ချင်းမိုင်၊ အောက်တိုဘာ ၃။ ။

အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားလ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ချို့က လက်မှတ်ထိုးရန်လက်ခံလိုက်ပြီးနောက် အခြားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် လက်ခံရန် အစိုးရဘက်မှ ဖိအားပေးလာသည့် အခြေအနေများ ရှိနေသည့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။
"ရွေးကောက်ပွဲနီးလာတော့ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အတင်းကို လက်ခံဖို့ တွန်းလာတယ်။ လက်မခံရင် တိုက်မယ်လို့ အကြပ်ကိုင်လာတဲ့ အနေအထားမျိုး ဖြစ်တယ်။ နိုင်ငံရေးအရ မဆွေးနွေးဘူး။ အဲတော့ ဒီလို မမှန်မကန်တဲ့ နည်းနဲ့ဘဲ ဖြေရှင်းလာတဲ့ အတွက်ကြောင့် ကျနော်တို့နိုင်ငံ မအေးချမ်းခဲ့ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက် နိုင်ခဲ့ဘူး”ဟု ပြောသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အချို့ နှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည်ဟု ကတိကဝတ် ပေးထားခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ချို့ လက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက်သိမ်းယူခဲ့သဖြင့် မှန်ကန်သည့် စေတနာဖြင့် ငြိမ်းချမ်းရေး တည်ဆောက်သည့် ပုံစံ မဟုတ်ခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
မြန်မာပြည်၏ နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် နိုင်ငံရေးကို အခြေခံ (သို့တည်းမဟုတ်) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာ အကြောင်းရင်းခံကြောင့် ဖြစ်ပြီး ထိုအခြေခံ ပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန်လည်း နိုင်ဟံသာက ဆိုသည်။
အလားတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးပွဲသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး မပါဝင်သဖြင့် ပြီးပြည့်စုံသည့် အနေအထားတွင် မရှိနိုင်ကြောင်းနှင့် တစ်ပိုင်းတစ်စ ဖြစ်နေမည် ဖြစ်ကြောင်းလည်း သူက ပြောဆိုသည်။
ငြိမ်းချမ်းရေး တည်ဆောက်ချင်ပါတယ်လို့ ပြောပြီးတော့ ထိုးစစ်တွေကို နေရာအနှံ့ လုပ်နေတာတွေ့နေတယ်။ တချို့ အချိန်မှာ ဆွေးနွေးဖို့ ပြင်ဆင်လာတာနဲ့ ထိုးစစ်တွေက တက်လာတယ်။ အဲဒီလို အနေအထားတွေ မြင်နေရတယ်။ ဒါတွေက ရိုးသား မှန်ကန်တဲ့ စေတနာမျိုးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်ဆိုတဲ့ဟန် မဟုတ်တော့ဘူး" ဟု ပြောသည်။
NCAကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ၁၇ လကြာ ဆွေးနွေးခဲ့သလို၊ သမ္မတ ဦးသိန်းစိန်နှင့်လည်း သွားရောက် ညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး မပါဝင်ဘဲ အဖွဲ့ ၇ ဖွဲ့သာ လက်မှတ်ထိုးရန် သဘောတူထားသည်။
http://mizzimaburmese.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။