ISကို တိုက်ခိုက်ရာမှာ လေတပ်သာမက ရေတပ်လည်းသုံးနိုင်ဟု ရုရှားပြော

1027334625

ရုရှားနိုင်ငံက  IS တို့အပေါ် လေကြောင်းတိုက်ခိုက်မှုသာမက လိုအပ်လျှင် ရေတပ်ကို အသုံးပြုကာ ဆီးရီးယား ကမ်းရိုးတန်းကို ပိတ်ဆို့ဖြန့်ချထားမည်ဟု ဒူးမားခေါ် ရုရှားလွှတ်တော် ကာကွယ်ရေး ကော်မတီအကြီးအကဲ ကပြောဆိုလိုက်ပါတယ်။

ပင်လယ်နက်အတွင်းမှာရှိတဲ့ ရုရှားရဲ့ ရေတပ်သင်္ဘောများကို အသုံးပြုကာ ဆီးရီးယား ကမ်းရိုးတန်းကို ကာကွယ်သွားမည် ဖြစ်သည့်အပြင် တင့်ကား၊ အမြောက်စသည့် လက်နက်များကိုလည်း ဖြန့်ချကာ တိုက်ခိုက်သွား နိုင်ကြောင်း ရုရှားလွှတ်တော် ကာကွယ်ရေး ကော်မတီ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဗလာဒီမာ ကိုမိုယဲလ်ဒေါ့ဗ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ရက်နေ့က သမ္မတပူတင်ရဲ့ ဆီးရီးယားနိုင်ငံတွင်းက အစ္စလာမ်မစ် နိုင်ငံ (IS) တို့အပေါ် လေကြောင်း တိုက်ခိုက်ခွင့် တောင်းဆိုမှုအပေါ် ရုရှားလွှတ်တော်က အတည်ပြုပြီးနောက်မှာတော့ လေကြောင်း တိုက်ခိုက်မှုတွေကို စတင်ခဲ့ပြီး ISတို့ရဲ့ ဌာနချုပ်နဲ့ လေ့ကျင်ရေး စခန်းတွေ၊ လက်နက်တိုက်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက ရုရှားဟာ ISကိုသာမက သမ္မတ အာဆတ်ရဲ့ အတိုက်အခံ တွေကိုပါ ဗုံးကြဲ တိုက်ခိုက်တယ်လို့ စွပ်စွဲနေပါတယ်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။