မင်းသိမ်းခိုင်
၁၃-၅-၂၀၁၅
အရင်ဦးဆုံး ဒီဆောင်းပါးကို ဘူးသီးတောင်-မောင်တောက ညီငယ်၊ ညီမငယ်တို့ကို သိစေချင်လို့ ရည်ရွယ်ရေးသားတယ်ဆိုတာ ကြိုတင်ပြောထားပါရစေ။
ဘူးသီးတောင်-မောင်တောဒေသမှာ ဘင်္ဂလီလှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတိထားရမယ့်နေ့တွေမှာ မေလ(၁၃)ရက်နေ့ နီးလာပြီဆိုတာနဲ့ သက်ဆိုင်ရာက (လုံခြုံရေးအဖွဲ့အစည်းတွေက) သတိထားရမယ့်အချိန်အဖြစ် သတ်မှတ်ပြီး သတိကြီးစွာ စောင့်ကြည့်လေ့ရှိပါတယ်။
လူငယ်ပိုင်း အများစုကတော့ ဘာကြောင့်အရေးကြီးတာလဲ။ ဘာတွေဖြစ်မှာလဲ။ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာတွေကို သိချင်မှသိမယ်။ တစ်ဆင့်ကြားနဲ့ ဘာနေ့ဖြစ်လို့ပါဆိုပြီး ပြောကြတာတွေလဲ ကြားနေရတယ်။ အမှန်လဲရှိ၊ အမှားတွေလဲရှိပါတယ်။
တကယ်တမ်း ဒီကိစ္စကိုပြောရရင် ၁၉၄၂၊ ကုလား-ရခိုင် အဓိကရုဏ်းက စရပါမယ်။ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဘူးသီးတောင်၊ မောင်တောဒေသက ရခိုင်တိုင်းရင်းသားတွေဟာ #၁၉၄၂၊ မေလ(၁၃)ရက်နေ့မှာ ဒေသကိုလုံးဝစွန့်ခွာပြီး ထွက်သွားကြတဲ့အခါ ဘင်္ဂလီတွေက Peace Committee (ငြိမ်းချမ်းရေးကော်မတီ) ဖွဲ့စည်းပြီး ကိုယ့်ဟာကိုယ်အစိုးရသဖွယ် အုပ်ချုပ်နိုင်ခဲ့တယ်။ ဒေသကိုလွှမ်းမိုးနိုင်ထားခဲ့ပါတယ်။ ဘင်္ဂလီတွေကိုခေါ်ပြီး ရွာတွေတည်ပေး၊ နေရာချပေး၊ လယ်ယာမြေတွေခွဲဝေပေးပြီး မင်းမူအုပ်ချုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာအဲဒီအဖွဲ့ဟာ “ဂျမေယာ တူ အူလေမာ အီ အစ္စလာမ်” (Jamia tul Ulima e Islam) ဘာသာရေးအဖွဲ့အဖြစ် အသွင်ကူးပြောင်းသွားခဲ့ပါတယ်။
တိမ်းရှောင်သွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားတေကတော့ အခုအချိန်ထိ ပြန်မလာနိုင်တော့ပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းထဲက မြို့နယ်တွေမှာ အခြေချနေထိုင်နေကြပါတော့တယ်။ (မြောက်ဦးနယ်၊ မင်းပြားနယ် စတဲ့ နေရာတွေကရွာတွေရဲ့အမည်တွေဟာ ဘူးသီးတောင်က ရွာတွေရဲ့အမည်တွေနဲ့တူနေတာ သိကြပါလိမ့်မယ်။ ဒီရွာတွေဟာ ဘူးသီးတောင်ကနေ IDP အဖြစ်ထွက်သွားခဲ့ကြတဲ့ တိုင်းရင်းသားတွေ ပုန်းခိုခဲ့လို့ မူရင်းနေရာအတိုင်း တွင်ကျန်နေခဲ့တဲ့ ရွာအမည်တွေပါပဲ။)
၁၉၄၇ခုနှစ်၊ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဘင်္ဂလီများ မဲပေးခွင့်ရခဲ့တယ်။ အင်အားရှိလာတာနဲ့ ဘင်္ဂလီတွေဟာ မူဂျာဟစ်လှုပ်ရှားမှုဖြစ်ပေါ်လာတယ်။ မွတ်ဆလင်လွတ်မြောက်ရေး ညီလာခံကို မောင်တောမြို့နယ်၊ ဂါရာဗြင်ကျေးရွာမှာ ညီလာခံတစ်ခုလုပ်ပြီး မူဂျာဟစ်ပါတီဖြစ်လာခဲ့ပါတယ်။
