ကျောက်တစ်လုံးဘုရားသမိုင်းအကျဉ်း

ရခိုင်ပြည် ၊ကျောက်ဖြူဖြို့
ကျောက်တစ်လုံးဘုရားသမိုင်းအကျဉ်း

နိဒါန်း



















ကျောက်တစ်လုံး လှိုဏ်ဂူ


ဒုတိယ မြောက်ဦးရွှေပြည်မြို့တည် နန်းတည်ဘစောသိရီငယ်မည်သော သီရိသူရိယစန္ဒာ (မဟာရာဇာဘွဲ.ခံမင်းဗာကြီးမင်း ) သည် သက္ကရဇ် (၈၉၈ ) ခုနှစ် မှာကျောက်ဖြူကျွန်းဦး ဘီလူးဆောင်ကြောင့်ထိုင်လတ္တံ ဆိုသောအတိတ်နှင့်အညီ နန်းတက် အထိမ်း အမှတ်
ဂူဘုရားကိုးဆူး အပါ အ၀င် တည်ထားကိုးကွယ်ခဲ့ပါသည် ။ ယင်း ဘုရားကိုးဆူမှာ မြောက်ဦးမြို.နယ်မှ သိမ်တော်ဘုရား၊ ရွှေဂူကြီးဘုရား၊ ရသေ့တောင်မြို.နယ်မှ ဂူတောင်ဘုရား၊ ဇီးကိုင်းဘုရား၊ ပုဏ္ဍားကျွန်းမြို.နယ်က ဂူဝဘုရား ၊ပေါက်တော်မြို့နယ်က ကြိမ်ခွေဘုရား ၊တော်ညိုဘုရား၊ နတ်တောင်ကြိုင်ဘုရား နှင့် ကျောက်ဖြူမြို့ကျက်သရေဆောင် ကျောက်တစ်လုံးဘုရားတို့ဖြစ်ပါသည်။

 ကျောက်တစ်လုံး ဘုရားတည်ခြင်း မှာမင်းဗာကြီးကုသိုလ်မပြုခင်ကဂူပေါက်တခုရှိခဲ့သည်။ ရမ်းဗြဲကျွန်း တောင်ဘက် ကျောက်နီမော် နားမှ ကလိန်တောင်မြစ်ရေပြင် မှာ ကလိင်္ဂရာဇ်ပြည် ရှိခဲ့သောကြောင့်  ယင်းပြည်ပျက် က ငှက်ဆင်ပျံယဉ်စီးပြီးထွက်ပြေးလာသော စိတ္တရလင်္ကာရ နှင့် တပည့်တို့သည် ဒီနေရာ ( ကျောက်တစ်လုံးဘုရား ) မှာ ခေတ္တဆင်းပြီး ချိန်းဆိုထားသော ကလိင်္ဂရသေ့ ကိုစောင့်၍ ဂူပေါက် တစ်ခု ကိုထုထွင်းခဲ့ပါသည်။ ထိုနေရာမှာ စကေါမ၊ ဘူတာဝါမာန၊ အဂ္ဂိရစသော ဂမ္ဘီရကျမ်း တို့ကို မြှုပ်နှံပြီး အနောက်ဘက်အရပ်သို့ ငှက်ဆင်ပျံစီး ထွက်ခွာသွားခဲ့ကြသည်။

မင်းဗာကြီးခေတ်မတိုင်မီကာလက ဒီပထမ ဂူပေါက်မှဘုရားဆင်းတုတော်တို့ကို ကိန်းဝပ်စေပြီး အနီးပတ်ဝန်းကျင်မှ ဒသခံများကကိုယ်ကွယ်ပူဇော်ခဲ့ကြပါသည်။ မင်းဗာကြီးနောက်ပိုင်း
ပြောင်းလဲရွှေလျှားလာသော ခေတ်အဆက်ဆက်မှာ ကုသိုလ်ရှင် အမျိုးမျိုးတို့က ဂူပေါက်များတိုးချဲ့
ထွင်းထုပြီး ဘုရားဆင်း တုများစွာကိုထုဆစ်သွင်းလောင်း ကိန်ဝမပ်စံပယ် ပြီး ကိုးကွယ်ခဲ့ပါသည်။
လက်ရှိ အခြေအနေမှာ ကျောက်တစ်လုံးဂူဘုရားသည် လောင်းတစ်ပေါက်တောင်၏ တောင်နှာမောင်းမှာ အလျှား( ၄၀၀ ) ကျော်၊ အမြင့် (၁၅ ) ပေ ( ၂၀ )ပေ ခန့်တွင် ဂူပေါက် ( ၅၄ ) ပေါက် တွင် ဗုဒ္ဓဆင်းတုတော်
(၁၉၂ ) ဆူခန့် ကိန်းဝပ်စံပယ်လျှက် ရှိပါသည်။

