၁။ ဥက္ကဋ္ဌ - မန်းသိမ်းရွှေ။
၂။ ပါတီဝင်အရေအတွက် - ငါးထောင်ကျော်။
၃။ ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဧရာဝတီတိုင်းဒေသကြီး (ပန်းတနော်၊ ကျောင်းကုန်း၊ ၀ါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ)၊ရန်ကုန်တိုင်းဒေသကြီး (မှော်ဘီ၊ ထန်းတပင်)၊ ကရင်ပြည်နယ် (သံတောင်)၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၁ ဦးဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - တိုင်းရင်းသားများ တန်းတူအခွင့်အရေးများ ရရှိရေး၊ စစ်မှန်သည့် ဒီမိုကရက်တစ်ပြည်ထောင်စုပေါ်ပေါက်လာရေး၊ ကရင်တိုင်းရင်းသားအပါအ၀င် ပြည်သူများဘ၀ လုံခြုံမှုရရှိစေမည့် တရားဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ပြည်သူများ၏ လိုအပ်ချက်များ၊ ရပိုင်ခွင့်များတောင်းဆိုနိုင်ရေး။
၅။ ပါတီဆောင်ပုဒ် - အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းစေဖို့ ကရင်အမျိုးသားပါတီကို မဲပေးစို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - အကျင့်စာရိတ္တကောင်းမွန်ရေးကို ဦးစားပေးသည်။
ပညာအရည်အချင်း၊ အနည်းဆုံးအလယ်တန်းအဆင့်ရှိရမည်။ ကရင်တိုင်းရင်းသားများကိုသာ ရွေးချယ်ထားသည်။ ကိုယ်စားလှယ်လောင်းများကိုဗဟိုကရွေးချယ်ခြင်းမဟုတ်ဘဲ ဒေသခံမဲဆန္ဒနယ်များက ရွေးချယ်သည်။
၇။ ပါတီရန်ပုံငွေ - ပါတီဝင်များ၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်သည်။
ရွေးကောက်ပွဲအလွန်တွင် ပါတီရန်ပုံငွေအတွက် လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ထားသည်။
၈။ ပါတီနောက်ခံသမိုင်း - ၂၀၁၄ တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး အောက်တိုဘာ ၂၄ ရက်၌ မှတ်ပုံတင်ရရှိသည်။
ပါတီမှတ်ပုံတင်အမှတ်မှာ ၇၈ ဖြစ်သည်။
ပါတီအထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းနှင့်အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုစွမ်းဆောင်နိုင်မလဲ။
ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုလားတဲ့အ တွက် ၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ၀ိုင်းဝန်း ပြီး ကြိုးပမ်းသွားပါ့မယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်လာဖို့ အားလုံးဝိုင်းဝန်းပြီး ကြိုးပမ်း သွားရမယ်။ တိုင်းပြည်ရဲ့ အနာဂတ်က ငြိမ်းချမ်းရေးမရှိရင် ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်စေချင်တယ်။ အခုပဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေးပြီး အခုပြန်ပစ်နေတာ မဖြစ်သင့်ဘူး။ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့လိုအပ်တယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
နိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ် အကောင်အထည်ဖော်ဆောင် နိုင်ဖို့ တရားစီရင်ရေးက လိုအပ်တယ်။ နိုင်ငံခြားက ၀င်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြည်သူတွေ အကျိုးခံစားခွင့်ရရှိဖို့လိုတယ်။ လူတစ် စုကပဲ နိုင်ငံ့စီးပွားရေးကို စီမံခန့်ခွဲနေတာမျိုးမဖြစ်စေချင်ဘူး။ အဲဒီလိုဖြစ် နေရင် လူတစ်စုကပဲ ချမ်းသာနေမယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးဖို့ လိုအပ်တယ်။
ပြည်သူတွေက ကရင်အမျိုးသားပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
ကျွန်တော်တို့က အားလုံးမျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင် စု ဖြစ်ပေါ်လာအောင် ကြိုးပမ်းသွားမယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ် ပေါ်လာမှ နိုင်ငံရှေ့အနာဂတ် တိုးတက်လာမယ်။ နိုင်ငံတော်ကို ပြည်ထောင်စု မြန်မာနိုင်ငံမှ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ကြိုးပမ်း သွားမှာဖြစ်လို့ ပြည်သူတွေက မဲပေးသင့်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
တိုင်းပြည်ရဲ့အနာဂတ်က ပြည်တွင်းစစ်ရပ်စဲဖို့လိုတယ်။ တိုင်းရင်း သားအားလုံးနဲ့ အမျိုးသားစည်းလုံးရေး ပြန်လည်တည်ဆောက်ဖို့လိုတဲ့ အတွက် တိုင်းရင်းသားအားလုံးကို ဦးဆောင်နိုင်မယ့်သူကို ရွေးချယ်သွား မယ်။
ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက်-(၈၆) နှစ်
ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့။
လက်ရှိအလုပ်အကိုင်- ပါတီနိုင်ငံရေးကို ဦးစားပေးလုပ်ဆောင်နေ သည်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂတွင် ပါဝင်ခဲ့။ စစ်ကိုင်းရွာသစ်ကြီးဖွံ့ဖြိုးရေးသိပ္ပံတွင် လက် ထောက်ကထိက။ စစ်ကိုင်းတိုင်းပါတီယူနစ်အဖွဲ့ဝင်နှင့် ခရမ်းမြို့နယ် များတွင် ပါတီယူနစ်နှင့် တောင်သူလယ်သမားအဖွဲ့တွင် အတွင်းရေးမှူး။
စံပြပုဂ္ဂိုလ်- မရှိ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၆၃၆)၊ ခ၀ဲခြံ(၁)လမ်း၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။