ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၂၃ ။ ။

အီရတ်လေတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အိုင်အက်စ်အကြီးတန်းတပ်မှူး ရှစ်ဦးသေဆုံးခဲ့သည်ဟု အီရတ်နိုင်ငံပိုင်ရုပ်သံက စစ်တပ်၏ကြေညာချက်တစ်ခုကို ကိုးကား၍ ဒီဇင်ဘာ ၂၃က အစီရင်ခံခဲ့သည်။
ဟာဝီဂျာမြို့နှင့် အန်ဘာပြည်နယ်များတွင် အီရတ်လေတပ်က အက်ဖ်-၁၆ လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် အိုင်အက်စ်အကြီးတန်းတပ်မှူး ရှစ်ဦးအပါအ၀င် အကြမ်းဖက်သမားဒါဇင်များစွာ သေဆုံးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ မဖော်ပြခဲ့ပေ။
နိုင်ငံအနောက်ပိုင်း အန်ဘာပြည်နယ်၏ မြို့တော် ရာမာဒီကို မေလကတည်းက အိုင်အက်စ်တို့က သိမ်းပိုက်ထားရာ ယင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အီရတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၂က စတင်ထိုးစစ်ဆင်ခဲ့သည်။ ဟာဝီဂျာသည် မြို့တော်ဘဂ္ဂဒက်၏ မြောက်ဘက် ကီလိုမီတာ ၂၁၀ (မိုင် ၁၃၀) အကွာတွင် တည်ရှိသည့် မြို့ကြီးတစ်မြို့ဖြစ်သည်။
#Mizzima News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။