တပ်မတော်မှ ထိုးစစ် ဆင်မှုကြောင့် ရခိုင်စစ်ပွဲ ပြင်းထန် ဒေသခံ လူဦးရေ ၅၀၀ ကျော် နေရပ်စွန့်ခွာပြီး နီးစပ်ရာ သို့ ၀င်ရောက် ခိုလှုံ

The Rakhine Times / ဧပြီ ၂၁


ရခိုင်ပြည်ယ်အတွင်း ရက္ခိုင့်တပ်မတော် ( AA ) နှင့်မြန်မာ့တပ်မတော်တို့ ဧပြီလ ၁၆ ရက်နေမှ စတင်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာ့ တပ်မတော် စစ်ကြောင်းများ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲ ပြင်ထန်နေဆဲဖြစ်ရာ ဘူသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များမှ ဒေသခံ လူဦးရေ ၅၀၀ ကျော် နေရပ်စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာများသို့ ၀င်ရောက် ခိုလှုံ နေရ ကြောင်း သတင်း ရရှိသည်။

အဆိုပါ နေရပ်စွန့်ခွာလာသူများထဲတွင် ဘူးသီးတောင်မြို့နယ် နတ်အိုင် ကျေးရွာမှ နေရပ်စွန့်ခွာလာသူ ၂၆၀ ရှိပြီး ၄င်းတို့မှာ ယင်းမြို့နယ် စည်တော် ကျေးရွာ စာသင်ကျောင်းတွင် ၀င်ရောက် ခိုလှုံနေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ရသေ့ တောင်မြို့နယ် ရေစိုးချောင်း ကျေးရွာအထက်ပိုင်း မှ နတ်ကျောက်ရွာ ၊ ဒုံရွာ ၊ အဘု ရွာ စသည့် ရွာသား ကျား ၁၃၆ ၊ မ ၁၁၂ ၂၄၈ ဦးမှာ အနီးပတ်ဝန်းကျင် ကျေးရွာဖြစ်သည့် ပဲသတုန်ချောင်း ကျေးရွာအုပ်စုမှ ဗောထီးကိုင်း ကျေးရွာတွင် ၀င်ရောက်ခှို လှုံနေကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

အဆိုပါ ဗောထီးကိုင်းကျေးရွာတွင် ခိုလှုံနေသော သူများမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ် ခမီတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပဲသတုန်ချောင်း ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းလှိုင်က “ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ ။ ကျွန်တော်တို့ ရွာက သေနတ်သံတွေ ကိုကြားရပါတယ်။ ရွာသားတွေလည်း စိုးရိမ်ပြီး ည တောင် မအိပ်ရဲကြတော့ဘူး။ ပေါ်တာ ဆွဲမှာ ကို အရမ်းကို ကြောက်နေရတယ်။ ဟိုး…အထက်ပိုင်း ရွာက နတ်ကျောက်ရွာ ၊ အဘုရွာ ၊ ဒုံရွာ သူတို့လည်း မနေရဲတော့ ဗောထီးကိုင်းရွာမှာ ဆင်းပြီး စုနေကြတယ်။ ရွာသားတွေ ထိခိုက်မှု မရှိဘူး ဆိုပေမဲ့ ။ နတ်ကျော်ရွာက လမ်းကြောင်းပြ ဖို့ ရွာသား လေးယောက်ကို ခေါ်သွားတာ အခုချိန်ထိ ပြန်မရောက် သေးဘူး ” ဟု ပြောသည်။

ယင်းသို့ တိုက်ပွဲ ဖြစ်ပွားနေသည့်တွက် နေရပ်စွန်ခွာ ထွက်ပြေးသူများ တစ်နေ့ ထက် တစ်နေ့ များပြား လာနေသလို ဒေသခံ တချို့မှာလည်း မြန်မာစစ်တပ်၏ ပေါ်တာ ဆွဲမှုကို ခံနေရသည်ဟု ဆိုသည်။
ရေစိုးချောင်း ကျေးရွာသား ဦးကြွင်းကျန်အောင်ပါ ၇ ဦး မှာလည်း မြန်မာတပ်မတော်၏ ပေါ်တာ ဆွဲသည့် အထဲတွင် ပါသွားကြောင်း ဆွေမျိုးသားချင်းများက ဆိုသည်။

