အကယ်ဒမီနေတိုးရဲ့ ရခိုင်သို့ အလွမ်းများ

နေတိုးနေတိုး
အနုပညာနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နေတဲ့ အနုပညာရှင်တွေထဲမှာ တိုင်းရင်းသား လူမျိုးတွေလည်း ပါဝင်နေပါတယ်။ မိမိရဲ့ဝါသနာ၊ မိမိရဲ့ ရပ်တည်ချက်အတွက် မိမိမွေးရပ်ဇာတိမြေကို ခွဲခွာပြီး လမ်းဆက်လျှောက်ကြတဲ့ အနုပညာရှင်တွေထဲမှာ ရခိုင်ပြည်နယ်ဇာတိ ရခိုင်မင်းသား နေတိုးတစ်ယောက်လည်း အပါအ၀င်ပါ။

အနုပညာနဲ့ပတ်သက်ပြီး ကြိုးစားအားထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့ကို မိသားစုနဲ့အတူ ပြောင်းရွှေ့ခဲ့ရာမှာ အခုဆိုရင်တော့ ရန်ကုန်ရောက်တာ ၁၀နှစ်ကျော်ပါပြီလို့ နေတိုးက ဆိုပါတယ်။

အနုပညာလှုပ်ရှားမှုအရ ရန်ကုန်မှာနေရင်း ဇာတ်ကားတွေ အဆက်မပြတ်ရိုက်ကူး နေရပေမယ့် မိမိဇာတိ ရခိုင်ပြည်နယ်ကိုတော့ အမြဲသတိမိသလို၊ အမြဲလည်း ပြန်ချင်မိပါတယ်ဆိုတဲ့ အကယ်ဒမီနေတိုးရဲ့ ရခိုင်သို့ အလွမ်းများကို မျှဝေခံစား ကြည့်ကြရအောင်နော်။
နေတိုးနေတိုး
ရခိုင်ဇာတိဆိုတော့ တိတိကျကျပြောပြပေးပါဦး။

ကျွန်တော့်ကို ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းမှာ မွေးဖွားခဲ့တာပါ။ မာန်အောင်ကျွန်းရဲ့ အထက(၁) ကျောင်းမှာ ၁၀တန်းအထိ ကျွန်တော် ကျောင်းတက်ခဲ့ပါတယ်။

ငယ်ဘ၀ အမှတ်တရတွေကကော… 

ကျွန်တော်ငယ်စဉ် ကျောင်းတက်တုန်းကတော့ အနုပညာနဲ့ပတ်သက်ပြီး ပန်းချီရေးတာတို့၊ အနုပညာနဲ့ဆိုင်တဲ့ ပြပွဲတွေ၊ ပြိုင်ပွဲတွေမှာ ပါဝင်ဖြစ်တာ များပါတယ်။ ဒါကတော့ အမှတ်တရတွေပဲပေါ့။

၆နှစ်သားအရွယ်က နေတိုး၏ရေဆေးပန်းချီလက်ရာ၆နှစ်သားအရွယ်က နေတိုး၏ရေဆေးပန်းချီလက်ရာ
လက်စမသတ်ရသေးတဲ့ပန်းချီကား 
လက်စမသတ်ရသေးတဲ့ပန်းချီကား

စတုတ္ထတန်းကျောင်းသားဘ၀တုန်းက ပြိုင်ပွဲမှာဆုရခဲ့တဲ့ပထမဆုံး ရေဆေးပန်းချီလက်ရာစတုတ္ထတန်းကျောင်းသားဘ၀တုန်းက ပြိုင်ပွဲမှာဆုရခဲ့တဲ့ပထမဆုံး ရေဆေးပန်းချီလက်ရာ
ချစ်ခြင်းအားဖြင့် Video ရိုက်ကွင်းမှာ ဇာတ်ဝင်ခန်းရိုက်တုန်းကရေးဖြစ်ခဲ့တဲ့ ပန်းချီကားပေါ့။ချစ်ခြင်းအားဖြင့် Video ရိုက်ကွင်းမှာ ဇာတ်ဝင်ခန်းရိုက်တုန်းကရေးဖြစ်ခဲ့တဲ့ ပန်းချီကားပေါ့။
ရခိုင်ပြည်နယ်ရဲ့ အထင်ကရရှိတဲ့ နေရာတွေကကော…..

