အစိုးရနှင့် ရက္ခိုင့်တပ် တိုက်ပွဲအတွင်း အစိုးရစစ်သား ၃၀ ခန့် ကျဆုံးဟုဆို

By ဒီဗွီဘီ 4 March 2016

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း မိုင်တိုင် အမှတ် ၆၃-၆၄ မှာ မနေ့ည ၅ နာရီကျော်က  အစိုးရတပ် ခမရ ၅၆၅ နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် အစိုးရတပ်ဘက်က ၃၀ နီးပါး ကျဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ရက္ခိုင့်တပ်မတော်က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဒေသမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ တာဖြစ်ပြီး မနေ့ညနေကတော့ စစ်ကူလာတဲ့ကားကို ၀င်ရိုက်ခိုက်ခဲ့လို့ ရက္ခိုင့်တပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“အဲဒီမှာ တိုက်ပွဲဖြစ်နေတာက ဖေဖော်ဝါရီ ၂၇ က တကြိမ်ဖြစ်တယ်။ နောက်ပြီးတော့ မတ်လ ၁ ရက် နေ့မှာဖြစ်တယ်၊ ၂ ရက်နေ့မျာ ထပ်ဖြစ်တယ်။ ဆိုတော့ မနေ့က ၃ ရက်နေ့ ညနေ ပိုင်းမှာ သူတို့စစ်ကူလာတဲ့ကားတန်းကို ကျနော်တို့ဖက်က အမှတ် ၅ ဗျူဟာက ရဲဘော်တွေ သွားပစ်တာ အဲဒီမှာ အဲဒီမှာ ဗမာ့တပ်မတော်က စစ်ကူလာတဲ့ကားက ၂ စီး လုံးဝ ပျက်စီး သွားတယ်ပေါ့။ ဆိုတော့ အဲဒီမှာပါတဲ့ ရဲဘော်တွေ အကုန်လုံးနီးပါး ကျသွားတယ်ပေါ့။ ”

ရခိုင့်တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိခဲ့ပြီး အစိုးရတပ်အနေနဲ့ စစ်ကူတွေ ထပ်မံတက်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။

ရက္ခိုင့်တပ်မတော်ရှိတဲ့နေရာကို အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာလို့ အခိုလို ပြန်လည် ခုခံတိုက်ခိုက်ရ တာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဗမာ့တပ်မတော်အနေနဲ့ တကယ်ငြိမ်းချမ်းရေး လိုလားရင် သူ့နေရာမှာသူနေရင်တိုက်ပွဲဖြစ်စရာ အကြောင်းမရှိဘူးလို့ လည်း ခိုင်သုခက ပြောပါတယ်။

နှစ်ဖက်အကြား ဖြစ်နေတဲ့တိုက်ပွဲတွေကြောင် ဒေသခံရွာသားတွေလည်း ပေါ်တာအနေနဲ့ ဖမ်းဆီးခံရမှုတွေရှိသလို စိုးရိမ်ထိတ်လန့်နေကြရတယ်လို့လည်း ဆိုပါတယ်။

မနေ့တုန်းကတော့ ရခိုင်တပ်မတော် (AA) နဲ့ ဆက်နွှယ်သူ  ၄ ဦးကို  မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ ဘူသီးတောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မနှစ် ဇွန်လအတွင်း တပ်မတော်စစ်ကြောင်း တွေက ဖမ်းဆီးပြီး ဇူလိုင်လမှာ  ရုံးတင်စစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီ ၄ ဦးထဲမှာ AA က ဒု-တပ်ကြပ်နဲ့  တပ်သားတဦးတို့ပါဝင်ပါတယ်။
အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရရှိမှု အခြေအနေတွေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

___http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။