သယံဇာတ တန်း​တူသုံး​စွဲခွင့်​ပေး​ရန် ရခိုင်ပါတီ​တောင်း​ဆို

DVB


 
တိုင်း ​ရင်း​သား​ဒေသကထွက်တဲ့​ သယံဇာတ​တွေရဲ့​အကျိုး​ကို တိုင်း​ရင်း​သား​တွေ ခံစား​ခွင့်​ရ​ရေး​ လူထုလှုပ်ရှား​မှုတခု ပြုလုပ်ဖို့​ စီစဉ်​နေတယ်လို့​ သိရပါတယ်။

ရခိုင်ပြည်နယ်ကထွက်တဲ့ ​ သယံဇာတ​တွေကို ရခိုင်ပြည်နယ်သား​တွေ ခံစား​ပိုင်ခွင့်​နဲ့​ ပတ်သက်လို့​လာမယ့်​ ဇန်နဝါရီ ၁ ရက် နှစ်ဆန်း​တရက်​နေ့​မှာ လူထုစည်း​ဝေး​ပွဲတခု ကျင်း​ပပြီး​ ပြည်သူ​တွေကို ရှင်း​ပြဖို့​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ (အာအန်ဒီပီ) က စီစဉ်​နေတာပါ။

အထူး​သဖြင့်​ ရခိုင်ကမ်း​လွန်က ထွက်တဲ့​ သဘာဝဓာတ်​ငွေ့​ကရတဲ့​ လျှပ်စစ်မီး​တွေ ရခိုင်ပြည်သူ​တွေ အကျိုး​ခံစား​ခွင့်​ရရှိဖို့​ မြန်မာနိုင်ငံမှာ မီတာခ​တွေ စတင် တိုး​မြှင့်​မယ့်​နေ့​နဲ့​ချိန်ကိုက်ပြီး​ ကျင်း​ပဖို့​စီစဉ်ထား​တာလို့​ ပါတီ​ခေါင်း​ဆောင် ​ဒေါက်တာ ​အေး​မောင်က ​ပြောပါတယ်။

“လျှပ်စစ်မီး​ နဲ့​ ပတ်သက်လို့​ လက်ရှိ ​ပေး​နေရတဲ့​ နှုန်း​လေး​တွေ လူထုကို ချပြဖို့​ ရှိပါတယ်။ ဓာတ်​ငွေနဲ့​ ပတ်သက်လို့​ပါ။ အဲဒါကို တရုတ်ပြည်ကြီး​ကိုလည်း​ သင့်​တော်တဲ့​ နှုန်း​နဲ့​ ​ရောင်း​သလို အဲဒီက တခြား​ ၁၀၀ ​လောက်ရှိတဲ့​ ကုဗ​ပေ တန်ကိုလည်း​ မြန်မာလူထုကို ​ပေး​မယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ အဲဒီ အ​ခြေခံ သင့်​တော်တဲ့​ နှုန်း​လေး​ကို ရခိုင်ပြည်သူလူထုကိုလည်း​ အသုံး​ပြု​ပေး​အောင်၊​ သင့်​လျော်တဲ့​ နှုန်း​ထား​လေး​ တခုကို ပြည်​ထောင်စုအစိုး​ရ အပါအဝင် လွှတ်​တော်က ဆုံး​ဖြတ်ပြီး​ကာမှ ပြုပြင်နိုင်​အောင်ပါ။ အဲဒါ​လေး​ကို ကျ​နော်တို့​ မီး​မောင်း​ထိုး​ပြဖို့​ ရှိပါတယ်။ လွှတ်​တော်အမတ်​တွေ ​တော်​တော်များ​များ​ ပါမယ်။ ကျ​နော်တို့​ ပါတီကလည်း​ ပါမယ်။ အဲဒါ​လေး​ကို ​ဆွေး​နွေး​ဖို့​ အစီအစဉ် လုပ်ထား​တာပါ။”