ရခိုင်ပြည်နယ်မှာ အထင်ကရရှိတဲ့ နေရာတွေကတော့ “၀တီလေးရပ်” ရှိပါ တယ်။ ရခိုင်ပြည်နယ်ဆိုတာက ရခိုင်မင်းဆက်နဲ့ အရမ်းကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနေခဲ့တဲ့ လူမျိုးကြီးလို့ပဲ ပြောရမှာပါ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်က ကျယ်လည်း ကျယ်ပြန့်ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းတဲ့နေရာမှာလည်း အရမ်းကို သက်ဝင်ယုံကြည် ကြပါတယ်။ `၀တီလေးရပ်´ က ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေ ဒီလိုမျိုးရှိတဲ့ အခါကျတော့ တစ်နေရာနဲ့ တစ်နေရာ စကားတွေကလည်း မတူကြပါဘူး။ ကွဲပြားကြပါတယ်။ ဘယ်လိုပဲ ကွဲပြားပါစေ အလေ့အကျင့်အရ ကျွန်တော်တို့က တစ်ယောက်စကားကို တစ်ယောက်နားလည်ပါတယ်။

ရခိုင်ပြည်နယ်က ယဉ်ကျေးမှု အမွေအနှစ်တွေလည်း ထွန်းကားတယ်နော်။ ပြောပြပါဦး။

ရခိုင်နဲ့ ပတ်သက်ပြီး အမှတ်တရတွေကတော့ အများကြီးပါပဲ။ ရခိုင်ပွဲတော်တွေထဲမှာဆိုရင် အနုပညာပိုင်းနဲ့ ပတ်သက်တာ ပိုများပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်ထဲမှာ အထင်ကရ ဖြစ်တာကတော့ ရခိုင်မင်းဆက် နောက်ဆုံးနေခဲ့တဲ့ `မြောက်ဦး´ မြို့ပေါ့။ မြောက်ဦးမြို့ဆိုရင် ရှေးဟောင်းအမွေအနှစ် တစ်ခုလို့ပဲ ပြောရမှာပါ။ နောက်တစ်ခုက `မဟာမြတ်မုနိဘုရား´ ပေါ့။ ဒါတွေက ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး အထင်ကရ နေရာတွေပါပဲ။ ရခိုင်ရာဇ၀င်တွေ၊ ရခိုင်ရတုတွေ၊ ရခိုင်နဲ့ပတ်သက်တဲ့ စာတွေ၊ တကယ့် Traditional ဖြစ်တဲ့ဟာတွေရော၊ Classic ဖြစ်တဲ့ဟာတွေရော၊ လေ့လာစရာ၊ မှတ်သားစရာတွေ အများကြီးပါ။ မင်းအဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ အခါကျတော့ တစ်ထီးတစ်နန်းနဲ့နေတဲ့ တချို့နေရာတွေမှာ ကျွန်တော်တို့ရဲ့ အနုပညာအရရော၊ ရှေးဟောင်း လေ့လာနိုင်စရာ အကြောင်းအရာတွေကလည်း ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အတော်များများ ရှိပါတယ်။ ခေတ်အဆက်ဆက် ထိန်းသိမ်းလာတဲ့ အပေါ်မှာ လေ့လာစရာတွေ၊ အမှတ်ရစရာတွေ၊ နာမည်ကြီးတဲ့နေရာတွေ အများကြီးရှိတဲ့အတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းတဲ့ ပြည်နယ်တစ်ခုအဖြစ် ကျွန်တော်က မြင်ပါတယ်။

ရခိုင်ပြည်နယ်ရှိ မဟာမြတ်မုနိဘုရား 
ရခိုင်ပြည်နယ်ရှိ မဟာမြတ်မုနိဘုရား 
ရခိုင်ရိုးရာအစားအစာတွေကိုကော မလွမ်းဘူးလား။

ရိုးရာအစားအစာ အနေနဲ့ကတော့ ရခိုင်အစားအစာတွေက ဒီမှာလည်း အလွယ်တကူရောင်းနေတာ တွေ့ရပါတယ်။ ရခိုင်အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဆီတွေ၊ ဘာတွေ သိပ်မသုံးဘူးလေ။ တကယ့် Life ဆန်ပါတယ်။ ဒါကြောင့် ရခိုင် အစားအစာကလည်း နှစ်သက်စရာကောင်းတဲ့အတွက် ကျွန်တော့် အမှတ်တရထဲမှာ တစ်ခု အပါအ၀င်ပါပဲ။

နေတိုး 
နေတိုး 
ဘယ်အချိန်မျိုးမှာ ရခိုင်ကို လွမ်းပြီး ပြန်ချင်တဲ့စိတ်မျိုး ဖြစ်သလဲ။

ကျွန်တော်“မိုး”ရာသီရောက်ရင် ရခိုင်ကိုသတိရပါတယ်။ နောက် `တန်ဆောင်တိုင်´ ရောက်ရင်လည်း ရခိုင်ကို သတိရတတ်ပါတယ်။

နေတိုး 
နေတိုး 
နေတိုး 
နေတိုး 
ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ် ကွဲလွဲမှုတွေထဲမှာ နေတိုးအတွက် ဘာတွေကြုံခဲ့ရသလဲ။

