ရွှေရအောင်(တောင်ကုတ်)
ရန်ကုန် ဧပြီ ၁၈ ရက်
ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်မတော် AA နှင့် ဆက်နွယ်မှု စွဲချက် ဖြင့် ထောင်ချခံရသူ ကျောင်းဆရာ ရွှေလုံး(ခ) ဦးရွှေစိန်ဝင်း စစ်တွေထောင်ထဲက ပြန်လည် လွတ်ပြီး မင်းပြားမြို့သို့ ရောက်ရှိလာရာ လူဦးရေ ၁၀၀ခန့်က ကြိုဆိုဂုဏ် ပြုခဲ့ကြောင်း သိရသည်။
မင်းပြားဒေသခံတစ်ဦးဖြစ်တဲ့ ဦးသိန်းစံက" အရမ်းပျော်ပါတယ်။ နှစ်ဆန်းတစ်ရက်မှာ ဒီလို လွတ်မြောက်တာ မင်္ဂလာရှိပါယ်။ တခြားစွဲချက်တင် ထောင်ချခံထားရတဲ့သူများကိုလည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်း ပါတယ်"ဟု နိရဉ္စရာသို့ပြောသည်။
ဧပြီလ ၁၇ ရက် နေ့က သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူ ၄ ဦး စစ်တွေထောင်ထဲမှ လွတ်မြောက်လာရာ ထိုအထဲတွင် ကျောင်းဆရာ ဦးရွှေလုံးလည်း ပါဝင်သည်။
ဧပြီလ ၁၈ ရက် ညနေ ၄ နာရီခန့််လောက်က မင်းပြားမြို့ သို့ ပြန်လည် ရောက်ရှိလာရာ တပည့်သားသမီးများ၊ ဆွေမျိုးမိဘများနှင့် မြို့သူမြို့သားများ က ဝမ်းသာစွာဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
#NarinjaraNews

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။