ဒီလို ကျင်း​ပခွင့်​ရဖို့​ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ခွင့်​ပြုချက် ရထား​ပြီး​ပြီလို့​လည်း​ သိရပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား​ သုံး​စွဲခ​တွေကို လာမယ့်​ ဇန်နဝါ ၁ ရက်​နေ့​ကစပြီး​ အိမ်သုံး​ ၁ ယူနစ် ၂၃ ကျပ်က​နေ ၃၅ ကျပ်နဲ့​စီး​ပွား​ရေး​လုပ်ငန်း​သုံး​ ၁ ယူနစ်ကို ၅၀ ကျပ်က​နေ ၇၅ ကျပ်နှုန်း​ထိ တိုး​မြှင့်​ကောက်ခံမယ်လို့​ မြန်မာအစိုး​ရက တရား​ဝင် ထုတ်ပြန်ထား​တာပါ။

ဒါ​ပေမယ့်​ ရခိုင်ပြည်နယ်မှာ​တော့​ ၁၀ ယူနစ်​လောက်ပဲ အစိုး​ရသတ်မှတ်နှုန်း​နဲ့​ ခံစား​ခွင့်​ရပြီး​ ကျန်တဲ့​ မီတာခ ယူနစ်​တွေကို ၁ ယူနစ် မြန်မာကျပ် ၅၀၀ ​လောက်ထိ ရခိုင်ပြည်သူ​တွေက ​ပေး​ဆောင်​နေရတာပါ။

ဒါ​ကြောင့်​ ရခိုင်ပြည်နယ်မှာလည်း​ ရန်ကုန်နဲ့​တခြား​တိုင်း​ဒေသ​တွေမှာလို မီတာခ​တွေကို အစိုး​ရနှုန်း​ထား​နဲ့​တ​ပြေး​ညီ သတ်မှတ်သင့်​တယ်လို့​လည်း​ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

“ပြည်​ ထောင်စုကို ချီတက်တဲ့​အခါမှာ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်ဟာ တ​ပြေး​ညီ ဖြစ်ဖို့​လိုပါတယ်။ ကိုယ့်​ရဲ့​ နိုင်ငံထဲက ပြည်နယ် တိုင်း​ဒေသကြီး​တွေ မဟုတ်ဘူး​လား​။ ဒီလူထု​တွေကို ဒီလို မျှ​ဝေခံစား​ခွင့်​ မရှိဘူး​လား​ ဆိုတာ​လေး​ကိုလဲ ကျ​နော်တို့​က မီး​မောင်း​ထိုး​ပြချင်တာ။ ပြည်နယ်​ဒေသ​တွေကလည်း​ ပြည်​ထောင်စုရဲ့​ အစိတ်အပိုင်း​တွေမို့​လို့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေအရ ​ပေါ်​ပေါက်လာတဲ့​ ပြည်​ထောင်စုအစိုး​ရဟာ ​ကျောသား​ ရင်သား​ မခွဲခြား​ပဲနဲ့​ တိုင်း​ဒေသကြီး​ ပြည်နယ် အကုန်လုံး​ကို ​ပေး​နိုင်မယ့်​ တနည်း​ပဲ ရှိတယ်။ လူထုအကုန်လုံး​က ရင်ဝယ်သား​ ကဲ့​သို့​ပေါ့​ဗျာ။ ကျ​နော်တို့​ဟာ ညီအစ်ကိုချင်း​ပဲ။ သား​ကြီး​မို့​လို့​ အများ​ကြီး​ယူပါ​စေ၊​ သား​ငယ်မို့​လို့​ ဒါပဲ ဖြစ်သမျှ ခံရမယ် ဆိုတဲ့​ စိတ်ဓာတ်မျိုး​လည်း​ မရှိဖို့​ ပြည်​ထောင်စု အစိုး​ရမှာ လိုတယ်​လေ။”

လက်ရှိအာဏာရ မြန်မာအစိုး​ရလက်ထက်မှာ ပြည်နယ်တိုင်း​ဒေသကြီး​ တခုကထွက်တဲ့​ သယံဇာတ​တွေကို ပြည်​ထောင်စုအစိုး​ရကသာ စီမံခန့်​ခွဲ​နေပြီး​ ပြည်နယ်အစိုး​ရ​တွေက သယံဇာတ​တွေကို သက်ဆိုင်ရာ ​ဒေသ​တွေမှာ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​တွေ ​ဆောင်ရွက် အသုံး​ချခွင့်​မရှိဘဲ ဖြစ်​နေတာပါ။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။