ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာနှင့်ကျောက်ကလေရွာအကြား (ဇင်ချောင်းနှင့်ပို၍နီးသည်)တွင် အဝေးပြေးကားလမ်းအား ပင်လယ်ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ဖို့အတွက် ပုံမှာမြင်တွေ့ရသည့်အတိုင်းဆောက်လုပ်နေတယ်။

အပေါ်ကသာမန်ကြည့်ရင် အခိုင်အမာလို့ထင်ကောင်းထင်နိုင်တယ်။ သို့သော်လည်း ပုံမှာ (အဝိုင်းဖြင့်ပြထားသည်)မြင်တွေ့ရသည့်အတိုင်း ဆီဒရမ်းကို ဟောင်းလောင်းပေါက်ကြီးအထက်က အသာလေး အိမ်ခေါင်မိုးသလိုလုပ်ပစ်တယ်။ အဲဒီ အပေါ်က ကွန်ကရစ်ပြားဖြင့် အသာလေးဖုံးအုပ်ထားတယ်။ ဒါကြောင့် ရှေ့ကလုပ်သွားရင် နောက်က ပြိုပျက်လို့ကျန်ခဲ့တာကိုတွေ့ရတယ်။ ဘယ်သူတွေက တာဝန်ယူပြီးလုပ်ဆောင်နေတာလဲဆိုတာကိုတော့ မသိဘူး။
ဒီပုံတွေက ၂၀၁၃ ခုနှစ် ၁ လပိုင်းက ဆောက်လုပ်နေဆဲအချိန်တွင် ရိုက်ယူလာခြင်းဖြစ်တယ်။ အဲဒီတုန်းကလည်း တင်ပေးခဲ့ဖူးတယ်။ အခုတော့ အခြေအနေဘယ်လိုနေလဲမပြောတတ်ဘူး။
Credit@Ven Indobhasa

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။