မြေပြင်မှဘုရားရင်ပြင်စင်္ကြန်သို့ တက်တေလှေကားသုံးစင်း ရှိပါသည်။ မြောက်ဘက်အစွန်းဆုံးသည် မင်းတက်လှေကားဖြစ်ပါသည်။ မင်းဗာကြီးသည်ဒေကျောက်တစ်လုံးဂူဘုရားကိုတည်တော်မူသော အခါမှာ ဂန္ထရီပညာရှင်တို့ကို  ရှေးရခိုင် စေတီပုထိုးစီရင် လေ့ ရှိသည့် မဏ္ဍိုင်အစီအစဉ် အရင်းတို့ကို ထည့်သွင်းစီရင် စေပြီး အဋာနာဌိယသုတ်လာ ဟေမ၀တနတ်ယက္ခနှင့် သာတာဂီရီနတ်ယက္ခ ကို စောင့်ထားလျှက်လောကပါလနတ်၊ ၀သုနြေ္ဒနတ်၊ ဂန္ထဗ္ဗနတ်၊ နဂါး၊ ၀ိဇ္ဖါ၊ ဇော်ဂျီ ၊ တပသီ၊ ဂုမ္ဘာန်များနှင့် ဂြိုဟ်ကြီးကိုးလုံးကိုစီရင်ပြုလုပ်ထားခဲ့ပါသည်။ ကျောက်တစ်လုံးဘုရား၏ မင်းတက် လှေကားထိပ်ဦး ဘီလူးနှစ်ကောင်ရှေ့မှာ လူနှစ်ရပ်ခန့်ရှိ ဓါးစွဲဆောင့်ကြောင့် ထိုင်ဟေမ၀တနှင့် သာတာဂီရိနတ်ဘီလူးနှစ်ကောင်ရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း အင်္ဂလိပ်ရေတပ် အမြောက်ဒဏ် ကြောင့်ယင်းနတ်ဘီလူး ရုပ်နှစ်ခု ပျက်စီး ခဲ့ပါသည်။

















ကျောက်ဖြူမြို့-ကျောက်တစ်လုံး ဂူဘုရားကြီး

ကျောက်တစ်လုံးဘုရားနေရာတွင် လေးမြို့ခေတ်ဦးက ရဟန္ဒာသစ္စ ပဏ္ဍ၀မထေရ် သည် သီတင်းသုံး ကျင့်ကြံအားထုတ်ခဲ့ဖူးပါသည်။ ခေတ် အဆက်ဆက်ရဟန်းသာမဏေများ၊ ၀ိဇ္ဒါဇော်ဂျီများ ၊ ထွက်ရပ်ပေါက်လိုသူများ၊ နတ်နဂါး သွားရာက် တရားကျင့်ကြံမူ၊ အဓိဋ္ဌာန်ဝင်မူ၊ ဥပုသ်ဆောင်ဝင်မူ တို့ ပြုခဲ့ကြပါသည်။ ကျောက်ဖြူမြို့ ယပ်လှဲကျောင်း ပထမ ဆရာတော် အရှင် သာဂရလက်ထက် မှာ ကျောက်တစ်လုံးဂူဘုရားတွင် လာရောက်ဥပုသ်စောင့်သော မြွေယောင်ဆောင်နဂါး ကို အနှောင့်အယှက်ပြုသော ကလေး နှစ်ဦး မှာနဂါးအခိုးမူတ်ခံရခဲ့ကြသော အဖြစ်အပျက်တို့ ရှိခဲ့ဖူးပါသည်။ နောက်ပြီး သုံးမိုင်ခန့်ဝေးသောကံကော်တော ဘုရားတွင်ကိန်းဝပ်သော ပတ္တမြားမျက်ရှင် ( ပြဒါးရှင်လုံး)သည် လပြည့်ညတို့မှာကျောက်တစ်တစ်လုံးဂူဘုရားအပေါ် မကြာခဏ လာရောက် ရစ်ဝဲလေ့ရှိသည်ဟု  ရှေ့လူကြီးများပြောကြားပါသည်။

ကျောက်တစ်လုံးဘုရားခေတ်အဆက်ဆက်တွင် ယခုအုန်းတော ရွာအနီး တည်ရှိခဲ့ဖူးသော
ကျောက်ဖြူရွာသားတို့က ထိမ်းသိမ်းစောင့်ရှောက်ကိုးကွယ် ခဲ့ပြီး ကျောက်တစ်လုံးဘုရားရှေ့ မှာ မင်းဗာကြီးလှူဒါန်းသော ပရိယတ္တိစာသင်တိုက်ကြီး တစ်ခု ရှိခဲ့ဖူးပါသည်၊ (၁၁၄၆) ခုနှစ်ကျောက်ဖြူရွာ ပျက်စီးပြီးနောက် ထိမ်းသိမ်းမှုမရှိပဲ အတော်ကြာခဲ့ပြီးမှ (၁၉ ) နှစ်ရာစု နှောင်းပိုင်းနှင့် ( ၂၀ ) ရာစု အစောပိုင်းကာလများ တွင် ကျောက်ဖြူမြို့မှ ဦးပန်းလှ၊ ပညာဝန်ဦးကုလား၊ အဖွဲဒါယိကာကြီးဦးထွန်းလှ၊ ကုန်သည်ကြီးဦးအောင်လှ ကုသိုလ် ရှင်များတို့က ကျောက်တစ်လုံးဂူဘုရားအား ထိန်းသိမ်းစောင့်ရှောက်ပြုပြင်မွမ်းမံပူစော်ကိုးကွယ် ခဲ့ကြသည်မှစ၍ နှောင်းပိုင်းကာလတို့မှာ ကုသိုလ်စေတနာရှင်တို.က ဆက်လက်ထိမ်းသိမ်း မွမ်းမံပူဇော် လျှက်ရှိပါသည်၊ သင်္ကြန်နှစ်ဆန်း
တစ်ရက်နေ့ ကံကော်တော်ဘုရား နှင့်အတူ ဘုရားပွဲ ကျင်းပလေ့ ရှိပါသည်။

.............................
မှတ်ချက်။ ။ ကျောက်ဖြူ ရင်သွီးချေ ဘလော့မှ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။