ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် တရုတ် အောင်မြင်စွာထုတ်လုပ်



ရှန်ဟိုင်း၊ နိုဝင်ဘာ - ၂ ။         ။ ဂုဏ်သိက္ခာနှင့် ဈေးကွက်ဝေစုအတွက် နိုင်ငံခြားကုမ္ပဏီကြီးများကို စိန်ခေါ်နိုင်မည့် ကိုယ်ပိုင်လေကြောင်းကဏ္ဍကို ထူထောင်ဖွံ့ဖြိုးရန် ကြိုးစားနေသည့် အာရှဘီလူးကြီး တရုတ်က ပထမဆုံးခရီးသည်တင်လေယာဉ်ကို နိုဝင်ဘာလ ၂ရက်နေ့က တပ်ဆင် ထုတ်လုပ်နိုင်လိုက်ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ စီးပွားဖြစ်လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (COMAC)၏ လမ်းညွှန်မှုဖြင့် အလုပ်သမားများက အစိတ်အပိုင်းများကို တပ်ဆင်လျှက်ရှိသောကြောင့် ခရီးသည်ထိုင်ခုံ ၁၆၈ခုံပါ ကိုယ်ထည်ကျဉ်းဂျက်လေယာဉ် စီ-၉၁၉ကို စီးပွားရေးမြို့တော် ရှန်ဟိုင်းရှိ စက်ရုံစက်ရုံတွင် ထုတ်လုပ်နေခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံအတွက် ဤလေယာဉ်မှာ ဥရောပ Airbus ကြီးများနှင့် အမေရိကန်ပြည်ထောင်စု၏ ဘိုးရင်းများအပေါ် မှီခိုနေရမှုကို လျှော့ချပြီး ၄င်းတို့နှင့်ပင် ယှဉ်ပြိုင်လာနိုင်သည်အထိ အစိုးရက တွန်းအားပေးနေသည့် အနှစ်နှစ်အလလ အားထုတ်မှုကို ကိုယ်စားပြုနေသည်။

‘ပထမဆုံး စီ-၉၁၉လေယာဉ် ထွက်ရှိလာတာဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ်လေယာဉ် တီထွင်ထုတ်လုပ်မှုရဲ့ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တစ်ခုပါပဲ’ဟု COMACဥက္ကဌ ကျင် ကျောင်လောင်းက အစိုးရနှင့် စက်မှုကဏ္ဍအရာရှိများကို ပြောကြားခဲ့သည်။

ကုန်တင်ယာဉ်ငယ်တစ်စီးက ကိုယ်ထည်အဖြူရောင် အစိမ်းရောင်အမြီးနှင့် ၃၉မီတာရှည်လျားသည့် လေယာဉ်ကို တရုတ်အလံကြီးဖြင့် တန်ဆာဆင်ထားသည့် လှိုဏ်ခေါင်းအဆောက် အအုံကြီးထဲမှ နေရောင်ထဲသို့ ဆွဲထုတ်လာစဉ် စီမံကိန်းအလုပ်သမားများက ဘေးတစ်ဖက်တစ်ချက်မှ စီတန်းချီတက်လာကြသည်ဟု အေအက်ဖ်ပီဂျာနယ်လစ်က ပြောကြားခဲ့သည်။

သို့ရာတွင် ခရီးတာ ၅၅၅၅ကီလိုမီတာ (၃၄၄၄မိုင်)အထိ ပျံသန်းနိုင်မည့် စီ-၉၁၉မှာ ပထမဆုံးခရီးစဉ်ကို ၂၀၁၆ခုနှစ်တွင် သတ်မှတ်ထားသောကြောင့် မူလကစီစဉ်ထားသလို ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပျံသန်းနိုင်ဦးမည်မဟုတ်ဟု ဆိုသည်။

 http://mizzimaburmese.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။