၁၉၄၈၊ စက်တင်ဘာ (၃ဝ)မှာတော့ ဘူးသီးတောင်မြို့နယ်၊ ဆင်အိုးပြင်ရွာမှာ (မောင်ကြီးထောင့်အုပ်စု၊ ဘူးသီးတောင်မြို့နယ်မှာ) စတင်စခန်းချခဲ့ပြီး “ပါကစ္စတန် ဂျီနာဗတ်” (ပါကစ္စတန် အဓွန့်ရှည်ပါစေ) ဆိုတဲ့ ကြွေးကြော်သံတွေ သောသောညံလာခဲ့ပြီး -
- ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက်ကမ်းကြားဒေသကို မွတ်ဆလင်တို့၏ National Home အဖြစ် သတ်မှတ်ပေးရန်
- ရခိုင်ရှိမွတ်စလင်များကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရန်
စတဲ့တောင်းဆိုချက်တွေကို ဗြိတိသျှအစိုးရထံတောင်းဆိုပြီး မူဆလင်နယ်မြေရရှိရေးကို အဓိကထား ဆောင်ရွက်လာခဲ့ကြတယ်။ သူတို့၏ တောင်းဆိုကြိုးပမ်းချက် မအောင်မြင်ခဲ့ဘဲ မြန်မာနိုင်ငံလည်း ဗြိတိသျှ တို့ထံမှ လွတ်လပ်ရေးရခဲ့ပါသည်။ အကျဉ်းချုပ်ပြောတာပါ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ အစိုးရတက်လာတဲ့အခါ အမတ်နေရာများများလိုချင်လို့ (လူဦးရေတိုးအောင်) ဘင်္ဂလားက ဘင်္ဂလီတွေကို နေရာပေးပြီး ခေါ်သွင်းလာပြန်တယ်။ ဘင်္ဂလီတွေက လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေဖြစ်လာခဲ့တယ်။ ဒီလောက်နဲ့မတင်းတိမ်နိုင်တဲ့ ဘင်္ဂလီတွေဟာ ၁၉၅၁၊ ဇွန်(၁၀)မှာ အလယ်သံကျော်ညီလာခံ(Arakan Muslim Conference) ကို ဘင်္ဂလီလွှတ်တော်အမတ်တွေ ဦးဆောင်ကျင်းပပြီး တောင်းဆိုချက်တွေ တောင်းဆိုလာပါတော့တယ်။ အဲဒီညီလာခံမှာ ပါကစ္စတန်က ဘာသာရေး ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဓိကရည်ရွယ်ချက်က ကိုယ်ပိုင်မူဆလင်ပြည်နယ်ရအောင် တောင်းဆိုမယ်။ နောက်ပိုင်းမှာ ပါကစ္စတန်နိုင်ငံ (အခုဘင်္ဂလားဒေ့ရှ်နိုင်ငံ) နဲ့ ပေါင်းမယ်ဆိုတယ်။ အရေးကြီးတဲ့ တောင်းဆိုချက် တစ်ချို့ကတော့-
(၁) ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်(မေယုကမ်းဒေသ) ကို မူစလင်ဒေသအဖြစ် သတ်မှတ်ပြီး ထိုဒေသကို ကချင်၊ ချင်း၊ စသည်တို့ကဲ့သို့ ပြည်နယ်အဆင့် သတ်မှတ်ရေး၊
(၂) ကိုယ်ပိုင်လက်နက်ကိုင်တပ် ဖွဲ့စည်းခွင့်ပေးရေး
(၃) ရခိုင်မြောက်ပိုင်းအတွက် စစ်တွေကို ဗဟိုထား၍ သီးခြားအစိုးရဖွဲ့စည်းပြီး အစိုးရအဖွဲ့တွင် ကုလား-ရခိုင် ပူးပေါင်း ပါဝင်ရေး၊ ဌာနတိုင်းတွင် ကုလား-ရခိုင် ၅ဝ/၅ဝ ပါဝင်ရေး၊
(၄) လက်နက်ကိုင်တပ်ဖွဲ့စည်းရာတွင် စစ်အကြီးအကဲရာထူးအတွက် မူဆလင်ကိုခန့်အပ်ပြီး ရခိုင်ထဲမှ ဒုတိယအကြီးအကဲ ခန့်အပ်ရေး စတာတွေဖြစ်ပါတယ်။
