သောကြာနေ့ တွင် အသစ်ရွေးချယ်တင်မြှောက် ခံရသည့် လွှတ်တော်ဥက္ကဋ္ဌနှင့် နိုင်ငံတော် တရားရုံး ဥက္ကဋ္ဌအသစ် တို့သည် ရက်အနည်းငယ်အတွင်း မှာပင် ပြည်သူ့ကြားဖြတ်အစိုးရ သစ်နှင့် ဥပဒေပြုရေးလွှတ်တော် တို့ကို ရွေးချယ်တည်ထောင်ပေးရ မည်ဖြစ်ကြောင်း အစိုးရဆန့်ကျင် ဆန္ဒပြသူများ ခေါင်းဆောင် ဆူ သပ်သောင်ဆူဘန်က တောင်းဆို လိုက်သည်။

၎င်းက ၎င်းတို့၏ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲ ရေးကော်မတီ (PDRC) သည် အ ဆိုပါထိပ်တန်းအုပ်ချုပ်ရေးဆိုင် ရာ အာဏာပိုင်များလုပ်ဆောင် ပေးမည်ကို စောင့်ကြည့်မည်ဖြစ် ကြောင်း၊ ၎င်းတို့ မလုပ်ပေးလျှင် မူ PDRC က ထိုအလုပ်ကို လုပ် ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။ သို့သော် မည်သို့လုပ် ဆောင်မည်ကိုမူ ၎င်းက ပြော ကြားခြင်း မရှိပေ။

ဆန္ဒပြသူများသည် သော ကြာနေ့တွင် ဘန်ကောက်ရှိ ဆီ လွန်ဧရိယာမှ လုမ္ပနီပန်းခြံနှင့် အ စိုးရအဆောက်အအုံရှေ့ရှိ ချန် ၀တ်ထနာလမ်းမပေါ်ရှိ အခြေ စိုက်နေရာများမှစတင်ကာ အစိုး ရအိမ်တော်၊ တော်ဝင်ထိုင်းရဲတပ် ဖွဲ့ဌာနချုပ်၊ ရုပ်သံလိုင်းများဖြစ် သော Channel ၃၊ ၅၊ ၇ နှင့် ၁၁ ရုံးများ၊ အစိုးရ၏ ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားရေး စင်တာစ သည့် နေရာများသို့ ခွဲထွက်ကာ ချီတက်ဆန္ဒပြခဲ့သည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြ သမားများမှာ သောကြာနေ့တွင် လူဦးရေ ၄၅၀၀ ခန့်ဖြင့် လုမ္ပနီ ပန်းခြံမှ ထွက်ခွာချီတက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းတွင် စနေနေ့ (ယနေ့) တွင်လည်း အစိုးရလိုလားသည့် ရှပ်နီဆန္ဒပြသူများက ဘန်ကောက် ဆင်ခြေဖုံးတွင် ချီတက်ဆန္ဒပြသူ များကြား ထိပ်တိုက်တွေ့မည့် အန္တရာယ်များကို စိုးရိမ်မှုများ လည်း ပေါ်ထွက်နေသည်။
—Ref: Bangkok/Post
 
http://7daydaily.com/story/10445#.U22OR0DNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။