ဘာကာဝတ်စုံနှင့် ဆင်သော ဘိုင်ယန်၏ ၀တ်စုံသစ်ထုတ်ပြန်

ဘိုင်ယန်မြူးနစ်အသင်း က လာမည့်(၂၀၁၄-၁၅)ရာသီတွင်ဝတ်ဆင်မည့် အသင်းအင်္ကျီကိုထုတ်ပြန်လိုက်ရာ ဘာစီလိုနာအသင်းအင်္ကျီနှင့် ဆင်တူနေသည်ကိုတွေ့ရသည်။

ဝတ်စုံသစ်မှာ ၁၉၉၆ ယူအီးအက်ဖ်အေ ဖလားဗိုလ်လုပွဲတွင်ဘောဒိုးကို ၅-၁ဂိုးဖြင့် အနိုင်ရရှိခဲ့စဉ်ဝတ်ဆင်ခဲ့သော အင်္ကျီနှင့် ဆင်တူသည်။

ဝတ်စုံသစ်မှာ အပြာရောင် နှင့်အနီရောင်အစင်းများပါဝင်ပြီးလည်ဝိုင်းအဖြူရောင်အပေါ်တွင်   ‘‘ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဖြစ် သည်’’ဟူသောစာတန်းကို ရေးထိုး ထားသည်။

ခြေအိတ်မှာလည်း အဖြူ ရောင်နှင့်အနီရောင်အစား အနီ ရောင်နှင့်အပြာရောင်ခြေအိတ် ဖြစ်လာမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်ဝတ်စုံသစ် ၏ အရောင်မှာ ဘာစီလိုနာအ သင်းနှင့်ဆင်တူနေသည့်အတွက်  ဘောလုံးပရိသတ်များ အံသြသွား စေမည်ဖြစ်သည်။
အဆိုပါဝတ်စုံသစ်ကို စနေ နေ့တွင် စတုဂတ်နှင့်ယှဉ်ပြိုင်မည့် ပွဲတွင် ပထမဆုံးအကြိမ်ဝတ်ဆင် ကစားကြမည်ဖြစ်သည်။   
 ----Goal
 
 
http://7daydaily.com/story/10500#.U22PW0DNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။