တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်းဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ပါဝင်သည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ မြေနေရာများကို လျော်ကြေးပေးရန် သတ်မှတ်


4478 ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်း ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ သွယ်တန်းရန် အမ်းမြို့ နယ်အတွင်းရှိ မြေနေရာများအား လျော်ကြေးပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွင်ဇန်န၀ါရီလက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ က ပိုက်လိုင်းဖြတ်သန်းရာတွင် ပါဝင်သည့် လယ်မြေများအတွက် လျော်ကြေးငွေပေးရန် အမြဲသိမ်း မြေနေရာများအတွက် ငါးနှစ်တာလျော်ကြေး၊ ယာယီသိမ်း မြေနေရာများအတွက် သုံးနှစ်တာ လျော်ကြေးပေးမည်ဖြစ်ပြီး အဆိုပါနေရာများတွင် လယ်မြေ၊ ဥယျာဉ်ခြံ၊ ငါးပုစွန်ကန်များအတွက် အချိုးအစားလိုက် သတ်မှတ်ပေးမည် ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အစည်းအဝေးမှာ သတ်မှတ်တဲ့ ဈေးနှုန်းတွေကတော့ တစ်နှစ်တာ အတွက် လယ်တစ်ဧကကို ကျပ် ၁၇ သိန်း၊ ဥယျာဉ်ခြံမြေတစ်ဧကကျပ် ၃၄ သိန်း၊ ငါး၊ပုစွန်ကန်တွေ အတွက် တစ်ဧကကျပ် ၃၃ သိန်း၊ ဓနိတစ် ဧကကျပ် ၁၈ သိန်း၊ သီဟိုဠ်တစ်ပင် သီဟိုဠ်သီးထွက်နှုန်း ၁၅ ပိဿာ ကျပ် ၁၅၀၀၊ နာနတ်သီး တစ်ပင် ကျပ် ၃၀၀၊ မန်ကျည်းသီးတစ်တင်း ကျပ် ၆၀၀၊ မရမ်းသီးတစ်တင်း ကျပ် ၄၈၀၀၊ ကွမ်းတိုင်နှစ်တိုင်ကို တစ်ပိဿာကျစီသတ်မှတ်ပြီး ကွမ်း တစ်ပိဿာကျပ် ၅၀၀၀ ဆိုပြီး ဈေးနှုန်းသတ်မှတ်တယ်။ ပျဉ်းကတိုးနဲ့ သစ်ထုတ်ယူလို့ရတဲ့ တခြားသစ်ပင်တွေ အတွက်တော့ သစ်တောဦးစီးဌာန က ခွင့်ပြုချက်ရတယ်ဆိုရင် ဈေးနှုန်း သတ်မှတ်ပြီးလျော်ကြေးငွေပေးမယ် ပြောတယ်”ဟုအစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးမှုတွင် CNPC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ကလည်း လျော်ကြေးပေးမည့်အပေါ် ဆွေးနွေးခဲ့ကြောင်းသိရသည်။ ပိုက်လိုင်းဖြတ်သန်းရာတွင် ပိုက်လုံးလမ်းကြောင်း ဧရိယာအတွင်းတွင် ပါဝင်သော မြေနေရာများအတွက် သတ်မှတ်ထားသော ဈေးနှုန်းဖြင့် ငါးနှစ်အတွက် လျော်ကြေးပေးမည် ဖြစ်ပြီး ချဉ်းကပ် လမ်းကြောင်းတွင် ပါဝင်သည့်မြေနေရာကို သုံးနှစ်အတွက် လျော်ကြေးငွေပေး မည်ဟု သိရသည်။

မြေအောက်ပိုက်လိုင်း မြှုပ်နှံပြီးပါက ရာသီပေါ်သီးနှံများ စိုက်ပျိုး နိုင်ပြီး ပိုက်လုံးများပြုပြင်မည် အဆိုပါ သီးနှံများပျက်စီးသွားလျှင် လျော်ကြေးငွေမရနိုင်ကြောင်းကို စွမ်းအင်ဝန်ကြီးဌာန အထူးအရာရှိ၊ ဗိုလ်မှူး သန်းနိုင်(ငြိမ်း)က အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပြီးသည့်အခါ ပိုက်လိုင်းပေါ်တွင် မီးရှို့ခြင်း၊ မိုင်းခွဲခြင်းများ မပြုလုပ်ပါရန် အဖွဲ့ဝင်တစ်ဦး က ပြောကြားခဲ့ကြောင်း သိရသည်။
...........
Eleven Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။