ကျောက်ဖြူတွင်ခွေးများကို သုတ်သင်နေသော်လည်း တစ်နေ့တည်း လူ ၁၁ဦးခွေးရူး ကိုက်ခံရ

ကျော်ဝင်း
ကျောက်ဖြူ၊ နိုဝင်ဘာ ၅



ကျောက်ဖြူမြို့တွင်ခွေးများကို အဆိပ်ချ သတ်ဖြတ်မှုများ ရှိသော်လည်း နိုဝင်ဘာလ ၄ ရက် တစ်နေ့ အတွင်း လူပေါင်း ၁၁ဦး ခွေးရူးကိုက်ခံရ၍ ဆေးရုံတွင် တင်ထားရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၇ နာရီ အတွင်း လူပေါင်း (၁၁)ဦး ခွေးရူးကိုက်ခံရ၍ ဆေးကုသနေရကြောင်း ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးသန်းလွင်က ပြောသည်။

“ ခွေးရူးကိုက်ခံရတဲ့ (၁၁)ယောက်မှာ (၉)ယောက် ဆေးရုံတက်ပြီးကုသတယ်။ ကျန်တဲ့(၂)ယောက်ကတော့ အပြင်ဆေခန်းမှာပဲ ကုသခဲ့တယ်။ ကာကွယ်ဆေးတော့ ထိုးထားပြီးပြီး။ ကုသဆေးကတော့ (၁၆)လုံးလိုတယ်။ ကျောက်ဖြူဆေးရုံမှာ (၈)လုံးပဲရှိတယ်။ နောက်ထပ်လိုတဲ့ (၈)လုံးကို ရန်ကုန်ကမှာထားတယ်။ ဒီနေ့ ရောက်ပါမယ်“ဟု သူက က ပြောသည်။

လူ(၁၁)ဦး ခွေးရူးကိုက်ခံရတဲ့အထဲမှာ ကျား(၇)ဦး မ(၄)ဦးတွင် ကလေး ကျား(၄)ဦး မ(၁)ဦး ဖြစ်ကြောင်း သိရသည်။

ခွေးရူးကိုက်ခံရသူတွေကို ဆေးရုံမှာ ကာကွယ်ဆေးထိုးထားပြီး ကိုက်သွားတဲ့ ခွေးရူးကို ရှာ၍မတွေ့သေးကြောင်း ခွေးကိုရှာပြီး သတ်ဖို့အတွက် စည်ပင်ကို အကြောင်းကြားထားကြောင်း ကိုသန်းလွှင်က ပြောဆိုသည်။

လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်း ကျောက်ဖြူမှ ဆေးကုသစရိတ်မတတ်နိုင်တဲ့ သူတွေရဲ့ စရိတ် တစ်ချို့ကို ကူညီပေးမည်ဖြစ်ပြီး ကျန်စရိတ်တစ်ချို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ တာဝန်ယူသွားမည်ဟု သိရသည်။

ကျောက်ဖြူတွင် သြဂုတ်လ၂၈ရက်နေ့ကလည်း ကျောင်းသား ကလေးငယ် ၄ဦး အပါအ၀င် စုစုပေါင်း လူ၁၁ယောက် ရွေးရူးကိုက်ခံခဲ့ရကြောင်း သိရသည်။

ကျောက်ဖြူတွင် သြဂုတ်လက လူတွေ ခွေးရူးကိုက်ခံရသောကြောင့် စည်ပင်က အဆိပ်ချ ခဲ့ရာ ခွေးပေါင်း (၂၀၀) ခန့် သေဆုံးခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

(ဓာတ်ပုံမှာ ယခုနှစ်သြဂုတ်လက ခွေးရူးများကို ကျောက်ဖြူတွင် အဆိပ်ချ ရှင်းလင်းခဲ့သည့် ပုံ ဖြစ်သည်။)

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။