
ရန်ကုန်၊ အောက်တိုဘာ ၁၀- NCA ကို လက်မှတ်ရေးထိုးရန်ဆုံးဖြတ်ခြင်း သည် စစ်ရေးတိုက်ပွဲဖြင့် ပြည်ထောင် စုငြိမ်းချမ်းရေး ကို ဖော်ဆောင် နိုင်မည် မဟုတ်သဖြင့် နိုင်ငံရေးဖြင့်ဖြေရှင်းရန် ပထမခြေလှမ်းစခြင်းသာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဥက္က ဋ္ဌ ပူးနန်လျန်ထန်က ဆိုသည်။
အောက်တိုဘာ ၁၀ ရက် တွင် ဒဂုံမြို့နယ် Summit Park View ဟို တယ်တွင်ပြုလုပ်သည့် ချင်းအမျိုးသား တပ်ဦး တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် လက် မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ ရန် ကုန်မြို့ရှိ ချင်းပြည်သူလူထုထံသို့ ရှင်း လင်းပွဲတွင် CNF ၏သဘောထားနှင့် ပတ်သက်၍ ဥက္ကဋ္ဌပူးနန်လျန်ထန် က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
''မိဘပြည်သူများက ဒီအခင်း အကျင်းမှာ ကျွန်တော်တို့တစ်တွေဟာ လက်နက်ချမှာမဟုတ်ဘဲ လက်နက် စွဲကိုင်ပြီးတော့ အဆင့် ခုနစ် ဆင့်ပြီး တဲ့အထိကို ကျွန်တော်တို့သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပျက်ပြားသွား တဲ့ ပစ်ခတ်မှုပြန်စတဲ့ အကြောင်းအရာ တွေရှိသလို ကျွန်တော်တို့လဲ ဘာဖြစ် မယ်ဆိုတာမသိပါဘူး။ ဒါပေမဲ့ စစ် ရေးတိုက်ပွဲနဲ့တော့ ကျွန်တော် တို့ပြည် ထောင်စုရဲ့အဖြေကို ငြိမ်းချမ်းအောင် လုပ်နိုင်မှာမဟုတ်သလို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ နိုင်ငံရေးတိုက် ပွဲကို ခြေလှမ်း စမှာဖြစ်ပါတယ်'' ဟု CNF ၏သဘော ထားနှင့်ပတ်သက်၍ ဥက္ကဋ္ဌပူးနန်လျန် ထန်က ပြောသည်။
လက်ရှိ သမ္မတဦးသိန်းစိန်အစိုး ရသော်လည်းကောင်း၊ နောက်တက် လာမည့် အစိုးရအဆက်ဆက်သော် လည်းကောင်း နိုင်ငံရေးဆွေးနွေး နိုင် ရန် ပထမခြေလှမ်းအဖြစ် ချင်းအမျိုး သားတပ်ဦးအနေဖြင့် ဆုံးဖြတ်ကာ ပါဝင်ရခြင်းဖြစ်ကြောင့် အဆိုပါခြေ လှမ်းကို မိဘပြည်သူများနှင့်တကွ နိုင် ငံတကာတွင်ရှိသည့် ချင်းပြည်သူလူ ထုတစ်ရပ်လုံးနှင့် မြန်မာနိုင်ငံအနှံ့ မှာရှိသည့် ချင်းအမျိုးသား များအား လုံး ချင်းလူမျိုးအရေးအတွက် ပူး ပေါင်းပါဝင်ကျရမှာဖြစ်ပြီး ပူးပေါင်း ပါဝင်ရန်ကိုလည်း ဖိတ်ခေါ်ကြောင်း ပူးနန်လျန်ထန်က တိုက်တွန်းပြော ဆိုခဲ့သည်။
ချင်းအမျိုးသားတပ်ဦးအနေ ဖြင့် NCA ကို လက်မှတ်ရေးထိုးရန် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၀ ရက် မှ ၂၃ ရက်အထိပြုလုပ်သည့် ချင်း အမျိုးသားတပ်ဦး၏ အရေးပေါ်ဗဟို ကော်မတီအစည်းဝေးဆုံးဖြတ်ချက် အတိုင်း NCA ကိုလက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
NCA စာချုပ် လက်မှတ်ရေး ထိုးခြင်းသည် အဆင့်ခုနစ်ဆင့်ရှိသော NCA ပါ နိုင်ငံရေးလမ်းပြမြေပုံ၏ပထမအဆင့် သာဖြစ်ကြောင်း၊ ယင်း ကြောင့် အပစ်အခတ်ရပ်စဲရေးမှတစ် ဆင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ များသို့တက်လှမ်းကာ ချင်း အမျိုးသားများလိုလားသည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ဒီမိုက ရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ချင်း ပြည်သူများနှင့်တကွ အတူလက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လည်း ချင်းအမျိုးသားတပ်ဦးမှ ဆို ထားသည်။
လက်ရှိတွင်လည်း လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA ) ကို ချင်းအ မျိုးသားတပ်ဦးအပါအဝင် တိုင်းရင်း သားလက်နက်ကိုင်ခုနစ်ဖွဲ့မှ လက် မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက် အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြု လုပ်ခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ ထိပ်သီးအစည်းအ ဝေးတွင်ထိုသို့ သဘောထားရှိထား ပြီးဖြစ်ကြောင်းလည်း သိရသည်။
____Democracytoday
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။