သူတို့ရဲ့လှုပ်ရှားမှုတွေဟာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပြီး တိုင်းပြည်ကို ပြန်လည်တည်ဆောက်ချိန်၊ နောက်ပြီးနိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖြစ်တဲ့အချိန်တွေမှာ လှုပ်ရှားကြလေ့ရှိပါတယ်။ (၁၉၄၂ ဒုတိယ ကမ္ဘာစစ်ဖြစ်မယ့်အချိန်၊ လွတ်လပ်ရေးရပြီးတိုင်းပြည်သစ် တည်ဆောက်မယ့်အချိန် လှုပ်ရှားမှုတွေပါ။) သူတို့ရဲ့ အခုအချိန်အထိ မဆုံးသေးတဲ့အိပ်မက်ကတော့ ဘူးသီးတောင်-မောင်တောဒေသကို သူတို့အုပ်ချုပ်တဲ့ မူဆလင်ပြည်နယ်အဖြစ် လိုချင်တဲ့အိပ်မက်ပဲဆိုတာ ဒေသခံတိုင်းရင်းသားတွေ မမေ့လျော့ကြဖို့ လိုပါတယ်။
အဲဒီအချိန်ထဲက ဆက်တိုက်လှုပ်ရှားမှုတွေမှာဆိုရင် မူဂျာဟစ်တွေဟာ အဲဒီကာလတုန်းက မူဆလင်ကမ္ဘာမှာ တန်ခိုးထွားနေတဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ တွေ့ဆုံဆွေးနွေးပြီး စိတ်ကူးယဉ်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ဖဆပလပြိုကွဲပြီး နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာလို့ ပထစ အစိုးရတက်လာတဲ့အခါမှာတော့ ရခိုင်ပြည်နယ်သတ်မှတ်ဖို့ အစိုးရကစီစဉ်ဆောင်ရွက်တဲ့အခါ ဘင်္ဂလီတွေက အပြင်းအထန်ကန့်ကွက်ခဲ့လို့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲက ရွာ(၂၉)ရွာကို ရခိုင်ပြည်နယ်ဖွဲ့စည်းပုံထဲက ချန်လှပ်ထားခဲ့ရတဲ့အထိဖြစ်ခဲ့ဖူးပါတယ်။
#၁၉၆၁ မေလ(၁)ရက်နေ့မှာ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၉ ရွာကို ထည့်သွင်းပြီး မေယုခရိုင်အဖြစ်သတ်မှတ်ခဲ့ရပါတယ်။ နယ်ခြားအုပ်ချုပ်ရေးနယ်အဖြစ် စစ်ဘက် အရာရှိများက အုပ်ချုပ်ခဲ့ရတာ ၁၉၆၂ ခုနှစ်၊ စစ်အာဏာ သိမ်းခဲ့တဲ့အထိပါပဲ။ မူဂျာဟစ်ပါတီလဲ မြေအောက်ကိုရောက် ရှိသွားပါတော့တယ်။
အဲဒီနောက်ပိုင်း မဆလအစိုးရတက်လာခဲ့ပြီး အုပ်ချုပ်လာခဲ့တာ ၁၉၈၈အထိပါပဲ။ လိုရင်းကိုအကျဉ်းချုပ်ပဲ တင်ပြပါတော့မယ်။
၁၉၈၈ခုနှစ်ထဲမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေပြင်းထန်လာခဲ့ပါတယ်။ အစိုးရဆန့်ကျင်ရေးတွေ ပိုများလာတယ်။ အဲဒီအချိန် #၁၉၈၈၊ မေလ(၁၃)ရက်၊ သောကြာနေ့ ည(၉းဝဝ)နာရီအချိန်မှာ မောင်တောမြို့က အုပ်ချုပ်ရေးအာဏာပိုင် ပုဂ္ဂိုလ်တွေ မရှိတာကိုအခွင့်ကောင်းယူပြီး မောင်တောမြို့ကို ဝိုင်းရံလုပ်ကြံရန် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အဲဒီတုန်းက ကြွေးကျော်သံကလဲ “ပါကစ္စတန် ဂျီနာဗတ်”ပဲဖြစ်ပါတယ်။ ကုလားလူအုပ်ကို အတင်းဖေါက်ထွက်၍ လုံထိန်းတပ်ရင်းကို အကူအညီတောင်းခံနိုင်ခဲ့လို့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့၏ ရည်ရွယ်ချက် မအောင်မြင်ခဲ့ပါဘူး။ (၁၉၈၈ အရေးအခင်းက သြဂုတ်လ(၈)ရက်နေ့မှ တစ်နိုင်ငံလုံးမှာဖြစ်တာပါ။ အဲဒီအချိန်မှာ ဒီမိုကရေစီဆိုတာ (နိုင်ငံရေးသမားကလွဲလို့) ပြည်သူအများက မသိရှိကြသေးပါဘူး။) သူတို့ရည်ရွယ်ချက်က ဒီမိုကရေစီတောင်းဆိုဖို့ မဟုတ်ပဲ နိုင်ငံမတည်ငြိမ်တဲ့အချိန်၊ ဒေသအုပ်ချုပ်ရေးအာဏာပိုင် အမိန့်ပေးနိုင်သူမရှိတဲ့အချိန်မှာ မောင်တောမြို့ကို သိမ်းပိုက်ပြီး #အလယ်သံကျော်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။
#၁၉၉၄၊ မေလမှာ မောင်တောမြို့ပေါ်က ဗုံးပေါက်ကွဲမှုကြီးကို သိကြမယ်ထင်ပါတယ်။ ဒါကလဲ အဲဒီအိပ်မက် နောက်ဆက်တွဲတွေပါပဲ။ အဲဒီတုန်းက ဗုံး(၉)လုံးပေါက်ကွဲခဲ့ပြီး (၃)လုံးကို မပေါက်ကွဲဘဲ သိမ်းဆည်းရမိခဲ့ပါတယ်။ အချိန်ကိုက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ RSO များ အလယ်သံကျော်ဘက်မှ စက်လှေဖြင့် ဝင်ရောက်လာတယ်။ တပ်မတော်က လိုက်လံရှင်းလင်းခဲ့လို့ လက်နက်တွေနဲ့ ဖမ်းဆီးရမိခဲ့တယ်။ ဒီသမိုင်း အခြေခံအချက်တွေကြောင့်ပဲ မေလဟာ ဘူးသီးတောင်၊ မောင်တောအတွက် အလွန်အရေးကြီးတဲ့ အချိန်လို့ သတိပေးကြတာဖြစ်ပါတယ်။
၂ဝ၁၅ခုနှစ်မှာ နိုင်ငံရွေးကောက်ပွဲရှိတယ်။ ဘင်္ဂလီတွေ မဲပေးခွင့်ရ/ မရ မသေချာတဲ့အခြေအနေမှာရှိတယ်။ (၄-၅-၂ဝ၁၅)နေ့က ဘင်္ဂလားနယ်စပ် မိုင်တိုင်(၅၂)(၅၃)မှာ ဘင်္ဂလီတွေထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်။ ရန်ကုန်သန်လျှင်မှာ မူဆလင်ညီလာခံကျင်းပဖို့ စီစဉ်နေတယ်။ အဲဒီညီလာခံမှာ သူတို့ကို နိုင်ငံသားပေးဖို့ တောင်းဆိုလာမယ့် အခြေအနေရှိတယ်။ (#၁၉၅၁၊ အလယ်သံကျော်ညီလာခံကို သတိရပါ။) နိုင်ငံတကာမှာ လှေစီးထွက်ပြေးလို့ဖမ်းမိတဲ့ ဘင်္ဂလီတွေကို မြန်မာနိုင်ငံကပါလို့ စွပ်စွဲတဲ့အသံတွေ ဆူညံနေတယ်။
ဒေသခံ လူငယ်တွေအနေနဲ့ ဘာကိုသတိထားရမလဲ။ ဘာကြောင့်အရေးကြီးတာလဲ ဆက်စပ်စဉ်းစားဖို့၊ သိအောင်ကြိုးစားဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ ရိုင်းတယ်လို့မထင်ပါနဲ့။ #မူးမူးရူးရူး၊ မေ့မေ့လျော့လျော့ နေကြရင်တော့ ခံသွားရပါမယ်။ သူတို့တွေရဲ့ အဓိကလှုပ်ရှားမှုဟာ ဘူးသီးတောင် မောင်တောဒေသမှာပဲ အခြေတည်ဖို့ဖြစ်နိုင်ခြေများနေပါတယ်။
ဒိဆောင်းပါးအတွက် မဖြစ်မနေ သတိရအောက်မေ့ပြီး ကျေးဇူးတင်ရမှာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အခင်ကြီးဦးစံရွှေမောင်ကိုပဲ ဖြစ်ပါတယ်။ အချက်အလက်တွေကို သူ့ဆီက ကျွန်တော်သိခဲ့ရတာပါ။
Credit@Arakan Blood News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။