ဂွမြို့နယ်ပင်လယ်ကမ်းခြေ တစ်လျှောက်မှ သဲ၊ ကျောက်ထုတ်ယူနေမှုကို တားဆီးရန် လိုအပ်နေ

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၃


ရခိုင်ပြည်နယ် ဂွမြို့နယ် ပင်လယ်ကမ်းခြေ တစ်လျှောက်မှ သဲနှင့် ကျောက်များကို စည်းကမ်းမဲ့ ထုတ်ယူနေသဖြင့် ရေရှည်တွင် ပင်လယ်ကမ်းခြေ ပျက်စီးသွားနိုင်သည်ဟု ဒေသခံများက ပြောသည်။

“ ကျောက်တွေကို လမ်းခင်းဖို့ ထုတ်ယူနေတာ အများအပြားပါဘဲ။ အခု ကမ်းခြေက ကျောက်တွေ ကုန်ပြီ။ ထုခွဲလို့ မရတဲ့ ကျောက်တွေဘဲ ကျန်တော့တယ်။ ဒီကျန်နေတဲ့ ကျောက်တွေကိုလည်းနောင်အခါ မထုတ်ယူလို့ မပြောနိုင်ဘူး” ဟု ဒေသခံ ကျောင်းဆရာ တစ်ဦးက ပြောဆိုသည်။

ဂွမြို့နယ်တွင် တည်ရှိသော ကမ်းသာယာ၊ ဆက်သွား၊ ဂျိုင်းကောက်နှင့် တိုင်ကြိုး စသည့် ပင်လယ်ကမ်းခြေများ အထူးလှပပြီး သဘာဝ အတိုင်း ယနေ့ထိ တည်ရှိ နေသဖြင့် အနာဂတ်တွင် လူအများ လာရောက် လည်ပတ်နိုင်သော ကမ်းခြေများအဖြစ် အဆင့်မြင့်တင်နိုင်ပါက အလွန်အကျိုးစီးပွား ဖြစ်ထွန်းနိုင်မည့် ပင်လယ်ကမ်းခြေများ ဖြစ်ကြသည်။

“ ဒီ ပင်လယ်ထဲက ကျောက်တွေကို မိုင်းခွဲတာတော့ မရှိပါဘူး။ ဒါပေမယ့် ထုခွဲလို့ ရတဲ့ ကျောက်တွေ၊ ရေထဲက တူးလို့ရတဲ့ ကျောက်တွေကို အကုန် ထုတ်ယူသွားကြတာပါ။ ဘယ်သူမှ တားလို့ မရပါဘူး။ အခုတော့ မြို့နယ်ထွေအုပ်ရုံးက တားဆီးထားတယ်လို့ သိရပါတယ်” ဟု ၎င်းကျောင်းဆရာက ဆက်လက် ပြောဆိုသည်။



ယခုကဲ့သို့ လမ်းခင်းရန် ကျောက်များ ထုတ်ယူမှုကြောင့် တချို့ ပင်လယ် ကမ်းခြေများတွင် ကျောက်ဆောင်၊ ကျောက်တန်းများနှင့် ကျောက်လုံးကြီးများ ပျက်စီးမှုများရှိနေကြောင်း သိရသည်။

( တားမြစ်ထားသည့်ကြားက ကျောက်နှင့်သဲများကို ထုတ်ယူနေကြသည်။ ယခုလ ၁၅ ရက်နေ့က နိရဉ္စရာမှ ရိုက်ယူထားသော ဓာတ်ပုံများ ဖြစ်ကြပါသည်။

#Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။