မိုးမိုးကျော်
ကျွန်တော်တို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကနန္ဒာစေတီတော်မြတ်ကြီးဂေါပက အဖွဲ့ကို (၂၃၊ ၉၊ ၂၀၁၁)နေ့က အသစ်တဖန်ပြန်လည် ဖွဲ့စည်းရာတွင် ဦးမောင်စံကျော်(ဥက္ကဌ)၊ဦးမောင်သိန်းခိုင်(အတွင်းရေးမူး)၊ 

ဦးရွှေသိန်းမောင်(ဘဏ္ဍာရေးမူး)ဟု တာဝန်အသီးသီးတို့ကို မိမိဆန္နအတိုင်း ရယူထားကြပါသည်။
ထိုကြောင့် လောကနန္နာ ဘုရားအရှေ့ဘက် ဆိုင်ခန်းတစ်ခန်းစီမှ ယ္ခင်က (၃၀၀၀)ကျပ် ကို လောကနန္ဒာ ဂေါပကအဖွဲ့ထံ ပေးသွင်းခဲ့ရပါသည်။ သို့သော် ယ္ခု(၂၃၊၉၊၂၀၁၁)နေ့မှစတင်ပြီး ဂေါပကအဖွဲ့အသစ်က ဆိုင်ခန်းပိုင်ရှင်များကို ခေါ်ယူပြီးဆိုင်ခန်း တစ်ခန်းလျှင် တစ်လကို(၁၀၀၀၀) ကျပ်ပေးသွင်းရမည်။ မပေးပါက ၀န်ကြီးဌါနသို့ တင်ပြပြီး တရားစွဲမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။

(ဥက္ကဌ)ဦးမောင်စံကျော်၊ ဦးမောင်သိန်းခိုင်(အတွင်းရေးမှူး)နှစ်ဦးမှာ လုပ်ပိုင်ခွင့်နှင့် ငွေကြေးမကိုင်ရလျှင် “ငါတို့မလုပ်နိုင်” ဘုရားပေါ်တွင်လည်း အလှည်ကျတာဝန်မယူနိုင်ကြောင်း ငြင်းခုံခဲ့ကြပြီး၊ ယနေ့အထိလည်း ဘုရားပေါ်သို့ အစည်းအဝေး ပြုလုပ်သည့် နေ့မှအပ ကျန်နေ့ရက်များတွင် လာရောက်ခြင်းမရှိပါ။ ဦးမောင်သိန်းခိုင် (အတွင်းရေးမှူး)မှာ ယခင်က စစ်တွေမြို့ ပြည်လုံးချမ်းသာ ဘုရားကြီးတွင် အရံဂေါပက တာဝန်ထမ်းဆောင်ယင်း ငွေကြေးလိမ်လည်မှူကြောင့် တာဝန်မှ ထုတ်ပယ်ခံရသူ ဖြစ်ပါသည်။

သူနေသောရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဦးမောင်သိန်းခိုင်အား ရပ်ကွက်တွင်မည်သည့်အသင်းအဖွဲ့တွင်မှ ပါဝင်ခြင်း မရှိစေရဟု ကြေငြာခံထားရသူဖြစ်သည်။ ဦးရွှေသိန်းမောင်(ဘဏ္ဍာရေးမှူး)ဆိုသူမှာ လောကာနန္နာစေတီ အလှူငွေများထဲမှ ငွေကျပ်(၁၀)သိန်းကိုထုပ်ယူထားပြီး ဘုရားပရ၀ုစ်အတွင်း မိမိတစ်ဦးတည်းသဘောဖြင့် စီးပွာရေးလုပ်ကာ ဘုရားငွေများကို သုံးစွဲနေပါသည်။

ဦးမောင်သိန်းခိုင်(အတွင်းရေးမှူး) သည်လောကာနန္နာစေတီ အလှူငွေသေတ္တာပုံးထဲမှ အမေရိကန် ဒေါ်လာငွေ၊ မြန်မာငွေနှင့် ရှေးခေတ် အသုံးပြုခဲ့သော အကြွေခတ်တို့ကို မိမိသဘောအလျှောက် ခိုးယူမှူကို စုံစမ်းသိရှိရပါသဖြင့် အကျင့်စာရိတ္တ မကောင်းသော ဦးမောင်သိန်းခိုင်နှင့်၊ ဦးရွှေသိန်းမောင်တို့ကို လောကနန္ဒာဂေါပကအဖွဲ့ တွင်ထားရှိခြင်းဖြင့် ဓမ္မအန္တရယ်ဖြစ်ပြီး ဘုရားငွေများကို အလွဲသုံးစားပြုမူများ နောက်ထပ် ပေါ်ပေါက်လာနိုင်ပါသဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌါန များသို့ Arakan Review မှ တဆင့် အချိန်မီ အကြောင်းကြားပေးပါရန် အသိပေး တင်ပြအပ်ပါသည်။
လောကာနန္နာသားတစ်ဦး