အမရပူရမြို့နယ်ရှိ စစ် ကိုင်း-မန္တလေးကားလမ်းဘေး တွင် အမျိုးသမီးတစ်ဦးကို သတ် ၍ အလောင်းလာရောက်စွန့်ပစ်ခဲ့ သူသည် သေဆုံးသူ၏ ခင်ပွန်းဖြစ် ပြီး ပြည်ပသို့ ထွက်ပြေးနိုင်ခြင်း မရှိစေရန် တိုင်းနှင့် ပြည်နယ် ရဲ တပ်ဖွဲ့များ ချိတ်ဆက်ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။
စစ်ကိုင်း-မန္တလေး ကား လမ်း တံတားဖြူအနီး လမ်းယာ ဘက် ရေအစပ်တွင် စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီခန့်က အမျိုးသမီးတစ်ဦး သေဆုံးနေမှု ကို တွေ့ရှိခဲ့ပြီး ညိုမည်းနေသည့် ဒဏ်ရာများနှင့် တံကောက်ကွေး၊ ချိုင်းတို့၌ ကြိုးတုပ်ဒဏ်ရာများ တွေ့ရှိခဲ့သည်။
သေဆုံးခဲ့သည့် အမျိုးသမီး သည် ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ခင်ပွန်းက လူမှု ရေးဖောက်ပြန်သည်ဟုဆိုကာ ကြိုးတုပ်၍ မေးမြန်းနေသည်ကို မျက်မြင်သက်သေတစ်ဦးက တွေ့ရှိခဲ့ကြောင်း၊ ယင်းအမျိုးသား ပြစ်မှုကျူးလွန်သည်ဟု ခိုင်လုံစွာ ထွက်ဆိုထားသည့် သက်သေနှစ် ဦးကိုလည်း စစ်ဆေးထား၍ ပြည်ပသို့ ထွက်ခွာမသွားနိုင်ရန် ၎င်း၏ ဓာတ်ပုံများကို ဖြန့်ဝေထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲ အရာရှိတစ်ဦးက ပြောသည်။
‘‘ကျူးလွန်သူက ပြေးနေ တယ်။ ပြည်ပကိုပေါ့။ အဓိကက တော့ တရုတ်ဘက်ကို ကူးမသွား အောင်လို့ တိုင်းနဲ့ ပြည်နယ်တွေ မှာ သတင်းဖြန့်ထားတယ်။ သ တင်းရတုန်းကလည်း လားရှိုး မှာလိုလို၊ မူဆယ်မှာလိုလိုနဲ့ သူ သွားနိုင်တဲ့နေရာတွေကိုလည်း စုံစမ်းနေတယ်။ တရုတ်ဘက်ကို ထွက်သွားရင်လည်း တရုတ်ရဲနဲ့ ချိတ်ဆက် ဆောင်ရွက်မှာဖြစ် ပါတယ်’’ဟု ၎င်းက ပြောသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။