ဦးကြွင်းကျန်အောင်၏ သားဖြစ်သူ ကိုထွန်းနေစိုးက “ စစ်တပ်က ကျွန်တော်အဖေကိုးနွားကျောင်းနေရင်းနဲ့ ဖမ်းခေါ်သွားကြတာ။ ဆန်အိတ်တွေ ထမ်းခိုင်းတယ် လို့ပြောတယ်။ ဖမ်းသွားတာက ၂၀ ရက်နေ့ ကပါ။ တခြားလူတွေ လည်း ခံရတယ်။ တောင်မတက်ရဲလို့ ချောင်းမှာ ငါးသွားရှာနေတဲ့ လူတွေလည်း ပါသွားတယ် ။ ဒီနေ့လည်း တစ်အိမ် တစ်ယောက်ကျ လိုက်ရမယ် ဆိုပြိး ပြောသံတွေကြားခဲ့ရတယ် ။ ကျွန်တော့် အဖေ အသက်က ၆၀ ကျော်ပြီ အဲဒါကို ခေါ်သွားကြတာ ” ဟု ပြောသည်။

ရက္ခိုင့်တပ်မတော် ( AA )နှင့် မြန်မာတပ်မတော်တို့သည် ဧပြီလ ၁၆ ရက်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ နယ် လောရမ တောင် တန်းနှင့် ကျောက်တော်မြို့ နယ် အစပ် နတ်သရွေး ကျေးရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ မြန်မာ့တပ်မတော်ဘက်မှ ယာယီတပ်ရင်းမှူး တစ်ဦးအပါအ၀င် အရာရှိ စစ်သည် တချို့ကျဆုံးခဲ့ကြောင်း ၊ ယင်းကြောင့် AA တပ်ဖွဲ့ဝင်များအား အပြီးပိုင် ချေမှုန်းနိုင်ရေး အတွက် နယ်မြေရှင်း လင်းရေးများကို လုပ်ဆောင်နေကြောင်း ဧပြီလ ၁၉ ရက် ရက်စွဲဖြင့် တပ်မတော်ဘက်မှ သတင်းထုတ်ပြန် ထားသည်။

ရက္ခိုင့်တပ်မတော် ( AA ) မှလည်း ဧပြီလ ၂၀ ရက်စွဲ ထုတ်ပြန်ထား သည်မှာ ပြည်သူ လူထုမှရွေးချယ်ထားသော တရားဝင်အစိုး ရ နှင့် နိုင်ငံေ ရး အ ရ ဖြစ်ပေါ်လာသော ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးရန် အမြဲတမ်း အဆင်သင့်ရှိနေသလို အမျိုးသားရင်ကြားစေ့ရေး အတွက်လည်း အကောင်း ဆုံးမျှော်လင့်ထားပြီး အခြားတစ်ဖက်တွင် လည်း လူသားတို့ ၏ မွေးရာ ပါအခွင့် အရေးဖြစ်သော မိမိကိုယ် ကိုမိမိခုခံကာကွယ်ပိုင်ခွင့် အရ မိမိတို့ရက္ခိုင့်တပ်မတော်အနေဖြင့်ရခိုင်ပြည်သူ လူထုနှင့် လက်တွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေမှုမှန်သမျှကို ခုခံတိုက်ပွဲဝင်သွားပါမည် ဖြစ်ကြောင်း ၄င်း၏ အင်တာနက် စာမျက်နှာမှ တဆင့် ထုတ်ပြန်ဖော်ပြထားသည်။

ဓါတ်ပုံ ... မင်းသိမ်းခိုင် ( စိုင်းဒင် )

#The Rakhine Times
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။