ကွဲလွဲမှုဆိုတာကတော့ နေရာဒေသတိုင်းမှာ ရှိတာပေါ့နော်။ နေရာမတူတဲ့အခါကျတော့ အသုံးအဆောင်၊ အနေအထား၊ အပြောအဆိုတွေက အများကြီး ကွာသွားပါတယ်။ ဒီမှာ ကျွန်တော်တို့ဆီက ရိုးရာမျိုးဆိုတာတော့ သိပ်မတွေ့ရပါဘူး။ ရခိုင်မှာတော့ ရိုးရာနဲ့ပတ်သက်တဲ့ ပွဲတော်တွေဆိုတာက ဒီမှာနဲ့ မတူတဲ့ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဒေသက ရန်ကုန်ထက်စာရင်တော့ တိုးတက်မှု ပိုအားနည်း ပါတယ်။ ဒါပေမဲ့လည်း မျိုးချစ်စိတ်ရှိတဲ့သူတွေ၊ ရိုးသားဖြောင့်မတ်တဲ့ သူတွေလို့တော့ ကျွန်တော်မြင်ပါတယ်။ ဒီမှာ တွေ့ကြုံနေရတဲ့ သူတွေကို မရိုးသား၊ မဖြောင့်မတ်ဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ တိုင်းရင်းသားဆိုတဲ့ မျိုးနွယ်စုတွေကတော့ နည်းနည်းလေး ပိုပွင့်လင်းပြီး ဟန်ဆောင်တာမျိုး သိပ်မရှိပါဘူး။ ဒါကြောင့် တိုင်းရင်းသားတိုင်းက ပွင့်လင်းရိုးသားကြပါတယ်။ ဒါကတော့ ကွဲပြားမှုတွေပါပဲ။

နေတိုးမျက်စိထဲမှာ ရခိုင်သူတွေနဲ့ ရန်ကုန်သူ ဘယ်သူပိုချောတယ်လို့ မြင်သလဲ။

တစ်မျိုးစီချောကြပါတယ်။ ကျွန်တော်တို့ ရခိုင်မှာတော့ ရာဇ၀င် ရှိပါတယ်။ ကျွန်တော်နေခဲ့တဲ့ မာန်အောင်ကျွန်းကို `မိန်းမလှကျွန်း´ လို့ ပြောကြပါတယ်။ ဒါကြောင့် ရခိုင်သူတွေကလည်း တော်တော်လေး ချောတယ်လို့ ပြောရမှာပါပဲ။

ရခိုင်နဲ့ ပတ်သက်ပြီး အမှတ်တရစကားကကော…

ကျွန်တော်ရခိုင်ကို အရမ်းလွမ်းပါတယ်။ ရခိုင်လူမျိုးတစ်ယောက် ဖြစ်ရတဲ့အတွက်လည်း ကျွန်တော်ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသားတစ်ယောက်က ကြိုးစားအားထုတ်ပြီး ကိုယ့်လူမျိုးတစ်ယောက် အောင်မြင်နေတယ်ဆိုရင် ကိုယ်ရဲ့ လူမျိုးတွေလည်း ဂုဏ်ရှိတာပေါ့။

ကျွန်တော်လည်း ကြိုးစားရကျိုး နပ်တာပေါ့နော်။ ကိုယ့်လူမျိုး၊ ကိုယ့်အရပ်၊ ကိုယ့်ဒေသအတွက် ပြယုဂ်တစ်ခုကတော့ ကျွန်တော်ပါပဲ။ ဒါကြောင့် ကျွန်တော်အနုပညာနဲ့ ပတ်သက်ရင် အကောင်းဆုံး ကြိုးစားဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကူးက အမြဲပဲ ရှိနေတတ်ပါတယ်။

နေတိုး 
နေတိုး 
အနုပညာလုပ်ငန်းတွေကို အကောင်းဆုံးကြိုးစားရင်း အနုပညာ ငွေကြယ်ပွင့်တစ်ပွင့်အဖြစ် အခုအချိန်ထိ အောင်မြင်စွာရပ် တည်လာနိုင်ခဲ့တဲ့ ရခိုင်မင်းသားလေးရဲ့ ရခိုင်သို့ အလွမ်းတွေကလည်း အပြည့်ပါပဲ။ `ဇာတိဆိုတာ ဖျောက်ဖျက်ပစ်လို့ မရဘူး´ ဆိုတဲ့ စကားအတိုင်းပဲ ကိုယ်ရဲ့ ရွေးချယ်မှု၊ ကိုယ်ရဲ့လျှောက်လှမ်းမှု၊ ကိုယ်ရဲ့ အောင်မြင်မှုနောက်မှာ `ဇာတိမြေ´ ကလည်း တွဲလျက်ပါ ရှိနေတတ်ပါတယ်။ ရခိုင်ပြည်နယ်အတွက် ဂုဏ်ဆောင်ကြိုးစားပြီး အောင်မြင်မှု ဆောင်းနေဆဲ အနုပညာရှင် အကယ်ဒမီနေတိုးကို ကြိုက်နှစ်သက်ကြတဲ့ The Chic စာဖတ်ပရိသတ်များလည်း ကျေနပ်နိုင်ကြပါစေ။

နေတိုး 
နေတိုး 
ခိုင်သီတာထွန်း
The Chic Magazine
...........
Credit: Here
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။