သံတွဲ ဒွါရာဝတီဈေးမီးလောင်မှု ကျပ်သိန်း ၆၅၀၀ ကျော်ဆုံးရှုံးဟုထုတ်ပြန်

ဖေဖေါ်ဝါရီ ၁၃၊ ၂၀၁၂ (YPI)
 
ယခုလ ၁၁ ရက်က သံတွဲမြို့၊ ဒွါရာဝတီဈေးမီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၅၀၀ ကျော်ရှိသည်ဟု တွက်ချက်ထုတ်ပြန်ပြီး ယာယီဈေးနှင့် ဈေးသစ်ပြန်လည်တည်ဆောက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဈေးသူဈေးသားများနှင့်တွေ့ဆုံခဲ့သည်။

မီးလောင်မှုကြောင့် ဆိုင်ခန်း ၉၀၀ ကျော်ရှိသည့်အနက် ၇၄၀ ကျော်ပျက်စီးခဲ့ပြီး ဈေးရုံသုံးခုရှိသည့်အနက် ဈေးရုံတစ်ခုသာကျန်ရှိခဲ့သည်။

မီးလောင်ပြီးနောက်တစ်ရက်မနက် ၉ နာရီတွင် သံတွဲမြို့နယ်ခန်းမ၌ ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးလှဟန်နှင့် တာဝန်ရှိသူများက ဈေးသူဈေးသားများနှင့်တွေ့ဆုံ၍ ယာယီဈေးတည်ဆောက်မည့် အစီအစဉ်၊ ဈေးသစ်ပြန်လည် တည်ဆောက် မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

မီးလောင်ပြင်အပျက်အစီးများကိုရှင်းလင်းနေသော ယန္တရားတစ်စီး

အဆိုပါမီးလောင်ရာသို့ သံတွဲမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီး၊ သံတွဲလေဆိပ်မှ မီးသတ်ယာဉ်တစ်စီးနှင့် တောင်ကုတ်မြို့မှ မီးသတ်ယာဉ်တစ်စီး၊ စုစုပေါင်း လေးစီး လာရောက်ငြှိမ်းသတ်ပေးခဲ့သည်။ သံတွဲအခြေစိုက် ခလရ ၅၅ နှင့် ခလရ ၅၆၆ မှ တပ်မတော်သားများလည်း ကူညီငြှိမ်းသတ်ပေးခဲ့သည်ဟု သံတွဲမြို့ခံများကပြောသည်။

“မနက် ၇ နာရီမှာသိရတယ်။ ဒီကို ၉ နာရီလောက်မှာရောက်လာတယ်။ တပ်ဖွဲ့ဝင် ရှစ်ဦးပါလာတယ်” ဟုတောင်ကုတ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်း၊ သံတွဲလေဆိပ်စီမံကိန်းနှင့်ငပလီကမ်းခြေရှိ ဟိုတယ်အချို့မှ ရေသယ်ယာဉ်များ၊ အခြားပုဂ္ဂလိကရေသယ်ယာဉ်များအပြင် လောင်စာဆီတင်ယာဉ်များဖြင့်လည်း မီးငြှိမ်းသတ်ရန် ရေသယ်ယူပေးခဲ့သည်ကိုတွေ့ရသည်။

၎င်းနေ့လယ်တွင်ပင် စက်ယန္တရားများဖြင့် အပျက်အစီးများအား စတင်ရှင်းလင်းခဲ့ကြပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုခဲ့ကြသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး ဈေးသူဈေးသားများနှင့် မြို့ခံများက ရှို့မီးဟု မှတ်ချက်ပေးနေကြသော်လည်း သက်ဆိုင်ရာအာဏာပိုင်များက ပေါ့ဆမီးသာဖြစ်ကြောင်းနှင့် စုံစမ်းနေဆဲဖြစ်ကြောင်းပြောဆိုကြသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။